Subscribe to our RSS Feed

အင်္ဂလန်တွင် ဆယ်ကျော်သက်များ အလုပ် လက်မဲ့ မြင့်မားနေ သော်လည်း မြန်မာနိုင်ငံက အလုပ်လက်မဲ့များကဲ့သို့ ကိုယ်အသုံးမကျတာကို အစိုးရအပေါ် လွှဲချခြင်းမရှိ

From :မြဝတီ

အင်္ဂလန်တွင် ဆယ်ကျော်သက်များ အလုပ် လက်မဲ့ မြင့်မားနေ သော်လည်း မြန်မာနိုင်ငံက အလုပ်လက်မဲ့များကဲ့သို့ ကိုယ်အသုံးမကျတာကို အစိုးရအပေါ် လွှဲချခြင်းမရှိကြောင်း သတင်းရရှိသည်။

အင်္ဂလန် နိုင်ငံတွင် လေ့လာမှု စစ်တမ်းအရ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်အတွင်း ကျောင်းနေရခြင်း မရှိသည့် အလုပ် လက်မဲ့  ဆယ်ကျော်သက် ကလေး အရေအတွက်မှာ တိုးမြင့် လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
နောက်ဆုံး ထုတ်ပြန်သည့် တရားဝင် စာရင်းများအရ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားရှိ လူငယ် ၁၉၁ဝဝဝ သည် ပညာသင်ကြားရခြင်း မရှိဘဲ အလုပ်လက်မဲ့ ဖြစ်နေသည်ကို တွေ့ရှိရသည်။ အဆိုပါ အရေအတွက်မှာ ၂ဝ၁၂ ခုနှစ်  ဧပြီ၊  မေနှင့် ဇွန် သုံးလတာကာလ အတွင်းရှိ အလုပ်လက်မဲ့ ကလေး အရေအတွက် ဖြစ်သည်။   ၂ဝ၁၁ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်သုံးလတာ ကျောင်းမနေရသည့် အလုပ်လက်မဲ့ ကလေး အရေအတွက်မှာ ၁၈၆ဝဝဝ ဦးရေရှိသည်။
လေ့လာ တွေ့ရှိချက် များအရ အသက် ၁၆ နှစ်မှ ၂၄ နှစ် အကြားရှိ လူငယ် ၉၆၈ဝဝဝ ဦးခန့်မှာ ယခုနှစ် ဧပြီ၊ မေနှင့်ဇွန် သုံးလ အတွင်း ပညာ သင်ကြားရခြင်း မရှိသည့် အလုပ်လက်မဲ့ လူငယ်များ ဖြစ်နေကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင်လည်း အလုပ်လက်မဲ့အများ ရှိပြီး ၎င်းတို့အနေဖြင့် ကိုယ်တိုင်အသုံးမကျလို့ အလုပ်မရတာကို အစိုးရကြောင့် အလုပ်မရတာဆိုပြီး အပြစ်တင်ဝေဖန်လေ့ရှိကြကြောင်း သိရပါတယ်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်