Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်းကြီး ကိုယ်စား ဝိဇ္ဇာ များနှင့် အမေးစကား

From : .. popular


ကိစ္စများမြောင် ဤလူ့ဘောင်မှာ အကျပ်အတည်းမျိုးစုံ မသေချာ မသေရာမှုမျိုးစုံနဲ့အတူ နေထိုင်ကြရလို့ ထွက်ပေါက်တစ်ခုအနေနဲ့ ဒါမှမဟုတ်လည်း အပျော်သဘောနဲ့ ယုံကြည်သူတွေကရော၊ မယုံကြည်သူကရော ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ဗေဒင်ဆရာဖြစ်ဖြစ်၊ အကြားအမြင်ဖြစ်ဖြစ်၊ ကြွေဗေဒင်ဖြစ်ဖြစ်၊ စာကလေးဗေဒင်ဖြစ်ဖြစ် တစ်ခုခု မေးမြန်းဖူးကြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ယခင်ကတော့ ပျဉ်းမနားဦးသန်းမောင်၊ လျှပ်စစ်ဦးအုန်းသွင်၊ ဆရာစန္ဒြတို့လို သူရိယ သိဒ္ဓန္တ၊ ဗြဟ္မာ့သိဒ္ဓန္တ စတဲ့ ဟိန္ဒူကျ မ်းတွေ၊ မြန်မာ့သံဒိဋ္ဌ မကာရန္တကျမ်းတွေကို အခြေခံပြီး ဂြိုဟ်သွားဂြိုဟ်လာကို ပိုင်ပိုင်နိုင်နိုင် တွက်ချက်နိုင်ကြသလို လက္ခဏာကိုလည်း စနစ်တကျ ဖတ်ရှုနိုင်ကြတဲ့ ဆရာများ ရှိခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ တော်တော်ရှားကုန်ပါပြီ။ ဒီနေ့မြန်မာနိုင်ငံမှာ တတ်သိပညာမနေသာဆိုသလို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဟောပြောနေတဲ့ ဗေဒင် ဆရာ၊ အကြားအမြင်ဆရာ၊ နတ်ကတော်တွေရဲ့ အခန်းကဏ္ဍကလည်း စိတ်ဝင်စား စရာကောင်းပါတယ်။  သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် အခြားသူတွေလိုပဲ အခက်အခဲ မျိုးစုံ၊အကျပ်အတည်းမျိုးစုံနဲ့ ဘဝအဖုံဖုံထဲက သူတို့ရဲ့ ပြောသံတွေနဲ့ ဒီနေ့ လူတိုင်းစိတ်ဝင်စားနေကြတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်လို့ ရ မရ သူတို့အမြင်ကတော့ ….

ဆရာ နန္ဒအောင်ရှိန်
(တဲရော့၊ ဗေဒ၊ လက္ခဏာ)   

ကျွန်တော့်နာမည် နန္ဒအောင်ရှိန် ပါ။
ကျွန်တော် ဒီလောကထဲ စဝင်ဖြစ် တာက ၂ဝဝ၇ က စတင်ခဲ့တယ်လို့ ဆို ရမှာပါ။ ကျွန်တော် ဗေဒင်ဆရာမဖြစ်ခင် က ကျွန်တော့်အမေက အဘမင်းသိင်္ခ ခြံ မှော်ဘီ မရမ်းတလင်းမှာ တနင်္ဂနွေ အပတ်တိုင်း အဘမေတ္တာနဲ့ ပြုလုပ်ပေး တဲ့ ခင်ပွန်းကြီး ၁ဝ ပါး ယတြာတောင်း ပန် ကန်တော့ပွဲကို သွားလေ့ရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ကျောင်းပြီးခါစ။ ဂစ်တာတစ်လက်နဲ့ ယောင်ဝါးဝါး တောမရောက် တောင် မရောက်ဖြစ်နေတဲ့အချိန်။ အဲဒီမှာ အမေက ခင်ပွန်းကြီး ၁ဝ ပါး အဘခြံ မှာ သွားကန်တော့ဖို့ တိုက်တွန်းတယ်။  အဲဒီတုန်းက ခင်ပွန်းကြီး ၁ဝ ပါးဆိုတာ တောင် ဘာမှန်းမသိဘူး။ ခင်ပွန်းဆိုတာ လင်၊ ၁ဝ ပါးဆိုတော့ လင် ၁ဝ ယောက် လို့ ထင်ခဲ့တာ။ အဘခြံရောက်မှ မပြစ် မှားထိုက်တဲ့ ပုဂ္ဂိုလ် ၁ဝ ပါးမှန်း သိ တော့တယ်။ ပြန်တွေးကြည့်ရင် ရယ် စရာပဲ။ ဒါနဲ့ မကြာမကြာ ခြံထဲရောက် ဖြစ်သွား တော့တာပဲ။ တစ်ရက် ကျတော့ ကျွန်တော့်ညီတစ်ဝမ်းကွဲကလစဉ် အဘ ဖွင့်ပေးတဲ့ အခမဲ့ဗေဒင်သင်တန်းတက်ဖို့ အဖော်လာညှိတယ်။ ဒါနဲ့ပဲ ဗေဒင်သင် တန်း တက်ဖြစ်သွားတယ်။

