Subscribe to our RSS Feed

အာဆီယံပန်းချီကွန်ယက်ထောင်ရန် အမျိုးသမီးပညာရှင်ချင်း တွေ့ဆုံ ယမင်း(မြစ်မခ)

From : မြစ်မခ

ကျားမတန်းတူအခွင့်အရေးရရှိရေးအတွက် အဖွဲ့အစည်းအသီးသီးမှ ကြိုးပမ်းကြရာ၌ အာဆီယံ အမျိုးသမီးအနုပညာရှင်များနှင့်မြန်မာ အမျိုးသမီးအနုပညာရှင်များလည်း ပူးပေါင်း ပါဝင်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
ပထမဦးဆုံးကတော့ လူစုလိုက်တဲ့သဘောပေါ့။ ပထမဆုံးခြေလှမ်းအနေနဲ့ စကြည့်တာ။ အမျိုးသမီး တွေ ကိုယ့်ကိုကိုယ် အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေတယ်ဆိုတာ သိအောင်၊ စဉ်းစားမိအောင် အနုပညာနဲ့ပတ်သက်လို့ လုပ်လို့ရမယ့်ဟာတွေကို အကုန်လုပ်သွားမယ်ဟု Nero Zero Art မှ မနိုရာက ပြောသည်။
အမျိုးသမီးများ၏ကိုယ့်ပိုင်အခွင့်အရေးအား သိရှိနားလည်စေရန်၊ လွတ်လပ်ခွင့်အား သိရှိနားလည် စေရန်၊ ကျားမအခွင့်အရေး မညီမျှမှု မတူညီမှုအား သတိထားမိသွားစေရန် အနုပညာလုပ်ငန်းများ ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြန်မာအမျိုးသမီး အနုပညာရှင်(Nero Zero Art) အဖွဲ့က ဆိုသည်။
အဆိုပါအဖွဲ့သည် အမျိုးသမီးများတွင်ဆုံးရှုံးနေသောအခွင့်အရေးများအား သိမြင်တတ်စေရန် ပြည့်တန်ဆာများတွင် ဆုံးရှုံးနေသော အခွင့်အရေးများနှင့်ပတ်သက်၍ ဦးတည်ချက်ထားကာ လုပ်ဆောင်သွားမည့် အဖွဲ့ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများတွင်ပါဝင်သော အင်ဒိုနီးရှားနိုင်ငံသည် ကျားမအခွင့်အရေး တန်းတူ ရရှိရေး ပြသနာအား လက်ခံနိုင်သည့် အကြောင်းအရာတစ်ခုဖြစ်လာပြီး တန်းတူအခွင့် အရေးရရှိရန် အတွက် ကြိုးပမ်းရာတွင် ဘာသာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အတားအဆီးများ စွာ ရှိနေသေးကြောင်း အင်ဒိုနီးရှားနိုင်ငံမှ Wulan Dirgantoro အဖွဲ့က ဆိုသည်။
ခုနောက်ပိုင်းဆို အမျိုးသမီးအနုပညာရှင်တွေ အုပ်စုလိုက်ထွက်ပေါ်လာနေပါပြီ။ ဒါဟာGenderရဲ့ စတင်တဲ့ ခြေလှမ်းပါ။ ကျားမအခွင့်ရေးရဖို့အတွက်ကို တော်တော်လေးလုပ်ယူရမှာဖြစ်ပါတယ် ဟု အင်ဒိုနီးရှားနိုင်ငံ၊ Wulan Dirgantoro အဖွဲ့မှ အမျိုးသမီးအနုပညာရှင် Gintani Nur Apresia Swastika ကပြောသည်။
Wulan Dirgantoro အဖွဲ့သည် အမျိုးသမီးများ၏ အိမ်တွင်းကြုံတွေ့နေရသောပြသနာများ၊ လိင်ပိုင်းဆိုင်ရာပြသနာများ၊ အင်ဒိုနီးရှားအနုပညာများနှင့်မီဒီယာများတွင် အကျီ မပါဝင်သည့် ၀စ်လစ်စလစ်ပုံများအား ဖော်ပြခြင်း ရှိ/မရှိတို့ကို လှုပ်ရှားလုပ်ဆောင်ပေးနေသည့် အမျိုးသမီး ကျမ်းမာရေးပညာပေးအဖွဲ့ဖြစ်သည်။
ကျားမတန်းတူမညီမျှမှုများနှင့်ပတ်သတ်၍ နိုင်ငံတကာမှ အနုပညာရှင်အမျိုးသမီးများနှင့်မြန်မာ အမျိုးသမီး အနုပညာရှင်တို့တွေ့ဆုံပွဲအား စက်တင်ဘာ(၂၆)ရက်နေ့က အလုံမြို့နယ်ရှိ Nero Zero Art တွင် ကျင်းပခဲ့ပြီး ကမ္ဘောဒီယား၊အင်ဒိုနီးရှား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်္ကာပူ၊ထိုင်း၊ဗီယက်နမ်တို့မှ အမျိုးသမီးပန်းချီပညာ ရှင်(၇)ဦးနှင့် မြန်မာနိုင်ငံမှအမျိုးသမီး ပန်းချီအနုပညာရှင်(၁၂)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
                            
မြန်မာအနုပညာရှင်များမှာ ပန်းချီပညာရှင်များဖြစ်သည့် မေကို၊ အမ်မလီဖြိုး၊၀င်းဝင်းပဲခူး၊ သီသီဇင်၊ စန္ဓြာဝင်းထွဋ်၊ ရတနာဝင်း၊ ခေးလု၊ သဒ္ဒါညို၊ မယ်လို၊သွိုင်တာ၊ ဇွန်ပွင့်သူနှင့် ပွဲစီစဉ်သူ နိုရာတို့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အဆိုပါပြပွဲတွင် အမျိုးသမီးဝတ်လစ်စလစ် ပါမောမင့်ပုံများကိုလည်း ထည့်သွင်းပြသခဲ့ကြောင်း ကိုလည်း သိရသည်။
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်