Subscribe to our RSS Feed

ISIS အဖွဲ့ဆိုတာဘာလဲ

From : .. dr tint swe


• ကနေ့ ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ ထိပ်တန်းကနေပါနေတဲ့ ISIS ဆိုတာ Islamic State of Iraq and Syria ဖြစ်တယ်။ အစ္စလားမစ် ဂျီဟာဒီအဖွဲ့ဖြစ်တယ်။ အဖွဲ့နာမည်တွေ အမျိုးမျိုးပြောင်းလာတယ်။ တကမ္ဘာလုံးက မွတ်ဆလင်အားလုံးရဲ့ခေါင်းဆောင်လို့ ကိုယ့်ဖါသာကြေညာထားတယ်။
• Abu Bakr al-Baghdadi က ၂၉-၆-၂ဝ၁၄ ကတည်းက ခေါင်းဆောင်ဖြစ်တယ်။ သူ့နယ်မြေတွေဟာ ဂျော်ဒန်၊ အစ္စရေး၊ ပါလစ္စတိုင်း၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်၊ တူရကီတောင်ပိုင်းတွေလို့ ဆိုထားတယ်။
• ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ သြစတေးလျ၊ ကနေဒါအပြင် မွတ်ဆလင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကတော့ ISIS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်။
• ဆူနီးမွတ်ဆလင်အဖွဲ့ဖြစ်တယ်။ အီရတ်က Al-Qaeda အယ်လ်ကိုင်ဒါ (၂ဝဝ၃-၂ဝဝ၆)၊ Mujahideen Shura Council မူဂျာဟီဒင် ရှူရာ ကောင်စီ (၂ဝဝ၆)၊ Islamic State of Iraq (ISI) (၂ဝဝ၆-၂ဝ၁၃) တွေပြင် Jeish al-Taiifa al-Mansoura, Jaysh al-Fatiheen, Jund al-Sahaba and Katbiyan Ansar Al-Tawhid wal Sunnah တွေလဲ ပါနေကြတယ်။
• ဆီးရီးယားပြည်တွင်းစစ်မှာဝင်ပါရာကနေ အင်အားကြီးလာမယ်။ အီရတ်စစ်ပွဲမှာလဲ အီရတ်အစိုးရကနေ ကူညီခဲ့တယ်။
• တနေ့ကဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟယ်လရီကလင်တန်က သမ္မတအိုဘားမားရဲ့ ဆီးရီးယား ပေါ်လစီဟာ ကျဆုံးမှုဖြစ်တယ်လို့ ဝေဖန်လိုက်တယ်။ အားဆဒ်အစိုးရကို ခုခံတိုက်မဲ့ အတိုက်အခံတွေကို စစ်ရေးအရ ထိထိရောက်ရောက် မကူညီခဲ့လို့ ISIS လဲ ကြီးထွားလာတာလို့ ဆိုလိုက်တာ ဖြစ်တယ်။
• ကုလသတင်းအရ ISIS ကနေ အခုနှစ်ဇွန်လ ၅ ရက်ကနေ ၂၂ ရက်အတွင်း အီရတ်အရပ်သား ၁ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့သိရတယ်။ အမျိုးသမီးတွေကို မတရားရက်ရက်စက်စက်ပြုကျင့်တယ်။
• ၂ဝ၁၄ သြဂုတ်လအဖြစ်အပျက်များ
• ၁-၈-၂ဝ၁၄ မွတ်ဆလင်နိုင်ငံ အင်ဒိုနီးရှားကနေ အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ာခံရတယ်။
• ၂-၈-၂ဝ၁၄ အီရတ်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်တယ်။ Patriotic Union of Kurdistan (PUK) တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။
• ၃-၈-၂ဝ၁၄ ကာဒစ်အဖွဲ့တွေဆီကနေ Zumar ဇူးမားရေနံတွင်းကို သိမ်းယူနိုင်ခဲ့တယ်။
• ၅-၈-၂ဝ၁၄ အီရတ်မြောက်ပိုင်းက Yazidis ယာဗီဒီ အရပ်သား ၅ သောင်း ထွက်ပြေးကြရတယ်။ အများစုဟာခရစ်ယန်တွေဖြစ်ပြီး အစ္စလမ်ဘာသာထဲ အတင်းသွင်းခံရာမှာကြောက်လို့ ပြေးကြရတာဖြစ်တယ်။
• ၆-၈-၂ဝ၁၄ Yazidis ယာဗီဒီ အမျိုးသမီး ၄ဝဝ ကိုပြန်ပေးဆွဲတယ်။ လိင်ကျွန် အလုပ်ခိုင်းဘို့ဖြစ်တယ်။
• ၇-၈-၂ဝ၁၄ ခရစ်ယန်တွေနေတဲ့ Qaraqosh ကာရာကွက်ရှ် ကိုသိမ်းတယ်။ လူအများစုက ထွက်ပြေးကြရတယ်။ အိုဘားမားကနေ လေကြောင်းကတိုက်ဘို့ အမိန့်ပေးလိုက်တယ်။
• ၈-၈-၂ဝ၁၄ အမေရိကန်အစိုးရကနေ ISIS ဟာ Yazidis ယာဗီဒီ လူမျိုးပြုန်း သတ်နေတယ်လို့ကြေညာလိုက်တယ်။ ယူကေနိုင်ငံကပါ အမေရိကန်ဘက်ကနေ ဝင်တိုက်လာတယ်။
• ၁ဝ-၈-၂ဝ၁၄ ပြင်သစ်ကနေ ကဒ်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးမယ်လို့ကြေညာတယ်။ ISIS ကနေ အီရတ် အမျိုးသမီးနဲ့ ကလေးတွေကို အစုလိုက်အပြုံလိုက် ၅ဝဝ ကိုသတ်တယ်။
• ၁၁-၈-၂ဝ၁၄ Arab League အာရတ်လိခ် ကနေ ISIS ကို လူသားမဆန်ဘူးလို့ပြောဆိုလိုက်တယ်။
• ၁၂-၈-၂ဝ၁၄ ယူအက်စ် နဲ့ ယူကေနိုင်ငံတွေကနေ လူသားခြင်းစာနာမှု အကူအညီတွေ လေကြောင်းကနေ ချပေးနေရတယ်။ ကလေး၊ လူကြီး၊ လူအို၊ ယောက်ျား၊ မိန်းမတွေ နေစရာ၊ စားစရာမရှိ ထွက်ပြေးနေကြရတယ်။


.. www.MyanmarExpress.net
 

2 comments:

ဇမရှိတဲ့ ခွာ​သေးသေး​ကောင်​​တွေ သတ္တိရှိရင်​စစ်​သားချင်း
ပဲတိုက်​ပါလား ဘာကိစ္စမိန်းမ​တွေ က​လေး​တွေကိုသတ်
နေရတာလဲ ကိုယ်​ကြိုက်​တာကိုယ်​ယုံတာအပြစ်​မ​ပြောချင်​ပါဘူး မိန်းမလိုမိန်းမရ မြင်​မြင်သမျှယုတ်​မာပက်
စက်​​နေတာ ဘယ်​လိုဘာသာလဲ ဘယ်​လိုယုံကြည်​မှုလဲ
ဘယ်​လိုငြိမ်းချမ်းမှုလဲ ဘယ်​လိုတရားမျှတမှုလဲ အဲဒီ​ခွေမသား​တွေမှာ မိဘတို့ ညီကို​မောင်​နှမတို့ ​မရှိကြဘူးလား ​မေတ္တာတရားတို့ သစ္စာတရားတို့ ရိုးသား
မှုတို့ဆိုတာ​တွေကြ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်