သင်တန်းပြီး တော့ ဗေဒင်စဟောကြည့်တယ်။ ကိုယ့် ကိုယ်ကိုယ်လည်း တွက်ကြည့်တော့ ဗေ ဒင်နဲ့လည်း အကျိုးပေးတယ်။ ဒါနဲ့ပဲ ဗေဒင်လောကသား တစ်ယောက် ဖြစ် သွားတော့တာပါပဲ။  အဘ မင်းသိင်္ခကတော့ ပညာရပ် တွေအားလုံးကို မြ>ွခင်းမချန် သင်ပေး လိုက်တာပဲ။ ကျွန်တော့်အတွက် အဆင် ပြေဆုံး အသုံးဖြစ်ဆုံးကတော့ တဲရော့ ရယ်၊ နူမရော်လော်ဂျီရယ်၊ သုံးတန်ပေါ် နိစ်ကတော့ လတ်တလော အများဆုံး အသုံးပြုဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။

 ထူးခြားမှုကို ပြောရရင် တချို့ မဖြစ်နိုင်တဲ့ ကိစ္စတွေ ဟောတာမှန်တာ တို့၊ လင်မယားရန်ဖြစ်ပြီး ကွဲမလို ဖြစ် နေတာတွေ ယတြာနဲ့ ပြန်အဆင်ပြေ သွားတာတို့ စသည်ဖြ င့်ပေါ့။ ဘယ်လို မှန်သွားတယ်လို့ ဘယ်လို ယတြာ ချေလိုက်တာ ဘယ်လိုကောင်းသွားတယ်လို့ ပြောနေရရင် ကိုယ်ရည်သွေး ပြီး ပြောသလို ဖြစ်သွားပါလိမ့်မယ်။

 အဲဒီလို ပြောပြရနေတာထက် စာ ရင် ကျွန်တော့်ဗေဒင် ဟောခန်းကို အမြဲ လာနေကျလူတွေကို မေးကြည့်လိုက်တာ ပိုကောင်းပါတယ်။

    အခု ကျိုက်ထီးဆောင်း ဆရာ တော်ဘုရားကြီး တာဝန်ယူပြီး ဓမ္မစေ တီခေါင်းလောင်းကြီးကို ဆယ်ယူမယ်လို့ သတင်းကြားထားပြီးသားပါ။ အားလုံး လည်း ကြားပြီး သား ဖြစ်မှာပါ။ ဆရာ တော်ဘုရားကြီးက ရှေ့မှာလည်း သာ သနာပြုတဲ့အခါ အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ပုဂ္ဂိုလ်ကြီးလေ။ ဆယ် ယူလို့ရရှိရင်လည်း တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ အားလုံးလည်း သိပါ တယ်။ ငယ်ကတည်းကဓမ္မစေတီခေါင်း လောင်းကြီးဆိုတာကိုကြားဖူးသလောက် အပြင်မှာ အလုံးအထည်နဲ့ မြင်ဖူးချင် ကြတယ်။ ကျွန်တော်လည်း မြင်ဖူးချင် တယ်လို့ ပြောရမှာပဲ။ ပြီးတော့ ဒီိကိစ္စကို အားလုံးက ဇွဲနဲ့ကြိုးစားနေ ကြတာပဲ လေ။ ဒါ့ကြောင့် ဓမ္မစေတီခေါင်းလောင်း ကြီးဆယ်ယူမှုမှာ အောင်   မြင်မှုရှိနိုင် မရှိ နိုင်ပြောရမှာထက်စာရင် အမြန်ဆုံး အောင်မြင်ပါစေလို့ ဆုတောင်းနေပါ တယ်လို့ ပြောရပါလိမ့်မယ်။

