Subscribe to our RSS Feed

၂၀၀၈ ပြင်ဆင်ရေးမှ အလုံးစုံပျက်သုဉ်းရေးသို့ (အပိုင်း-၂)

From : ..PP™


မေး-ဘာဖြစ်လို့ ဒီလို ဖြစ်ရတယ် ထင်ပါသလဲ။

ဖြေ-ဒေါ်စုက သူ့ဘာသာသူ ဘာမှ လုပ်ဘူးတာမှ မဟုတ်တာ။ ၈၈ မှာ ဒို့ ဗကပတွေက ဇာတ်ကွက်ချခဲ့တာ။ အခု ဗကပ မရှိတော့ဘူး။ အစပိုင်းမှာ သူ ဘာလုပ်ရမှန်း မသိဘူး။ ဦးဝင်းတင်တို့ လုပ်တဲ့နောက်ကို မှိန်းပြီး လိုက်လာတာ။ ညောင်နှစ်ပင်ကို လက်မခံတဲ့ ၀င်းတင်တို့က ဒေါ်စု ၂၀၀၈ ကို လက်ခံလိုက်ပြီ ဆိုတော့ သူတို့ စိတ်ကုန်သွားတယ်။ ၀င်းတင် စိတ်ပျက်သွားပြီး စိတ်လျှော့သွားတာ။ စိတ်လျှော့လိုက်တော့ ဘာမှ မရှိတော့ဘူး။ အဲဒါနဲ့ သေရရှာတာပဲ။ ၀င်းတင်က ကွန်မြူနစ်ဟောင်း ဖြစ်လို့ သစ္စာတော့ စောင့်တယ်။ ဒေါ်စု မှားသွားပြီ ဆိုတာ သိတယ်။ သူ မပြောဘူး။ အနီးကလူတွေကိုပဲ ရင်ဖွင့်တယ်။ ဘာဖြစ်လို့ ဒီလို ကွဲရသလဲ ဆိုရင် တစ်ကြိမ် ဖောက်ပြန်သွားပြီ ဆိုရင် တစ်သက်လုံး သစ္စာဖောက်ဆိုပြီး ငါတို့က သတ်မှတ်တယ်။ ၀င်းတင်လည်း ဒီလိုပဲ ခံစားရမှာပေါ့။ ဒါပေမယ့် ဒေါ်စုက နာမည်ကြီးချင်တာက ပိုများနေသလား။ ဒီလိုပဲ မြင်မိတယ်။ လူထုအကျိုးကို ဘာလုပ်ပေးခဲ့သလဲ။ ရီယယ်လတီကို လက်ခံရင် လူထုချမ်းသာအောင် သူ မြန်မြန် လုပ်ပေးရမယ်။ သူက သူ့လက်ထက်ရောက်မှာ လူထု ပြေလည်သွားတာမျိုး လိုချင်တာ။ ကြားထဲက လူထုက ခံပေတော့ပေါ့။ ဒါမျိုးကိုတော့ ငါတို့လည်း မကြိုက်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုစိတ်မျိုး မရှိဘူး။ သူ့မှာ ဒေါ်ခင်ကြည် ဗီဇလည်း ရောပြီးပါလာမှာပဲလေ။ ဒီလိုပဲ တွက်ရမှာပေါ့။ ဒါပေမယ့် သေချာတာကတော့ ဒေါ်စုက အောင်ဆန်းမဟုတ်ဘူး။ အောင်ဆန်းကို မမီဘူး။ ဘာဖြစ်လို့လဲ မေးလာရင် အင်္ဂလိပ် ဒီလောက်မုန်းတဲ့ အောင်ဆန်းသမီးက အင်္ဂလိပ်ကို ယူလိုက်ပြီ ဆိုကတည်းက ဇာတ်ပျက်သွားပြီ လို့ ငါဒို့ တွက်ထားပြီးသား။ ဒါဆို ငါမေးပါမယ်။ အောင်ဆန်းဦး ဘာဖြစ်လို့ အင်္ဂလိပ်မ မယူဘဲ မြန်မာမကို ယူရသလဲ။ ကျန်တာတွေ မပြောတော့ပါဘူး။ မင်းတို့ လူငယ်တွေ လေ့လာကြည့်ရင် အများကြီး သိလာပါလိမ့်မယ်။ တစ်ခုတော့ မှတ်ထား။ ဒီလောက်တော်တဲ့၊ ထက်မြက်တဲ့ သခင်စိုး ကျဆုံးရတာ သူ့ကိုယ်ရေးစာရိတ္တကြောင့်ကွဲ့။ ပြောချင်တာကတော့ ဒါပဲ။

