Subscribe to our RSS Feed

မြန်မာပြည်ရှိဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူနေကြောင်းကိုယ်တွေ့ လေ့လာဝေမျှခြင်း

 


 ဘလောက်ဂါပိုင်ရှင်အလင်းရောင်ကြယ်များပုံပါခင်ဗျာ...
ကိုယ်တိုင်သွားရောက်ပြီးဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူလေ့လာချင်ရင် ဆက်ဖတ်လိုက်ရအောင်

အခုကျွန်တော်လူကြီးမင်း သွားတဲ့ အချိန်မှာ ရေတက်စပြုနေပြီး
ခေါင်းလောင်းကြီးဆယ်နေသောနေရာမှာရေစူး အမှတ်ခလယ်ခေါင်ဖြစ်နေပြီး
အနီးကိုက် ၁၅၀ ခန့် လောက်ကနေကြည့် ရှု့ ရပါတယ် ထူးဆန်းတာကတော့ ..
စက်လှေနှစ်စင်းမှ ဆလုံတိုင်းရင်းသားများ ဘာမှရေငုတ်ဝတ်စုံမပါပဲ

အသက်ရှုရန်သာမာန် လေပေးပိုက်ကလေးနှင့်  သာမာန် ခလေးသင်္ကြန်မျက်မှန်ကပ်ကလေး တပ်ပြီး ဝုံးကနဲဆို ခုန်ချပြီး မည်၍မျှ အနက်မသိရသော ရေအောက်သို့ ငုတ်သွားတာမြင်ရပါတယ်၊
တစ်ဘက်လှေမှလည်း ထို့ အတူပါပဲ...
ထိုဆလုံတိုင်းရင်းသားများတစ်ခါငုတ်လျှင် တစ်နာရီခန့် မှပြန်ပေါ်လာကြောင်းခန့် မှန်းသိရပါတယ်..
ရှာလို့ တော့ အသံမကြားရသေးပါဘူး...အံ့ဘွယ်ဆလုံတိုင်းရင်းသားတွေပါ..

လိုက်လံပို့ ဆောင်ပေးသော စက်တပ်သမ္မာန်ပါ ၅၀၀ကျပ်တစ်ဦှးလျှင်ပေါ့ တန်ပါတယ်
ရဟန်းရှင်လူတိုင်းသွားကြပါတယ်...ဆိပ်ကမ်းလုံခြုံရေးများကလည်း လေ့လာခရီးသယ်များ အသက်ကို စောင့် ကြည် ပြီးသေချာကြပ်မတ်တာမြင်တွေ့ ရပါတယ်...
ဘေးဖက်မှလည်း နိုင်ငံတော်သမ္မတကြီးက တွေ့ ရှိလျှင် အသင့် ဆယ်ယူရန်အကြီးစား
နုံးစုတ် ဖေါ်ဆွဲတင် သဘော်နှစ်စင်းအရံသင့် ကူညီတာတွေ့ ရပါတယ်။

ထို့ အတူ သုံးထပ်ရေလည်ခေါင် စခန်းချသင်္ဘောကြီးလည်းမြင်ခဲ့ ပြိး
ထိုသဘောင်္ပေါ်တွင် ထိုခေါင်းလောင်းတော်ကြီးစီမံကိန်းလုပ်သားများ
ဘာသာရေးဝိဇ္စာများ အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်နေသော ရဟန်းတော်များ
သမိုင်းသုတေသီများ ပြန်ကြားရေးဌာနများ အသီးသီးမြင်တွေ့ ခဲ့ ပါတယ်။
ထို့ အတူထိုခေါင်းလောင်တော် ဖေါ်ယူသူများအားလုံး မှာ...သက်သတ်လွတ်စားခြင်း
၁၀ပါးသီလှခံယူခြင်း မိမိအလှည့် မကျခင် တရားထိုင်ခြင်း မေတ္တာသုတ်များ ရွတ်ဖတ်ခြင်း ကြားသိခဲ့ ရပါတယ်...

