Subscribe to our RSS Feed

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု လာရောက် ကြည့်ရှုသူ များပြား

From : .. popular

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေ ခြင်း လုပ်ငန်းကို ပြည်သူများ လာရောက် ၍ ကြည့်ရှုမှု များပြားလာကြောင်း ခေါင်း လောင်း ရှာဖွေရေးတွင် ဦးဆောင်သူ ဦး သိန်းဟန် က ပြောသည်။

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေ ခြင်းကို သြဂုတ်လ ၉ ရက်နေ့က စတင် ခဲ့ရာ ယခုရက်ပိုင်း အတွင်း စိတ်ဝင်စား သူများက စက်လှေများ စီးကာ ရှာဖွေ နေသော နေ ရာသို့ လာရောက် ကြည့်ရှု ကြကြောင်း ၄င်းက ပြောသည်။

”ခေါင်းလောင်းရှာရာ နေရာသို့  စက်လှေမောင်း ပို့သူ ကိုလင်းသက်က တစ်နေ့လျှင် လာရောက် ကြည့်ရှုသူ ၁ဝဝ နီးပါး ရှိကြောင်း၊ လိုက်ပို့သည့် စက်လှေ ၁၅ စီးခန့် ရှိကြောင်း ပြော သည်။

 ”ကြည့်ချင်တဲ့ သူတွေကို ရှာတဲ့ နေရာအထိ တစ်ယောက် တစ်ထောင်နဲ့ လိုက်ပို့ပေးတယ်”ဟု ကိုလင်းသက်က ဆိုသည်။

အထက်ပါ ခေါင်းလောင်းနှင့် ပတ်သက်၍ ၁၉၉၇ခုနှစ်တွင် ဦးစံလင်း ဆိုသူက ဦးစီး ရှာဖွေခဲ့ရာ ထိုအချိန်က စက်ယန္တရား များ ပြည့်စုံမှု မရှိခြင်းနှင့် အသုံးပြု သည့် ငွေကြေး လိုအပ်ချက်ကြောင့် မအောင် မြင် ခဲ့ရခြင်းဖြစ်ကြောင်း ဦးသိန်းဟန် က ပြောသည်။

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေ ရေးအဖွဲ့၏ ပြောကြားမှု အရ ရေငုပ် ကျွမ်းကျင်သူ ငါးဦး အသုံးပြု၍ ယခင် အမှတ်အသားနေရာ များတွင် ကြိုးစား ရှာဖွေနေကြောင်း သိရ သည်။

၎င်းရှာဖွေမှုတွင် အလှူရှင် ကိုယ် စားလှယ်များပါ လိုက်ပါဆောင်ရွက် ပြီး ပို့ဆောင်ဆက်သွယ်ရေး အဖွဲ့ကလည်း ဝင်ရောက် ကူညီနေကြောင်း သိရသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်