မေး-ပိုပြီး ရှင်းအောင် ရှင်းပြပါလား။

ဖြေ-ဒီကိစ္စ ဒီမှာတင်ရပ်တော့။ နောက်ဘာမေးချင်သလဲ။

မေး-အခုဆိုရင် မြန်မာ့နိုင်ငံရေးက ဝေ့လည်လည် အီလည်လည်ကြီး ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်နေတာလဲ။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

ဖြေ- အခုအနေအထားက ဒေါ်စုကို အလယ်မှာထားပြီး မင်းတို့အားလုံး စဉ်းစားနေလို့ ဒီလို အီလည်လည် ဖြစ်နေတာ လို့ ထင်နေရတာ။ ဒေါ်စု ကွက်ရှင် ဖြစ်နေတာ။ မဖြစ်နိုင်တဲ့ဟာကို အင်ပွတ်ထည့်ထားတော့ ဘယ်လိုလုပက် အဖြေထွက်တော့မလဲ။ မှတ်ထား ဒေါ်စုက မသိကိန်းမဟုတ်ဘူး။ သူ့ကို လျစ်လျူရှုလိုက်။ အိုမစ် လုပ်လိုက်။ ဒါဆိုရင် ဘာဖြစ်မလဲ တွက်ကြည့်။ ဆိုလိုတာက သူ ရှိရှိ၊ မရှိရှိ ဘာသက်ရောက်မှုမှ မရှိတဲ့အနေအထားမျိုး တွက်ကြည့်လိုက်။ ဒါဆိုရင် မင်းတို့ လိုချင်တဲ့ အဖြေထွက်ပြီ။ အခု ကစားနေကြတာက ရှင်းအောင် ထပ်ပြောရရင် မြန်မာ့နိုင်ငံရေးဇာတ်ခုံကနေ ဒေါ်စုကို ဖယ်လိုက်။ ဒေါ်စု သမ္မတ ဖြစ်ဖို့တို့၊ ဒေါ်စု ဘာဖြစ်ဖို့တို့ ကြိုပြီး မစဉ်းစားနဲ့တော့။ ဒါဆိုရင် ၄၃၆ တွေ ၅၉(စ)တွေက အကြောင်း မဟုတ်တော့ဘူး။ ဟုတ်တယ် မလား။ စဉ်းစားကြည့်လေ။ ဒေါ်စုအတွက် အဲဒါတွေ လိုက်ပြီး စဉ်းစားနေတာ။ ဒေါ်စုက အားလုံး အဲဒီလို သူ့အတွက် စဉ်းစားလာအောင် ဖန်တီးနေတာ။ ဒီတော့ ဒေါ်စုကို ထည့်မစဉ်းစားဘူးကွာ။ ဘာခက်မလဲ။ ဘာမှ မခက်တော့ဘူး။

မေး-ဆိုလိုတာက ဒေါ်စုက ဒီတိုင်းပြည်အတွက် အနှောက်အယှက် ဖြစ်နေတယ်လို့ ပြောချင်တာလား။