ကျွန်တော့ ဘဝမှာ ငယ်စဉ်တည်းက စူးစမ်းလေ့လာတာစပ်စုတာ အင်မတန်ဝါသနာပါသူပါ...
ထ္မင်းငတ်ငတ် ဘယ်၍မျှ ကုန်ကုန် မမှု့ သူပါ..
ဘာ့ကြောင့် အသည်းသန် ဒီခေါင်းလောင်းကြီးကို ရေဘေးမကြောက်စွန့် စားလေ့လာရသလည်းဆိုယင်
...ခင်ဗျားတို့  ကျွန်တော်တို့ တွေဟာ ဘွဲ့ တွေသာရသွားတယ် ဒိခေါင်းလောင်းကြီးအကြောင်းကို စာတွေ့ ပဲသင်ခဲ့ ရတယ် ပုံပြင်လိုပဲပေါ့ နော်..

အခုလက်တွေ့ မြင်ရတေ့ မယ်..နောက်ပြီး ခင်ဗျားတို့ ကျွန်တော်တို့ နောင်လာနောက်သားသမီးတွေ အတွက်မှတ်တမ်းလည်းဖြစ်မယ်..
ီDISCOVERY ပေါ့ ဗျာ....
ကျွန်တော်ဟာ ရေကူးတော်တဲ့  ဧရာဝတီတိုင်းသားတစ်ပါ...
ဒီရေအတက်ကျ ကောင်းကောင်းနားလည်တွက်တပ်သေးပါတယ်..
၉တန်းကျောင်းသားဘဝက စာမေးပွဲကျလို့  အမေရိုက်လို့  အိမ်ကနေပင်လယ်ဘက်ကို
ထွက်ပြေးဘူးပါတယ် အဲဒီမှာ ပင်လယ်မာယာအကြောင်းကောင်း၂သိဘူးပါတယ်..
အခုလိုသွားရတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ..
ခင်ဗျားတို့ လည်း အခြေနေအရဝေးနေပေမဲ့  ကျွန်တော့ အနားမှာရှိနေသလိုပဲခံစားပြီး
ကျွန်တော့် လိုဝမ်းသာမှု့ အတွေ့ ကြုံဝေမျှတာပါ...

ကျွန်တော်နှင့် အတူ လှေပေါ်ပါလာသော မိတ်ဆွေတစ်ဦးပြောကြားချက်အရ
ဒီလိုပါတဲ့ ...
ဒီနေရာပွိုင့် ကို အမေရိကန် နာဆာကနေ Satellite ဂြိုလ်တုဖြင့် တိကျတွက်ချက်ပေးရာ ခေါင်းလောင်းတော်ကြီးဟာ
သူ့ အပေါ်မှာ သဘောင်္တစ်စင်း တည်ရှိနေကြောင်းေ၇ကြောင်းအရ
၄၅ ဒီဂရီ ခေါင်းလောင်းတော်ကြီးတိမ်းစောင်းနေကြောင်း
ထိုသင်္ဘောဆယ်ပြီးလျှင် ရွံ့ နွံနုံးထု ၂၈ပေအောက်မှာ ထိုခေါင်းလောင်းတော်ရှိကြောင်း
....
အထို့ အတူမိတ်ဆွေတစ်ဦးမှလည်း ထိုခေါင်းလောင်းတော်ကြီးဟာ
ရေအောက် ဘောဂဝတီ နဂါးပြည်တွင်ကိန်းဝပ် အပူဇော်ခံနေကြောင်း
လည်းဗဟုသုတဖြစ်ဝေမျှလိုက်ပါတယ်...
ထို့အတူ ရဟန်းတော်တစ်ပါးမှလည်း ရွှေတိဂုံဘုရားတွင် ထိုခေါင်းလောင်းတော်ကြီး
အောင်မြင်ဘေးကင်းဆယ်ယူနိုင်ရေး မိုးသည်းထန် လေကြီးမှုန်တိုင်းမဖြစ်ပွားစေရန်
ရွတ်ဖတ်သရဇ္ဖယ် နေကြောင်းကြားသိရပါတယ်...

ထိုခေါင်းလောင်းတော် ဘယ်ကစလာပြီး ဘယ်လိုသမိုင်းရှိနေတယ်ဆိုတာ....