ဆရာ ဇင်ယော်နီ

ကျွန်တော် တောင်တွင်းကြီး ဇာတိ ပါ။ စာရေးဆရာ၊ ကဗျာဆရာ၊ ကာ တွန်းဆရာ ဖြစ်ချင်တယ်၊ ဖြစ်အောင် လုပ်မယ်ဆိုပြီး  မိုက်မိုက်ကန်းကန်း ရန်ကုန်ကို ဆင်းလာ တယ်ပေါ့။ လာဘ် မိုးစွေ ဦးသန့်ချိတ်ပေးလို့ သုဝဏ္ဏက အဘဆီ ရောက်ခဲ့ပါတယ်။ အဘဆီ ရောက်တော့ စာပေအတွက်လည်း ဗဟု သုတရ၊ ဗေဒင်နဲ့လည်း နီးစပ်ပြီး ၁၉၉၄ မှာ ရည်ရွယ်ချက် မရှိဘဲနဲ့ ဒီဗေဒင်ဆရာ ဘဝကိုရောက်ခဲ့တော့တာပါပဲ။ ကျွန် တော် အဓိက အသုံးပြု ဟောပြောပေး တာကတော့ သက်ရောက်သုံးတန်ပေါ် နိစ်နဲ့ တဲရော့ကိုသုံးပြီး ဟောပေးပါ တယ်။ ဟောလာတဲ့ သက်တမ်းတစ် လျှောက်မှာ ထူးခြားတာ ပြောရရင်တော့ နည်းတယ်လို့ ဆိုရမယ်။ မှတ်မှတ်ရရ ပြောရရင်တော့ ဒီနှစ်ထဲ မှာ ငွေစက္ကူ အသစ် ထွက်မယ်။ အပြာရောင်များ မယ်။ ဝိဇ္ဇာလောက၊ ဝိညာဉ်လောက တစ်ခုခုရဲ့ တိုက်တွန်းမှုကြောင့် ပေါ်မှာ ဒါကြောင့်နဂါးရုပ်တို့ ဘာတို့ပါမယ်ဆိုပြီး ၂ဝဝ၁ ခုနှစ်မှာ နိမိတ်ဖတ်ဟောဖြစ်ခဲ့ တယ်။ မကြာပါဘူး။ ခြောက်လအတွင်း ၁ဝဝဝဝ တန်ထွက်ခဲ့တယ်။ ဒါဟာ တိုက်တိုက်ဆိုင်ဆိုင် မှတ်မှတ်ရရ လူသိ ရှင်ကြား ကြုံဖူး တာပါပဲ။

ယတြာဆိုတာ စွမ်းပြီးသား။ ပေး တဲ့ဆရာရဲ့ အားလည်း ပါပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ကိုယ်တိုင်ပဲ။ ယတြာချေစွမ်းတယ်ဆိုပြီး ကိုယ်တိုင် မလုပ်ရင်တော့ ဘာ မှဖြစ်မှာမဟုတ်ဘူး။ ကိုယ်တိုင်က အဓိက ကျတယ်လို့ ပြော ရမယ်။ ကျောင်းလည်းမတက်၊စာလည်း မကျက်ရင်တော့ အဲဒီကလေးကို ဘာယ တြာမှ ချေပေးလို့ မရတာေ ကြာင့် ယတြာဆိုတာ ပံ့ပိုးမှုတစ်ခုပါ။ ဒဲ့မဟုတ် ပါ။

ဘာကိုမှ တာဝန်မယူ၊ ဘာကိုမှ အာမ မခံပါ။ လောကကြီးမှာ သူ့ကံနဲ့ သူ ရှိပြီးသား၊ နတ်တွေ၊ ဝိဇ္ဇာတွေ မပြောနဲ့ မြတ်စွာဘုရားတောင် ပြင်လို့ မရပါ။ ဒီယတြာလုပ်ပါ၊ ဒါရှောင်ပါဆို ပြီး ဗေဒင်ဆရာက ပြောတယ်။ ဒါကို လိုက်နာပြီး ကြိုးစားအားထုတ်ရင်တော့ သူကောင်းသွားမယ် အာမခံသလား ဆို ရင်တော့ အာမခံလုပ်ငန်းတွေတောင် တကယ် အာမခံသလား ဆိုတာ ပြန်မေး ရပါလိမ့်မယ်။