ဖြေ-အနှောက်အယှက် တော့ မဟုတ်ဘူး။ သူ့အခြေအနေ သူ့ဘာသာ နားလည်အောင် လုပ်စေချင်တာပါ။ မညှာတမ်း ပြောရရင် စောင့်လေမျိုးနွယ် ဆိုတာကို မစောင့်ထိန်းနိုင်တဲ့ အမျိုးသမီးတစ်ယောက်က ဒီတိုင်းပြည်ကို စောင့်ထိန်းလိုက်နာဖို့ မယုံရဘူး။ ငါးဒို့က ရှင်းရှင်းပဲ။ ဒီလိုပြောလို့ ဘယ်ဘက်ကမှ မဟုတ်ဘူး။ ဒို့ ကွန်မြူနစ်တွေ အာဏာရဖို့ လူထုကို စစ်ပွဲထဲ ဆွဲသွင်းခဲ့တာ။ အခုထိ အကင်းမသေသေးဘူး။ ဒေါ်စုလဲ အလားတူပဲ။ သူ အာဏာ ရဖို့ လူထုကို နင်းမှာလား။ စဉ်းစားဖို့ လိုတယ်။ လူထုက တစ်ကယ်တော့ သနားစရာကွ။ ခုချိန်အထိ နိုင်ငံရေးကို သေသေချာချာ နားလည်တာ မဟုတ်ဘူး။ ကွန်မြူနစ်ဆို ကွန်မြူနစ်ခဲ့တာ။ ဗိုလ်နေ၀င်းက ဆိုရှယ်လစ် ဆိုတော့လည်း လိုက်ပြီး ဆိုရှယ်လစ်ပဲ။ ၈၈ မှာ ဒို့ဗကပက ဒီမိုကရေစီ ဆိုပြီး အော်လိုက်တော့လဲ လိုက်ပြီး ဒီမိုကရေစီတာပဲ။ အခု ဒေါ်စု လုပ်တာ လိုက်ပြီး လှုပ်ကြမှာပဲ။ ပုဂ္ဂိုလ် အရမ်းခင်တဲ့ လူမျိုးလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ခင်တဲ့မင်တဲ့ ပုဂ္ဂိုလ်ကို မုန်းမိပြီ ဆိုရင်လည်း တစ်သက်လုံး အခဲမကြေဘူး။ ဒေါ်စု အချိန်မီ အသိတရား ၀င်ဖို့ လိုတယ်။

မေး-အသိတရား ၀င်ဖို့ ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ရှင်းရှင်းလင်းလင်း ပြောပါ။

ဖြေ- ရှင်းရှင်းပြောရရင် မတန်မရာ မမှန်းနဲ့ပေါ့ကွာ။ ဒါပါပဲ။ အင်္ဂလိပ်ကို ယူထားပြီး မျက်နှာဖြူလေးတွေ မွေးထားတဲ့လူကို နို်င်ငံ့ခေါင်းဆောင်အဖြစ် ငါကတော့ မသတ်မှတ်နိုင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ကုလားဖြူနဲ့ ပေါင်းပြီး ယူတဲ့ လွတ်လပ်ရေးမို့လို့ ဒို့ လက်မခံခဲ့တာ။ ဓနရှင် ဖောက်ပြန်ရေးလူတန်းစားနဲ့ ထိမ်းမြားထားတဲ့ အမျိုးသမီးကို နိုင်ငံတော်သမ္မတအဖြစ် မမြင်ချင်ဘူး။ သူက မလျှော့ဘဲ ဆက်တိုးရင်တော့ တိုင်းပြည်အဓိကရုဏ်း ဖြစ်မယ်။ မီးဟုန်းဟုန်း တောက်သွားတယ်။ ၂၀၀၈ ပြင်ဆင်ရေး ဆိုတာ အလကား လျှောက်ပြောနေတာ။ သူ သမ္မတ ဖြစ်အောင် ပြင်ဆင်ပေးဖို့ပဲ။ အင်္ဂလိပ်က ပေါ်ပေါ်ထင်ထင်ပဲ ဒါပြင်ပေးပါ ဆိုပြီး ပြောတယ်။ ဒေါ်စု သမ္မတ ဖြစ်ရင် အင်္ဂလိပ် ခိုင်းတာ လုပ်ရမယ့် နိုင်ငံ ဖြစ်သွားမှာပဲ။ ဒေါ်စုကို တစ်သက်လုံး စောင့်ရှောက်လာတာ အင်္ဂလိပ်ပဲ။ ဒီတော့ သူ့နိုင်ငံအပေါ် သူ သစ္စာ စောင့်မှာပဲ။ ဒီလို ဆုံးဖြတ်ချက် ရှိထားလို့လဲ အင်္ဂလိပ်ကို ယူတာပေါ့။ ဒါမျိုးကို ရိုင်းရိုင်း ပြောရရင် သစ္စာခံတယ် လို့ ခေါ်တယ်ကွဲ့။

