Subscribe to our RSS Feed

ရန်ကုန်တက္ကသိုလ်တွင် ပြည်ပကျောင်းသားများ လက်ခံသင်ကြားပေးပြီ

From : .. Popular


ရန်ကုန်တက္ကသိုလ်၌ ပြည်ပကျောင်းသားများအား လက်ခံသင်ကြားပေးမှုကို ပြန်လည်စတင်နေပြီဟု ပညာရေး ဝန်ကြီးဌာနက ကြေညာသည်။ ၁၉၆၂ ခုနှစ် မတိုင်ခင်အထိ ပြည်ပကျောင်းသားများ လာတက်ရောက်မှုကို လက်ခံခဲ့သည့် အဆိုပါတက္ကသိုလ်က ယခင်အစီအစဉ်ကို ပြန်လည် အကောင်အထည် ဖော်လိုက်ခြင်းဖြစ်သည်။ အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဘာသာရပ်တိုင်းထက်စာရင် မြန်မာစာ ဘာသာရပ်ဘက်ကို အရင်လုပ်သွားပါ့မယ်” ဟု ပြောသည်။ အနှစ် ၂၀ နီးပါးခန့် ပြည်တွင်း ကျောင်းသားများပင် တက်ရောက်ခွင့် မပြုခဲ့သည့် ဘွဲ့ကြိုသင်တန်းများကို ရန်ကုန်တက္ကသိုလ်က ပြီးခဲ့သည့် နှစ်မှစကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆောင်နေထိုင်သူများကိုပင် လက်ခံပေးခဲ့သည်။ ၁၉၄၀-၁၉၅၀ နှစ်များက အရှေ့တောင်အာရှ နိုင်ငံများ၌ အကောင်းဆုံး ဖြစ်ခဲ့သော ရန်ကုန်တက္ကသိုလ်တွင် လက်ရှိ၌ ပညာသင်လိုသော ပြည်ပနိုင်ငံများမှ ကျောင်းသားများ အများအပြားရှိနေပြီး အထူးအားဖြင့် မြန်မာစာ ဘာသာရပ်ကို ဖြစ်သည်ဟု ၎င်းက ပြောသည်။ လက်ရှိ၌ ဂျပန်ကျောင်းသား၊ ကျောင်းသူအချို့မှာ ရန်ကုန်တက္ကသိုလ်၌ မြန်မာစာ လာသင်ရန် ရောက်ရှိနေကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း ဦးထက်စိုးက “နိုင်ငံတကာက အသိအမှတ် ပြုလာတဲ့ တက္ကသိုလ်တစ်ခု ဖြစ်လာချင်တယ်” ဟု ပြောသည်။ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းရန် အမေရိကန် ဂျွန်ဟော့ကင်း တက္ကသိုလ်က သမ္မတဦးသိန်းစိန် အစိုးရ တက်လာချိန်တွင် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ရန်ကုန်တက္ကသိုလ်တွင် ပြည်ပကျောင်းသားများ လက်ခံမည့် အစီအစဉ်ကို အသေးစိတ် မထုတ်ပြန်သေးကြောင်း သိရပါသည်။ 

.. www.MyanmarExpress.net
 

1 comments:

1-BETTER NEED TO RENOVATE THE CONVOCATION HALL PROPERLY NOT JUST
WHITE WASH.
2-ALL TEACHERS NEED TO SPEAK BEST ENGLISH.
3-NEED TO UPGRADE THE WHOLE CAMPUS.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်