ဒါကြောင့်ကိုယ်တိုင်တော့ အာမခံ သလားဆိုရင် မခံပါဘူး။ ဒါပေမဲ့ စိတ် ဓာတ်အင်အား၊ ပညာအင်အား၊ စေတ နာအင်အားအပြည့်နဲ့တော့ အလုပ်လုပ် နေပါတယ်။

 အပိုင်ပြောဆိုရင်တော့ အဲဒီခေါင်း လောင်းကြီး သေချာပေါက်ကုန်းပေါ်ကို ပြန်ရောက်လာမှာပါ။ ဒီနေ့ မရောက် ရင် မနက်ဖြန်၊ မနက်ဖြန် မရောက်ရင် သန်ဘက်ခါ၊ သန်ဘက်ခါမရောက်ရင် နောင်နှစ်မှရောက်ရင်ရောက်မယ်။ ဘာ လို့လဲဆိုတော့မရောက်ရောက်အောင် ဆယ်မယ့်လူတွေ ပေါ်လာဦးမှာမို့လို့ပဲ။

ဆရာမ ဒေါ်သန်းသန်း
(အကြားအမြင်)

လွန်ခဲ့တဲ့ ၁၁ နှစ်လောက် ကနေ စပြီး ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာပါ။ အဓိ ဋ္ဌာန်တွေ ဝင်ချင်လာတယ်။ ဝင်လည်း ဝင်ဖြစ်ခဲ့တယ်။ လူတစ်ယောက်ကို ကြည့်ရင် သူဘာဖြ စ်တော့မယ် ဆိုပြီး ပြောနိုင်လာတယ်။ အစကဆိုရင် လူတွေက ကိုယ့်ကို ရူးနေတယ်လို့ တောင် အထင်ခံခဲ့ရတာပါ။ အကြား အမြင်ဆိုတာ ပုဂ္ဂိုလ်တွေက ကိုယ့်ကို ဘေးနား ကပ်ပြီး တတွတ်တွတ် လာ ပြောနေတာကို ကြားရတာ၊ မြင်ရတာကို ခေါ်တာမဟုတ်ပါဘူး။ ဒီလူကို ကြည့်ပြီး မနောကအလိုလိုသိလာတာကို ဟော တာကို ခေါ်တာပါ။ အဘနဲ့လည်း အမြဲ တမ်းအဆက်အသွယ် ရှိနေတာ မဟုတ် ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သမာဓိမြင့် အောင် အဓိဋ္ဌာန်တွေဝင်ပြီး မြှင့်လိုက်မှ အဘနဲ့ အဆက်အသွယ်လုပ်လို့ ရတာ ပါ။

အဲဒီအတွက် ကြီးကိုးကြီးတို့၊ ရွှေ ဘုန်းပွင့်တို့ ဗိုလ်တထောင်တို့မှာ အဓိ ဋ္ဌာန်တွေ နှစ်နှစ်၊ သုံးနှစ်ဝင်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း လူတွေကို ကြည့်ရင် နင့်အိမ်မှာ ဘာဖြစ် မယ်။ နင့်အမျိုးထဲ မှာ ဘယ်သူဘာဖြစ်မယ် ဆိုတာတွေ ပြောနိုင်လာပါတယ်။

ဒီလောက က အရမ်းဆန်းကြယ် တယ်။ နားလည်အောင် ဘယ်လို ရှင်း ပြရမလဲ။ ဆရာမကို လာမေးတဲ့သူတွေ ကို ကြည့်ပြီး အဲဒီလူရဲ့ဘဝမှာ ဘာတွေ ဖြစ်ခဲ့တယ်။ အခုအချိန်အထိ ဘယ်လို ဖြတ်သန်းခဲ့တယ်။ မိဘတွေကို ဘယ် လို လုပ်ကျွေးခဲ့တာ။မိဘတွေက ကိုယ့်ကြောင့် ဘယ်လို စိတ်ဆင်းရဲ ခဲ့တာ။ အိမ်ထောင်ပြုလို့ ရမရ ဆိုတာ   တွေပေါ့။