ရန်ကုန်တိုင်း ဒေါပုံမြစ်ချောင်းဝတွင် ပြန်လည်ဆယ်ယူသော ရှေးဟောင်းဓမ္မစေတီခေါင်းလောင်းတော်ကြီးအကျဉ်းချုပ်

======================
======================

ထိုခေါင်းလောင်းတော်ကြီးမှာ နှစ်ပေါင်း၄၀၀ခန့် ရှိပြီး ရွှေတိဂုံစေတီကြီးတည်ရှိရာ အောက်မြန်မာနိုင်ငံဟံသာဝတီပြည်တွင် အေဒီ ၁၄၇၀-၁၄၉၂ တွင်အုပ်စိုးခဲ့ သည် ထိုခေါင်းလောင်ကြီးအားရွှေတိဂုံစေတီပေါ်တွင် သွန်းလောင်းလှုဒါန်းခဲ့ ကြောင်း
ရာဇဝင်မှတ်တမ်းများအရသိရပေသည်၊မွန်ရာဇဝင်ပေစာတွင်မှု ဓမ္မစေတီမင်းကြီးက အမြို့ မြို့ အိမ်ယာစာရင်းကိုယူ၍ ဥပိုက်အမတ်နှင့်  သမုဒ္ဒရာဇ်။ရာဇာစွန္ဒရာဇာ၊ တို့ မှခရိုးအမှတ် တစ်သန်းရှစ်သိန်းရကြောင်း တိုင်ကြားတော်မှုလျှင်
အိမ်ရှိကိုသိလို၍ ခန့်ထားသည်ကို ဆင်းရဲသူဆင်းရဲသားကြေးကို ခံယူကောင်းမည်လောဟု အပြစ်ပေး၍ ကြေးကိုတုန့် ပြန်စေ အမိန့် တော်ရှိသည်ကို အမြို့ မြို့ ကျေးလက်သားတို့ က သင့် ရာကောင်းမှု့ တော်ဖြစ်အောင်လှုတော်မှုပါ
ကျွန်တော်တို့ မယူပါပြီ ဆိုလေသောကြောင့် ဒဂုံဆံတော်ရှင်တွင်ဆွဲရအောင် ခေါင်းလောင်းတော်ကြီးကိုသွင်းစေ ဗညားအိမ်အမတ်ကြီး အမတ်ကြီးကိုခန့် ၍ ဖရောင်းပုံ ဇောက်၁၂တေင် အဝ ၇ တောင်သွင်းမည်သောအခါ(ပ) ဓမ္မစေတီမင်းသည်
သက္ကရစ် ၇၅၁ (အေဒီ ၁၃၈၉ ခု)တနင်္လာနေ့ ပြစ္ဆလက်လူဖြစ်သည် အသက်၄၁နှစ် (အေဒီ ၁၄၃၇ခု)တွင်မင်းဖြစ်သည် မင်းစည်းစိမ ၂၇နှစ် (အေဒီ ၁၄၆၄ ခု)အသက်၇၅ တွအနိစ္စရောက်သည် ဓမ္မစေတီမင်းသည်လည်းကုသိုလ်ကံကောင်းမှု့ 
မရေတွက်နိုင်သာ စေတီတော်ဆင်းတုတော်များလှုလေသည်။
ဒဂုံဆံတော်ရှင်ရွှေမော်ဓောဘုရားတို့ အုပ်အပေါ်လွှမ်း၍ လုပ်ပြီးမှသာလျှင် ထီးချရာသီတတည်သည် မြေတိုင်အောင်ရွှေချ၍ ပိဋကတ်စာကိုလည်းအများပြုစုရသည်။တစ်သိန်းရှစ်သောင်းသောကြေးတို့ ကိုလည်းခေါင်းလောင်းသွင်း၍
တင်လှုရသည် (မူယင်းသတ်ပုံအတိုင်း)ဖေါ်ပြတာတွေ့ ရှိရသည် ။
မွန်ရာဇဝင်တော်ကြီးအရ ဓမ္မစေတီမင်းသည် ရွှေတိဂုံစေတီတော် အပေါ်တွင်အလေးချိန် ပိသာတစ်သိန်းရှစ်သောင်းရှိ စောက်၁၂ တောင်၈ပေ အဝ ( ၇ တောင်၁၀-၆ ပေ)ခေါင်းလောင်ကြီးတစ်လုံးလူဒါန်းခဲ့ ကြောင်းတွေ့ ရသည်။
