Subscribe to our RSS Feed

လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်

From : .. 7day


 လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။


‘‘သားက ရမ်းရမ်းကားကား လူငယ်ထဲမှာမပါဘူး။ သူငယ်ချင်း တွေနဲ့တော့ အဲဒီလက်ဖက်ရည် ဆိုင်မှာ ညဘက်တွေထိုင်နေကျ ပါ။ လူငယ်သဘာဝတစ်ယောက် နဲ့တစ်ယောက် နောက်နောက် ပြောင်ပြောင်နေတတ်တာကို လူ စိမ်းတွေက မသိဘူး။ ဆူညံနေ တယ်ဆိုပြီး သားတို့သူငယ်ချင်း တွေကို ဆိုင်ရှင်နဲ့မောင်းထုတ်ခိုင်း တာ။ သားတို့က တောင်းပန်သေး တယ်။ အဲဒီလူက ခက်ရင်းနဲ့ စထိုးလို့ သားမျက်နှာက သွေးထွက်လာတာနဲ့ ဒေါသထွက်ပြီးကောက်ရတဲ့ဓားနဲ့ ထိုးလိုက်တာပါ’’ဟု ဓားဖြင့်ထိုးခဲ့သော လူငယ်၏ မိခင်က ခုခံပြောဆိုသည်။

 ဇူလိုင် ၁၈ ရက်တွင် ပြစ်မှု ကျူးလွန်သူငါးဦးကို မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ ရာ ပြစ်မှုကျူးလွန်သူ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်အရွယ် လူ ငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးမှ ကလေးသူငယ်ပြစ်မှု ဖြင့် စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်သည်။

‘‘ဥပဒေအကြံတောင်းတင်ပြီးရုံးထုတ်စစ်ဆေးနေတာ။ နောက်တစ်ချိန်းကိုတော့ ဩဂုတ် ၂၀ ရက်ပြန်ချိန်းလိုက်တယ်’’ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရုံးထုတ်ချိန် ဩဂုတ် ၁၃ ရက် နံနက်ကတည်းက လူသတ်မှု ၃၀၂၊ နာကျင်စေမှု ၃၂၃ နှင့်အားပေးကူညီမှု ၁၁၄ ပုဒ်မများဖြင့်  တရားရင်ဆိုင်နေရသော လူငယ်သုံးဦး၏ မိသားစုဝင်များ မှာ အင်းစိန်မြို့နယ်၊ မြောက်ပိုင်း ခရိုင် အချုပ်ခန်းဘေးတွင် စောင့် ဆိုင်းနေခဲ့ကြသည်။
 

.. www.MyanmarExpress.net
 

9 comments:

စီစီတီဗီကင်မရာမှာတော့အဲဒီအတိုင်းမဟုတ်
ပါဘူး အဘွားကြီးဖါထေး ညာပြောနေတာပါ

စီစီတီဗီကင်မရာမှာတော့ အဲ အတိုင်းမဟုတ်ပါဘူး
အဘွားကြီးဖါထေး ညာမေတာ

ဘာမှပလီပလာပြောမနေနဲ့ စီစီတီဗွီမှာအကုန်ပါပြီးသား။ သတ်တဲ့သူကလည်း ရန်ငြိုးရှိလို့ ကြိုတင်ဓားယူလာပြီး နေ့ခင်းကြောင်တောင် ဝင်သတ်သွားတာ အရှင်းကြီး။ သတ်တာကလည်း မသေမချင်း လေးငါးဆယါချက်ဓားနဲ့ထိုးတာဆိုတော့ သေဒဏ်တောင်ပေးလောက်တယ်။ ဒီလိုမင်းမဲ့စရိုက် ရမ်းကားတဲ့အမှုတွေကို ဘာမှထောက်ညှာနေစရာမလိုဘူး။ ဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူတွေမှာ လုံခြုံမှုမရှိသလိုခံစားရတယ်။

အခုခေတ်ကလေးတွေက(ပညာတတ်သူရော မတတ်သူရော) တော်တော်လေးကို မိုက်ရိုင်းလာကြတာတွေ့ရတယ်။ အဲဒါဘာကြောင့်လဲ ? ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ ????????

ကိုယ်တိုင်မှာတာဝန်အရှိဆုံးပဲ

ဖာသည်မကြီး စောင့်ရှက်မရှိဘူးလား ကန်းနေလား ဗီဒီယိုထဲမှာ ဒီလောက်ရှင်းနေတာကို ဗြောင်လိမ်ချင်သေးတယ်၊ အဲ့လို မိမဆုံးမ ဖမဆုံးမသားကို သေဒဏ်မသေမချင်းသတ်စေလို့ ပေးရမှာ၊ ဘာမှမလုပ်ဘဲ သမ္မတဖြစ်ဖို့ပဲလုပ်နေတဲ့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌကြီးကိုလည်း ထို့နည်း၎င်းပဲ။

မိဘတွေက သေချာဆုံးမထားသင့်ပါတယ် လူငယ်တွေစုပြီး ဆိုင်ထိုင်တာမကောင်းဘူးလို့ မပြောချင်ပါဘူး ဒါပေမယ့် စည်းတော့ရှိသင့်တယ် မိဘဆိုတာက ကိုယ့်သား/သမီးကို ဆိုရင်တခြားသူတွေထက်စာရင်မှန်တယ်လို့မြင်တတ်ကြတယ် ရမ်းရမ်းကားကားထဲမပါဘူးလို့ပြောချင်ရင် ဓားကဘယ်ကကောက်လာတာလဲ ဆိုင်ထဲမှာကျနေတာလား ဆောင်ထားတာလား သေချာအောင် စီစီတီဗွီဖိုင်ထဲမှာ ရှာကြံပြီး ကြည့်သင့်တယ် မိဘချင်းကိုယ်ချင်းစာပါတယ်ဗျာ အဲဒီနေရာမှာ သေသေချာချာဆုံးမထားတဲ့ ကလေးတစ်ယောက်ဆိုရင် အဝေးကနေသော်လည်းကောင်း၊ သက်ဆိုင်ရာလူကြီးသူမကတစ်ဆင့်သော်လည်းကောင်း၊ ဒါမှမဟုတ် ရှောင်လိုက်ခြင်းဖြင့်လည်းကောင်း တစ်ခုခုပေါ့ လုပ်ဖြစ်မှာပါ တစ်ဖက်က အမှားကြီးမှားနေတယ် ဆိုရင်တောင် ကလေးကရှောင်မှာပါ ကဲခုတော့ ယောက်ျားပဲ သတ္တိသွေးပြတုန်းက ပြပြီးတော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့ ဘယ်သူမပြုမိမိမှုပဲ လွန်ရောကျွံရောမှ သေဒဏ်ပေါ့ RIP ပါပဲ

Must kill all boys.
Useless for Myanmar country.

ဒီလိုဖာထေးပြောလို့ခင်ဗျားသားအပြစ်ပေါ့သွားမယ်ထင်လား သက်သေရှိနေတာကိုဘာလို့ဗြောင်လိမ်ချင်ရတာလဲ ခင်ဗျားအဲလိုကာစီးကာစီးလုပ်လို့ခင်ဗျားသားယောင့်တက်ပီး မိမဆုံးမဖမဆုံးမဖြစ်နေတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်