အဘ ဘိုးမင်းခေါင်က ဆရာမကို အိပ် မက်ပေးပြီး ဒီအလုပ်လုပ်လို့ ပြောထား တာပါ။

ဗေဒင်၊ ဓာတ်ရိုက် ဓာတ်ဆင်တို့ လိုအကွက်ချဟောပြောပြီးဘာအဆောင် ဆောင်၊ ဘာယတြာချေဆို တာတွေ တော့ မရှိပါဘူး။ လူတွေက သူတို့ရဲ့ ဘဝဟောင်းမှာ ကတိတွေပေးခဲ့ကြတာ ရှိတယ်။ သစ္စာတွေ ပြုခဲ့ကြတာရှိတယ်။ အဲဒီသစ္စာတွေ၊ ကတိတွေကိုလူ့ဘဝ ရောက်တော့ မေ့သွားရော။ အဲဒီမှာ ဘဝဟောင်းကလူတွေက ကိုယ့်ကိုပြန် ခေါ်ချင်ရော။ အဲဒါကို ဒီ ဘဝလူဖြစ်နေ တဲ့သူက မသွားချင်ဘူး။ အဲဒီအခါမှာ ဆရာမက နှစ်ဦး နှစ်ဖက်ကြားကနေပြီး တောင်းပန် တာတို့ ဘာတို့တွေ လုပ်ပေး ရတာ ပေါ့နော်။ အဲဒီသိုက်တွေက ဘယ်လို သစ္စာ၊ ကတိတွေ ရှိပါစေ။ အဘကနေပြီး အပေါ်ကနေ အမိန့် ပေးလိုက်ရင် အားလုံးအဆင်ပြေအောင် လုပ်လို့ ရတယ်။ ဆရာမက အဘ ကိုယ်စားလုပ်ပေးတဲ့ သဘောပေါ့။

အထူးသဖြင့် ယတြာလိုမျိုးဆို ပွဲ ထိုးခိုင်းတယ်။ ဘယ်ဘုရားသွားပြီး ဘယ်ပွဲလှူပါဆိုတာမျိုးပေါ့။ အရမ်းကြီး မကောင်းတော့တဲ့ သူမှသာ ဆရာမအိမ်  မှာခေါ်ပြီး မယ်ေ တ်ာကြီးတွေ၊ သိုက်နန်း ရှင်တွေနဲ့ ချုပ်ပြီး အသက်ပြန်ဆက်တာ တို့ ဘာတို့ လုပ်တာပေါ့။

ထူးခြားတာတွေတော့ ခဏခဏ ကြုံရပါတယ်။ ကိုယ်ကယ်ပေးလိုက်လို့ အသက်ပြန်ဆက်သွားတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။

တစ်ခုမှတော့ အာမခံတာမျိုး မရှိပါဘူး။ လူတွေမှာ သူ့ကံနဲ့သူ ရှိပြီး သားပါ။ ဘယ်လိုလူမျိုးကိုမှလည်း အာမ မခံပေးပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်အရာမှ လုပ်ယူလို့ မရပါဘူး။ သူ တို့ကံအတိုင်းပါပဲ။ တစ်ခုတော့ရှိတယ်။ ကိုယ့်ကို လာမေးတဲ့သူတွေကို ဘာ ဖြစ်မယ်။ သတိထား အဲဒီလောက်ပဲ ပြော ပေးနိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဟာ ငါ့တုန်းကတော့ ဘယ်လိုမှန်သွား တာ။ အဲဒီဆရာမဆီသွား၊ မှန်တယ် စသည် ဖြင့်တော့ အကျိုးကျေးဇူး ပြန်ခံစားရတာပေါ့။

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ် ယူရေးနဲ့ ပတ်သက်လို့တော့ ခေါင်း လောင်းကြီးက ကုန်းပေါ်ရောက်ချိန် တန်ပြီ၊ အဲဒီခေါင်းလောင်းကို ပိုင်ဆိုင် ထားတဲ့သူတွေကလည်း ကုသိုလ်လိုချင် ပြီး ကျွတ်ချင်ပြီဆိုရင်တော့ ခေါင်းေ လာင်းကြီးပေါ်လာမှာပါ။

အဲဒီခေါင်းလောင်းကြီးကို ဆယ် တဲ့သူက လက်ရှိပိုင်ဆိုင်ထားတဲ့ သူတွေ ကောင်းဖို့ လုပ်ပေးတာဆိုရင်တော့ သူ တို့က ခွင့်ပြုပေးလိုက်မှာပါပဲ။ ဘယ်သူ လုပ်ရင်ရမယ်၊ မရဘူး။ ဘယ်တော့ ရောက်လာမယ်ဆိုတာတော့ ပြောခွင့် မရှိပါဘူး။