ဒေါ်စုက မလျှော့ဘဲ ဆက်တိုး လူထုကို ချနင်းပြီ ဆိုရင်တော့ အလုံးစုံ ပျက်သုဉ်းကိန်းဆိုက်ပြီပဲ။ နေရှင်နယ်လစ်တွေက ခံမှာ မဟုတ်ဘူး။ တက်ကြွသမားနဲ့ နေရှင်နယ်လစ်တွေ ထိပ်တိုက်တိုးမယ်။ လူမျိုးရေးတွေ ပါလာမယ်။ ဒီတော့ ရှင်းရှင်းလေးပဲ တိုင်းပြည်ကို စစ်တပ်ပဲ ပြန်ထိန်းရမယ်။ နိုင်ငံတွေဟာ သူတို့နဲ့ ထိုကတန်တဲ့ အစိုးရမျိုး ရတတ်တာပဲ။ ယိုးဒယားကို ကြည့်။ မြန်မာနမူနာ ယူပြီး အကောင်းဆုံး ဖြစ်အောင် လုပ်နေတယ်။

မေး-နိဂုံးချုပ်အနေနဲ့ လူငယ်တွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ-လူငယ်တွေကို ပြောချင်တယ်။ အရေးကြီးတာ တစ်ခုပေါ့။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ဒီမိုကရေစီတွေ အရေးမကြီးဘူး။ ဒါတွေက လူတွေရဲ့ ရွေးချယ်မှုပဲ။ အဓိကအချက်က ဒီတိုင်းပြည်၊ ဒီနိုင်ငံသားတွေ စီးပွားရေး ပြေလည်ပြီး ချမ်းသာဖို့၊ ကြွယ်ဝဖို့။ ဒါပဲလေ။ ဒါကိုပဲ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ ပတ်လည်ရိုက်မနေနဲ့။ ပန်းတိုင်ကတော့ တစ်ခုတည်းပဲ။ နိုင်ငံနဲ့ လူမျိုး ချမ်းသာကြွယ်ဝဖို့။ ဒီလမ်းကို လျှောက်တဲ့အခါမှာ အစိုးရက စည်းမျဉ်းတွေ သတ်မှတ်ပေးမယ်။ ပြည်သူတွေက ဒါကိုလိုက်နာရမယ်။ မလိုက်နာရင် မလိုက်နာတဲ့သူကို အပြစ်ပေးပြီး နောင်မဖြစ်အောင် လုပ်ပြတယ်။ လူတွေ စားဝတ်နေရေြးေ့ပလည်အောင် စက်ရုံ၊ အလုပ်ရုံတွေ ထူထောင်ပေးတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်ပေးတယ်။. အဖြေက ရှင်းရှင်းလေး။ မင်းဘာသာ ဒီမိုကရေစီမကလို့ အော်တို ကရေစီပဲ ဖြစ်ဖြစ် လူထု ချမ်းသာဖို့ အဓိကပဲ။