ခေါင်းလောင်ကြီး၏ အလေးချိန်နှင့် ပါတ်သက်၍ ကွဲလွဲမူ့ များရှိရာ အိမ်ချေတစ်သန်း ရှစ်သိန်းပါသဖြင့်  တစ်အိမ်လျှင်ကြေးတစ်ဆယ်သားကောက်ခံယူမည်ဟု ယူဆရပါ၏။
တစ်အိမ်လျှင်ကြေးတစ်ဆယ်သား ကောင်ခံယူသဖြင့် တိုင်ကြားရာမှ ကြေးခေါင်းလောင်းကြီးရွှေတိဂုံဘုရားတင်လှုမှု့ ဖြစ်ခဲ့ ရကြောင်းတွေ့ ရှိရသည်။
တစ်အိမ်လျှင်ကြေးတစ်ဆယ်သား ကောက်ယူပါက ဘုရင့် ထံတိုင်ကြားမှု့ မဖြစ်နိုင် တစ်အိမ်လျှင်ကြေးတစ်ဆယ်ကျပ်သားကေက်ခံလျှင် အိမ်ချေ တစ်သန်း ရှစ်သိန်းရှိ၍ ကြေးချိန်တစ်သိန်း ရှစ်သောင်းပါရမည်။
ဓမ္မစေတီခေါင်းလောင်းကြီးသည် မွန်ရာဇဝင်တော်ကြီးအရ ကြေးချိန်တစ်သိန်းရှစ်သောင်းရှိကြောင်းသိရသည်၊
သန်လျှင်ရာဇဝင်တွင် သက္ကရဇ် ၉၇၄ (အေဒီ ၁၆၁၂ ခု)တွင်အနောက်ဘက်သာလွန်မင်းတရားကြီး အလုံးရင်းနှင့် ပြည်မြို့ သို့ ချီတော်မှုသည် ။ရောက်လျှင် ရခိုင်မြို့ က ( ဘရင်ဂျီ ကုလား- ငဇင်ကာ)သည် ယခုသိဂုင်္တ္တရကုန်း ရွှေဆံတော်
ဘုရားရှင်စေတီတော်ကောင်းမှု တော်ခေါင်းလောင်းကြီးကိုချ၍ အမျြောက်သွန်းမည်ကြံသည်တွင် ဘုရားရှင်တန်ခိုးတော်ကြောင့်  ပန်းအလွဲတွင် သင်္ဘောနှင့် တစ်ကွနစ်မွန်း၍ မမြေက်မသွင်းရရှိသည်ဟုဖေါ်ပြထားသည်၊
ထို့ အတူ သံလျှင်ရာဇဝင်အရ ဓမ္မစေတီမင်းသည် အဝ ရှစ်တာင် စောက် ဆယ့်နှစ်တောင် အလေးချိန်ပိသာတစ်သိန်းရှစ်သောင်းရှိသော ခေါင်းလောင်းတော်ကြီးတစ်လုံးကို ရွှေတိဂုံစေတီတော်တွင် လှုဒါန်းခဲ့ ကြောင်းထင်ရှားစွာတွေ့ ရှိရသည်
ဓမ္မစေတီမင်းသည်လည်း ခေါင်းလောင်ကြီးကို ခရစ်နှစ် ၁၄၇၀ တွင်တင်လှုခဲ့ ၏ ၄င်းခေါးလောင်းတော်ကြီးကို ( ငဇင်ကာ )သည် ခရစ်နှစ် ၁၆၁၂ တွင်ရွှေတိဂုံဘုရားမှ သံလျှင်သို့ သယ်ယူရာ ငမိုးရိပ်ချောင်းဝ ( ပုဇွန်တောင်ချောင်းဝ)
ပန်းအလွှဲမြစ်တွင်းသို့ ကျရောက်နစ်မြုတ်ခဲ့ သည်။
ပန်းအလွှဲမြစ်သည် ပုဇွန်တောင်ချောင်းဝနှင့်  တိကုန်းမြစ်ခေါ် ရန်ကုန်မြစ်ဆုံသော ဖြစ်ဖြစ်သည်၊