ဆရာ မင်းမဟိန္ဒလောကီသိပ္ပ
(ဂမ္ဘီရ)ပညာရှင်

ဒီဗေဒင် လောကကိုတော့ ၁၉၇၆ ခုနှစ်မှ စတင်ဝင်ရောက်လာခဲ့ပါတယ်။ အစကတော့ဝါသနာအရအပျော်သဘော ဟောပြောရာမှ စတင်ပြီး နောက်ပိုင်း Professional    ဗေဒင်ဆရာ အဖြစ် ကူးပြောင်းခဲ့ပါတယ်။ ဗေဒင်နှင့် ပတ် သက်ပြီး ဗေဒင်စာအုပ်များစွာဖတ်ရှု လေ့လာပြီး ကိုယ့်ထက်တတ်ကျွမ်းသူ များထံမှာလည်း ယခုချိန်ထိ လေ့လာ ဆည်းပူးသင်ယူနေတုန်းပါ။ ဗေဒင်ကို ပြောမယ်ဆိုရင် ယတြာပါထည့်ပြောမှ ပိုပြည့်စုံပါလိမ့်မယ်။ ယတြာကောင်း ချင်ရင် အင်းကောင်းနဲ့မြှောက် မင်း လောင်းပင်ပျောက်ေ စပါတယ်။

အခုလည်း ဗေဒင် ဟောနေပြီး တစ်နေ့နှစ်ယောက်၊ သုံးယောက်လောက်လာရောက် မေး မြန်းမှုရှိပါတယ်။ ထိုက်သင့်တဲ့ ဝင်ငွေ တော့ရှိတယ်။ ဓမ္မစေတီ မင်းခေါင်း လောင်း ကို မင်းအစိုးရတွေက ဆယ် ယူရင် အောင်မြင်မယ်။ ဆိုလိုချင်တာ ကတော့ မင်းအစိုးရမဟုတ်ရင်အထိုက် အလျှောက် အောင်မြင်မှာ မဟုတ်ပါ။ မင်းအစိုးရက ဆယ်ယူရင် လည်း အခက် အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်။

ဆရာ ဦးအောင်ကျော်မြင့်
(အကြားအမြင်)

၁၉၈ဝခုနှစ်ကစပြီး ဒီလောကကို ဝင်ရောက်ခဲ့ပါတယ်။ ဗေဒင်မျိုးရိုး ရိုး ရှိပါတယ်။ လက်ရိုးဗေဒင်မှာ ဆရာ ဦးမြင့်ဆွေ၊ သုံးတံပေါ်နိတ်စ်တွင် ဆရာ ဦးကျော်ရှိန်တို့ဟာ ဆရာတွေပါ။ ဒီ အချိန်အထိ ငွေကြေးနှင့် မဟောပါဘူး။  မဟာဘုတ်၊ ဂြိုဟ်အိပ်ဂြိုဟ်စား၊ သုံးတံ ပေါ်နိတ်စ်၊ ကာလကြီး ဋီကာ စတဲ့ အခြေခံဗေဒင်များကို မန္တလေးတိုင်း   တောင်သာမြို့နယ် ကန်တော်တိုက် ဆရာတော် ဦးနန္ဒိယ၊ ဆင်ဖြူကျေးရွာ ဗေဒကဝိဆရာကျော်အေးတို့ဆီမှာ အန္တေဝါသိကအနီးကပ် တပည့်ခံပြီး  ငါးနှစ်ကြာ သင်ယူခဲ့ပါ တယ်။ လက်ရှိ မှာ ဗေဒင်ဟောစားခြင်းလည်း မလုပ် ပါဘူး။ ထူးခြားမှုအနေနဲ့ မြင်းဖြူရှင်နတ် အမေမယ်ဝဏ္ဏအာရုံထိတွေ့ဆက်ဆံမှု အမြဲရှိပါတယ်။ အမေ မယ်ဝဏ္ဏက   တော့ သထုံဘုရင် မနုဟာမင်းရဲ့ နှမ တော်ဖြစ်ပြီး လူတွေထင်သလို ဘီလူး မဟုတ်ဘူး။ မတရားကြံသူများတွေ့ ရင် ဘီလူးဖြစ်ပါစေလို့ သစ္စာပြုထားလို့သာ ဘီလူးလို့  မြင်တာပါ။ အဘဘိုးမင်း ခေါင်ကလည်း အကြားဓာတ် အမြင် ဓာတ်ပေးပါတယ်။ ဓမ္မစေတီ ခေါင်း လောင်းဆယ်ယူဖို့ အောင် မြင်မှုရှိမရှိ ကတော့ ဆယ်ယူသူ ပုဂ္ဂိုလ်များရဲ့ စရဏအားကောင်းမှု၊ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ ခေါင်းလောင်းကြီးကို ပြည် သူများအတွက် ပူဇော်ခွင့်နဲ့ များစွာ သက်ဆိုင်ပါတယ်။ မဟာဘုတ်နည်း အရပါ ထပ်မံဟောပြော ရရင် ခေါင်း လောင်းဆယ်ယူရာမှာ တနင်္ဂနွေသား သမီးများ ဦးဆောင်ရင် ပိုအဆင်ပြေ နိုင်ပါတယ်။