အမေရိကန် ပုံစံကတော့ ပြည်သူကို အုပ်ချုပ်တဲ့အခါ ပြည်သူကို နားလည်အောင် ရှင်းပြပြီး ပြည်သူရဲ့ သဘောတူညီချက်ကို ရအောင်ယူတယ်။ သူတို့လူ့အဖွဲ့အစည်းက အများကြီးရင့်ကျက်နေပြီ။ ဒို့အာရှဘက်မှာ ပြည်သူကို ရှင်းပြဖို့ မလွယ်ဘူး။ ပြည်သူကို ရဲရဲတင်းတင်း ဦးဆောင်မှ ရမယ်။ ဒါကို နားလည် ဖို့ လိုတယ်။. ဒို့လူငယ်တွေ အမြင်ကျယ်ဖို့ လိုတယ်။ ဒို့နိုင်ငံ ဒို့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကို ဖော်နိုင်ဖို့ လိုတယ်။ ဒို့လူငယ်တွေ အရေးကြီးတယ်။ ဒေါ်စု နောက်ထပ် အလွန်ဆုံးနေနိုင်လှ ၁၀ နှစ်ပေါ့။ ဒီထက်ကျော်ရင် ကျန်းမာရေး ကောင်းနိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ လူငယ်တွေ ကြိုးစားပါ။ ဘယ်သူကိုမှ အားမကိုးပါနဲ့။ ဒေါ်စုကိုလည်း အားမကိုးပါနဲ့။ တိုင်းပြည်နဲ့ လူထုအကျိုးကို ကြည့်ပါ လို့ပဲြေ့ပာချင်ပါတယ်။
 

.. www.MyanmarExpress.net
 

10 comments:

ဒီလိုအင်တာဗျူးမျိုး ပုဂ္ဂလိကမီဒီယာစာမျက်နှာတွေပေါ် ရောက်လာတဲ့တစ်နေ့မှ ငါတို့နိုင်ငံ တကယ်ဒီမိုကရေစီရပြီမှတ်။ ဒေါ်စုကို ဝေဖန်သုံးသပ်တဲ့စာမျိုး မီဒီယာတွေမဖော်ပြဝံ့သေးသရွေ့ မြန်မာနိုင်ငံမှာ ``စတုတ္ထမဏ္ဌိုင် စစ်စစ်´´ မပေါ်ပေါက်သေးဘူးမှတ်လိုက်ပါ။

တန်ဖိုးရှိတဲ့ တင်ဆက်မှုပါ။
တကယ်ကြိုက်ပါတယ်။

သတင်းသစ် စေါင့်နေသည်

သိပ်ကောင်းပါတယ်။ ဆောက်ရူးချီးဘရိန်းတွေကြိုက်လိုက်ရေးနေတဲ့မီဒီယာတွေနဲ့တော့ကွာပ။ဟဟ

အမှန်တရားကိုလက်ခံသူသည် လူတော်ဖြစ်သည် ဒေါ်စုတကယ်အရည်အချင်းမရှိပါ English စကားပြောတတ်တာနှင့် နိုင်ငံကို ဦးဆောင်နိုင်မည် မဟုတ် ရေမြေတောတောင်နှင့် တိုင်းရင်းသားတို့၏ သဘောကိုနားလည်ဖို့လိုသည် စီမံခန့်ခွဲတတ်ဖို့လိုသည် ဒေါ်စုစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကို သူ ဥက္ကဋ္ဌတာဝန်ယူထားသော ဗိုလ်ချုပ်ရုပ်ရှင်ထွက်မလာတာသာကြည့်ပါ ပြောထားတဲ့ အချိန်ကာလကို လွန်လုပါပြီ တိုင်းပြည်အုပ်ချုပ်သည်မှာ ထို့ထက်အဆပေါင်း
ထောင်သောင်းမက ခက်ခဲမည်မှာ မလွဲဧကန်ပါ
အမြော်အမြင်ရှိရှိ တွေးကြပါ လက်ရှိ ပိုင်ဆိုင်ထားသော ကြိုးစား၍လုပ်ဆောင်နေသော နိုင်ငံခေါင်းဆောင်များ၏ စေတနာကို မစော်ကားပါနှင့်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်