ယ္ခင်က ဒေါပုံမြစ်ဟုခေါ်သည် ။ယခုပဲခူးမြစ်ဟုခေါ်ကြ၏
ထို့ အတူသံလျှင်ရာဇဝင်အရ ဓမ္မစေတီခေါင်းလောင်းတော်ကြီးသည် ပုဇွန်တောင်ချောင်းအဝ ရန်ကုန်မြစ်နှင့်  ပန်းလွဲမြစ်ခေါ် ပဲခူးမြစ် သုံးသွယ် ထဲတွင်နစ်မြုတ်ကြောင်းယုံကြည်ကြသည်။
ယခုအခါနှစ်ပေါင်း ၄၀၀ ကျော်နစ်မြုတ်နေသည့်  ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား( ရခိုင်အမျိုးသားဖြစ်သော -ဦးစံလင်းက )ရန်ကုန်တိုင်းဒေသ အစိုးရမင်းများ၏ ခွင့် ပြုချက်ဖြင့်  ၂၀၁၄ သြဂုတ်လ ၉ ရက်နေ့ မှ စတင်ဆယ်ယူရေး
လုပ်ငန်းများယနေ့ ထိဆက်လက်ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသည်၊
သာသနာ့ သမိုင်းသာသနိက ပစ္စည်းမျာတိမ်မြုတ်ပျောက်ကွယ်နေရာမှ အများသူငါ သဒ္ဒါတရားတိုးပွားကြပါစေခြင်း အလို့ ဌာ ပြန်လည်တူးဖေါ်ထုတ်ရာတွင်
လုပ်ကိုင်ဆောင်ရွက်သူများသည် ကိုးသီလှစောင့် ထိမ်းကြရပါမည် ။မေတ္တာဘာဝနာပွားများကြရပါမည် ။သက်သတ်လွှတ်စားသုံးကြရပါမည် ပဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြရပါမည် ဘုံသုံးတစ်ဖြစ် ဖြစ်များစွာ
သတ္တဝါတို့ အား မေတ္တာပို့ သကြရပါမည်၊ အာစရယောဝါဒတွင်ဖေါ်ပြပါရှိ၏။
ဆယ်ယူသောနေရာတွင် အစစအရာရာ ကိစ္စစခန်းချသော သဘောင်္ကြီးပေါ်တွင်လည်းသက်ဆိုင်ရာ မီဒီယာ စံတော်ချိန်အပါဝင် အသီးသီးမြင်တွေ့ ခဲ့ ရပါတယ်၊

မည်သို့ ပင်ဖြစ်စေကာမှု ရေအောက်ကမ္ဘာ ဘောဂဝတီ နဂါးပြည်တွင် ကိန်းဝပ်အပူဇော်ခံပြီး နှစ်လေးရာထောက် ချင့် ထောက်ချိန်ခါ ယခုအခါ ဝယ် ရွှေတိဂုံရင်ပြင်ဆံတော်ရှင်သို့  မဂ်ပန်းပန်ဆင် ဖူးမျော်ခြင်ကြ ဆန္ဒသမ္မာ ရည်စူးကာဖြင့်  မကြာနေ့ ည ပြန်လည်ကြွချိန်ရောက်နိုင်ပါစေဟု ဆန္ဒမွန်အခါခါဖြစ်မိပါ၏။

အလင်းရောင်ကြယ်များမှ ကိုယ်တိုင်သွားရောက်လေ့လာခဲ့ ပြီး ဆောင်းပါးအား စံတော်ချိန်သတင်းဌာနမှ

ပေါင်းစည်းကူးယူဝေမျှလိုက်ပါတယ်.....


.. www.MyanmarExpress.net
 

1 comments:

အမြန်ဆယ်နိုင်ကြပါစေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်