.. www.MyanmarExpress.net
 

11 comments:

အလကားယောင်ဝါး ဗေဒင်ဆရာတွေ …
မင်းတို့ ကိုယ့်ကိုကိုယ်တောင် မှန်အောင် ဟောနိုင်လို့လား …
လူလိမ်လုပ်စားတွေ …………………

မင်းတို့တကယ် အကြားအမြင် ရတယ် တော်တယ် ဆိုရင် ခေါင်းလောင်းကြီး ပေါ်လာမဲ့ နေ့ရက် အချိန်ကို ဟောကိန်းထုတ်လိုက်လေ ……

ယောင်ဝါးနဲ့ ဖြီးဖြန်းနေတာ

ခေါင်းလောင်းဆယ်ဖို့အတွက်
အကောင်းဆုံးနည်းလမ်းကို ငါ မနှစ်ကတည်းက ပြောခဲ့ပြီးသား ………………
အဲဒီနည်းလမ်းသာ အကောင်းဆုံး …………

" မြစ်ထဲက ရေတွေ အကုန်စုပ်ထုတ်လိုက်
ခေါင်းလောင်းဆယ်ပြီးမှ ရေတွေ ပြန်ထည့်လိုက် " ပြီးရော ………

1-ALL FORTUNE TELLERS HAVE THE CHANCE
OF FIFTY FIFTY THAT IS THEY HAVE 50% CHANCE.
2-IN BUDDHISM FAITH ACCEPTED LOT OF HIGH CLASS OR LAW CLASS PEOPLE CAN SHOW MIRACLE THAT IS THE REASON LORD BUDDHA
NOT ALLOW TO USE MIRACLE.
BUT LORD BUDDHA ALLOWED DHAMMA MIRACLE.
BY FOLLOWING THE TEACHING OF DHAMMA AND PRACTICING OF
DHAMMA WILL SEE THE MIRACLE BY HIM/HERSELF.
NO NEED TO DEPEND UPON
OTHER PEOPLE OR GODS HELPING THEM.
THIS IS THE ESSENCE OF BUDDHISM.
3-WHY? NOT ASK THE WIZARD AND HTWET YAR PAUK TO SALVAGE THE DHAMMASADI BELL
AND PUT IT BACK TO THE ORIGINAL PLACE .
DEFINITELY THEY CANNOT DO THE JOB.
4-WHY? THEY CANNOT STOP THE "NGA ZINKA"
NOT TO TAKE AWAY THE BELL.
5-FORTUNE TELLING AND HEAR SAYING MAY
RIGHT WITH LIMITATION BUT NOT GOOD ENOUGH FOR OUR DAILY LIFE.
6-ARR KOO YAN AH SIT KA;
BUDDHA,DHAMMA,SANGHA.
MATE SWE AH SIT KA ;
KAN, NYAN,WADIYA.
7-THE SUCCESS OF SALVAGING WORK IS
100% DEPEND UPON THE RECORDED HISTORY
IS RIGHT AND THE REAL DHAMMASADI BELL
IS THERE AS SO CALLED EVERYBODY SAID SO.
8-THE QUESTION NUMBER 1 IS
ARE WE ALL SURE THE HISTORICAL RECORD
IS 100% RIGHT.
THE QUESTION NO 2 IS
ARE WE ALL SURE 100% THE SUNKEN DHAMMASADI BELL IS IN THAT LOCATION.
9-SOONER OR LATER WE ALL WILL SEE THE DHAMMASADI BELL IF CAN GIVE DEFINITE ANSWER YES TO BOTH QUESTIONS.

