Subscribe to our RSS Feed

ဖုန်းဝယ်ရန် မိခင်၏ ၈၇ သိန်းတန်ဖိုးရှိ ရွှေထည်နှင့်ငွေများ သားဖြစ်သူက ခိုးယူ

From : ..mizzima

နေအိမ်တွင်ကျန်ခဲ့သည့် သားဖြစ်သူ၏ပါးစပ်ထဲသို့ ဖယောင်းတိုင်သွင်းကာ မျက် နှာကို စွပ်ကျယ်ဖြင့်အုပ်၍ ရွှေထည်နှင့်ငွေ များပျောက်ဆုံးမှုကို စစ်ဆေးရာ ပျောက် ဆုံးပစ်္စည်းများကို သားဖြစ်သူက ယူထား ခြင်းဖြစ်ပြီး လုယက်ခံရမှုပုံစံဖြစ်အောင်  ဟန်ဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၆ ရက်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့သစ်တွင် နေ ထိုင်သည့် ဒေါ်မြင့်မြင့်ဝင်းအပြင်မှ ပြန် ရောက်စဉ် နေအိမ်အိပ်ခန်းအတွင်း အ၀တ် များ ပြန့်ကျဲ၍ အသက်(၁၅)နှစ်အရွယ် သားဖြစ်သူ ပါးစပ်အတွင်း ဖယောင်းတိုင် ထည့်ကာ မျက်နှာကိုစွပ်ကျယ်ဖြင့် အုပ် ထားသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ယင်းနောက် သားဖြစ်သူကို လှုပ်နှိုး၍ မေးခဲ့ရာ နေအိမ်သို့ မောင်ကြိုင်ဆိုသူပါ သုံးဦးရောက်ရှိလာပြီး မျက်နှာကိုစွပ်ကျယ် ဖြင့် အုပ်ခဲ့၍ သတိမေ့သွားခဲ့သည်ဟု မိခင် ဖြစ်သူကို လိမ်လည်ပြောဆိုခဲ့သည်။နေအိမ်အိပ်ခန်းအတွင်းမှ ရွှေထည်ပစ်္စည်း နှင့် ငွေကျပ်စုစုပေါင်းတန်ဖိုးကျပ် ၈၇ သိန်း ကျော်ဖိုး ပျောက်ဆုံးနေသဖြင့် ဆိပ်ကမ်း မြို့မရဲစခန်းကို တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၃၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ယင်းနောက် တရားလို၏ သားဖြစ်သူ ကို ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရာ ဆေးမှတ် တမ်းအရ တရားလို၏သားဖြစ်သူမှာ မူးမေ့ စေလောက်သည့်ဒဏ်ရာနှင့် ရောဂါလက်္ခ ဏာ မတွေ့ရှိပဲ ၎င်းင်း၏သူငယ်ချင်းများထံ တွင် ဆမ်ဆောင်းဂလက်ဆှီ၅ လက်ကိုင် ဖုန်းတစ်လုံးကိုလည်း ၀ယ်ယူအပ်နှံထား ကြောင်း စုံစမ်းသိရှိခဲ့သည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

တရားလို ဒေါ်မြင့်မြင့်ဝင်း သား၏ သူ ငယ်ချင်းများကို မေးမြန်းရာ ဇူလိုင် ၃၀ ရက်က ၎င်းင်း၏နေအိမ်တွင် သူငယ်ချင်းများ ကိုခေါ်၍ အရက်အတူသောက်နေစဉ် မိခင်ဖြစ်သူ၏ ရွှေတုံးကိုယူ၍ သူငယ်ချင်း များကို ပိုင်းဖြတ်ရောင်းချစေခဲ့ရာ ငွေကျပ် ၁၂ သိန်းရရှိခဲ့ပြီးဆမ်ဆောင်း ဂလက်ဆှီ၅  လက်ကိုင်ဖုန်းတစ်လုံး ၀ယ်ယူထား သည်ဟု ထွက်ဆိုထားသည်။

ယင်းနောက် ရွှေတုံးကို ရောင်းချခဲ့သ ဖြင့် မိခင်ဖြစ်သူ သိရှိသွားပါက ဆူပူရိုက် နှက်မည် စိုးရိမ်သဖြင့် သြဂုတ်လ ၆ ရက် တွင် ရွှေထည်ပစ်္စည်းများကို အခြားနေရာ သို့ ပြောင်းရွှေ့သိမ်းဆည်းထားပြီး နေအိမ် အတွင်း ၀င်ရောက်လုယက်ခံရသည့် ပုံစံ မျိုးဖြင့် မိခင်ဖြစ်သူကို လိမ်လည်ပြောပြခဲ့ ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက် ခဲ့သည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက် သေခံပစ်္စည်းများကို ပြန်လည်သိမ်းဆည်း ခဲ့ပြီး စစ်ဆေးလျက်ရှိသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်