VERY GOOD COMMENT BUT NO ONE UNDERSTAND.

ကိုယ်သေမဲ့နေ့ကိုတောင်ကိုယ်မသိတဲ့ ဗေဒင်ဆရာတွေကိုသနားတယ်။

1-THE COMMENT WRITER GET NOTHING BY
WRITING COMMENTS BUT MAY BE BACK FIRE
OR HATRED.
2-THE COMMENT WRITER WRITTEN DOWN HIS
OPINION WITH FACTS AND FIGURE FOR THE
READERS.
THE READERS HAVE MANY CHOICES EITHER
TAKE OR LEAVE IT.
3-THE COMMENT WRITER NOTICED THE LIFE
OF MYANMAR PEOPLE BEFORE JANUARY 4,1948,
BEFORE MARCH 2,1962,BEFORE 1988,BEFORE
2011 AND PRESENT DAY.
4-WE MAY HATE THE BRITISH COLONIAL DAYS BUT WE MUST STUDY THE ENGLISH LANGUAGE.
5-WE MAY HATE THE JAPANESE OCCUPATION DAYS BUT WE MUST STUDY THE JAPANESE
LANGUAGE.
6-MYANMAR MUST GO AHEAD OR AT LEAST
TOGETHER WITH THE OTHER NATIONS.
7-MYANMAR HAVE COMPLETE RELIGIOUS
AND SOCIAL EDUCATION BUT MANY PEOPLE
ARE IGNORING AND BELIEVING IN UNNATURAL
THINGS AND OUT DATED.
NEED TO CHANGE FROM OUT DATE TO UP DATE
IN ALL MATTERS.
8-MYANMAR NEED GO FORWARD AND UPWARD
WITH VERY QUICK STEPS TO CATCH UP OTHER
NATIONS AND TO OVERTAKE THE OTHER NATIONS IN ALL FIELDS.
9-NEARLY ALL CHILDREN CAN CHOOSE THE
BETTER BUT NEARLY ALL ADULTS REFUSE TO
CHOOSE BETTER BUT THEY ALL STICK TO THE
OLD BELIEVE BECAUSE MANY ADULT DO NOT
USE THE FULL THINKING AND REASONING
POWER.
10-LORD BUDDHA TOLD IN "KALAYMA SUTTA"
ABOUT THE IMPORTANT OF THINKING AND REASONING.
DO NOT ACCEPT ANYTHING WITHOUT REASONING.
LOOK LIKE MANY PEOPLE KEEP CARRYING
GOAT SHIT AS A VALUABLE THING IN THEIR
WHOLE LIFE.

မင်းကရော မင်း သေမဲ့ နေ့  သိလား

မင်းကရော မင်း သေမဲ့ နေ့  သိလို့ လား။

အပိုင်ပြောဆိုရင်တော့ အဲဒီခေါင်း လောင်းကြီး သေချာပေါက်ကုန်းပေါ်ကို ပြန်ရောက်လာမှာပါ။ ဒီနေ့ မရောက် ရင် မနက်ဖြန်၊ မနက်ဖြန် မရောက်ရင် သန်ဘက်ခါ၊ သန်ဘက်ခါမရောက်ရင် နောင်နှစ်မှရောက်ရင်ရောက်မယ်။ ဘာ လို့လဲဆိုတော့မရောက်ရောက်အောင် ဆယ်မယ့်လူတွေ ပေါ်လာဦးမှာမို့လို့ပဲ။ တော်လိုက်တဲ့ ဗေဒင်ဆရာ

1-WHO TALK WITH WIZARD?
2-PLEASE ASK WIZARD;
IS IT REALLY TRUE THE DHAMMAZEDI BELL
SUNKEN IN YANGON RIVER?
ASK THE POSITION/LOCATION OF BELL SO THAT
DIVERS CAN FIND IT WITHOUT TAKING MANY
DAYS.
ASK CAN THEY PUT BACK THE BELL ON
SHWE DAGON HILL IN ORIGINAL POSITION?
3-STOP BELIEVING AND TALKING THEM IF ANY WIZARD CAN NOT DO ANY THING.
4-BETTER THANK TO THE HARD WORKING
SALVAGING TEAM.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်