Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်းကြီး ရေတစ်ဝက် ကုန်းတစ်ဝက်တွင် ရောက်နေ၊ ၆ ဂဏန်းကျရောက်သောရက်၌ ဆယ်ယူနိုင်မည်ဟုဆို

From : .. Flower News Journal


 စေတီခေါင်းလောင်းကြီး တွေ့ ပြီဆိုတာတကယ်လား။ ရေပေါ် ဘယ်တော့ပေါ်မှာလဲဆိုသည့် မေးသံတွေ ကို နေရာတိုင်းမှာ ကြားနေရသည်။ ယင်းကဲ့ သို့ မေးမြန်းသံများ ကြားနေရသော်လည်း တိကျသည့် အဖြေပေးနိုင်မည့်သူ တစ်ဦး တစ်ယောက်မှမရှိဘဲ မိမိထင်မြင်ချက်များ ကိုသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြော ဆိုနေကြဆဲသည်။

ခေါင်းလောင်းကို စိတ်ဝင်စား သည့် လူအချို့က ''ခေါင်းလောင်းကြီးတွေ့ တယ်ဆိုတာ လူတွေ လျှောက်ပြောနေတာ ပါ။ ရေထဲမှာတွေ့တဲ့ ခေါင်းလောင်းက ဓမ္မ စေတီခေါင်းလောင်းဆိုတာ ဘယ်သူက ဘယ် လို အတည်ပြုပေးမှာလဲ''ဟု ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းနှင့် ဦးဝင်းမြင့် ဦးဆောင် သော အဖွဲ့ဝင်များက ဆယ်ယူရေးလုပ်ငန်း များကို သြဂုတ် ၇ ရက်တွင် စတင်ခဲ့ပြီးအ ဖွဲ့ဝင်အင်အား ၇ဝ၊ ဆလုံရေငုပ်သမား ၁ဝ ဦး အသုံးပြု၍ ရန်ကုန်မြစ်လယ်တွင် ရှာဖွေ ဆယ်ယူလျက်ရှိသည်။

''ရေငုပ်သမား ၁ဝ ဦးကို ကော့ သောင်းကနေ ခေါ်ထားတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူပြီးရင် ရေတပ် စခန်းမှာ သန့်ရှင်းရေးလုပ်ပြီး ရွှေတိဂုံဘုရား ပေါ်မှာ ထားဖို့ရှိပါတယ်''ဟု ဦးစံလင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူခြင်းအား စောင့်ကြည့်သူ များပြားနေပြီး ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို လူ တိုင်း စိတ်ဝင်စားလာကြသဖြင့် ဆယ်ယူ ရေးအခြေအနေကို သိရှိရန် ဆယ်ယူရေး လုပ်ငန်းခွင်ရှိရာသို့ နေ့စဉ်သွားရောက်ကြည့် ရှုနေသူများလည်း ရှိနေကြောင်း သိရသည်။

''ကျွန်တော်က ဒေါပုံမြို့နယ်က ပါ။ ဆယ်ယူတဲ့အချိန်ကစပြီး ကြည့်တယ်။ ၉ ရက်ကစပြီး မနက်တစ်ခေါက် ညနေတစ် ခေါက် လာကြည့်ပါတယ်။ ခေါင်းလောင်း ကြီးကိုတွေ့ရင်တော့ အတိုင်းထက် အလွန် ပေါ့၊ ဝမ်းသာတာပေါ့။ ကျွန်တော့်အထင် ပေါ်ဖို့ ရာခိုင်နှုန်း၅ဝပဲ'' ဟု ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရေးကို စောင့်ကြည့်နေသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း မှ စက်မှုကျွမ်းကျင်(ငြိမ်း)ဦးမြရွှေက ပြော သည်။

ခေါင်းလောင်းကြီး ပေါ်လာနိုး ဖြင့် ခေါင်းလောင်းဆယ်ယူရေးနှင့် အနီးစပ် ဆုံးနေရာဖြစ်သည့် ရန်ကုန်မြို့ သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီး အေးရှားပွိုင့် ဘိုးလင်းစင်တာဝင်းအတွင်းသို့ သွားရောက် သူများ တစ်နေ့တခြား များပြားနေသည်။

''တစ်နေ့ကို လာလိုက်သွားလိုက် နဲ့ လူတွေ ထောင်ချီရှိတယ်။ အခုခြောက် ရက်မြောက်ရှိပြီ။ ရှစ်ရက်ပဲကျန်တော့တယ်။ သူတို့က သုံးထပ်သင်္ဘောပေါ်မှာ နေကြ တယ်။ ရေထဲကို သွားလို့တော့ရတယ်။ မှတ် တိုင်အမည်းရောင်ကို ကျော်လို့မရဘူး'' ဟု ဦးမြရွှေက ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို စိတ်ဝင်စားသူများထဲတွင် သံဃာ တော်များလည်း ပါဝင်နေပြီး ဆယ်ယူရေး လုပ်ငန်းများကို လာရောက်ကြည့်ရှုကြသည်။

''စိတ်ဝင်စားလို့ လာကြည့်တာ ပါ။ ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ဆယ်မှာ လဲဆိုတာကို ဓမ္မစေတီခေါင်းလောင်းကြီးကို အဖွဲ့အစည်းပေါင်းစုံက ဆယ်ခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ ဒီအဖွဲ့က တော်တော် လေး ကျိန်းသေပုံစံနဲ့ပြောလို့ လာကြည့်တာ ပါ။ ဓမ္မစေတီခေါင်းလောင်းက သမိုင်းအရ တကယ်ရှိခဲ့တာ။ အခု ဆယ်လို့ ရ၊ မရတော့ မသိဘူး။ ခေါင်းလောင်းကြီး ဆယ်ပြီးရင် သာသနာတော်အတွက်တော့ ထူးခြားမှု မရှိ ပေမယ့် မြန်မာတစ်နိုင်ငံလုံးအတွက် အကျိုး ရှိပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေတိဂုံပေါ် ပြန်ထားနိုင်ရင် မြန်မာ့သမိုင်း ပိုခိုင်မာသွားမယ်'' ဟု ငါးဆူတောင် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ရတက်ချိန် ရေလယ်အထိ သွား ကြည့်ပါက အန္တရာယ်ရှိနိုင်ပြီး ယခုကာလ သည် မိုးများသော မိုးရာသီအချိန်ဖြစ်သော ကြောင့် ဆယ်ယူရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ရန်ကုန်မြစ်အလယ်သို့ သွား ရောက်ကြည့်ရှုသူများမှာ အန္တရာယ်နှင့် ကြုံ တွေ့နိုင်ကြောင်း သိရသည်။

''အန္တရာယ်တော့ များတယ်။ ရေ လယ်ကို သွားမကြည့်သင့်ဘူး။ အန္တရာယ်ဆို တာ မြင်ရတဲ့ လေဒဏ်၊ လှိုင်းဒဏ်တွေ ရှိ သလို မမြင်ရတဲ့ အန္တရာယ်တွေလဲရှိနိုင်တယ်။ ပေးဆပ်မှုတွေ ရှိနိုင်တယ်။ လုပ်ငန်းအောင် မြင်ခါနီးအချိန်ဆိုရင် အဖျက်အမှောင့်တွေ ရှိနိုင်တယ်။ ရေလယ်ကို သွားခွင့်မပြုသင့် ဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးကို လေ့ လာကြည့်ရှုနေသော ဆရာတော်တစ်ပါးက မိန့်ကြားသည်။

လက်ရှိအချိန် မိုးရာသီကာလ တွင် ရန်ကုန်မြစ်အတွင်း လေတိုက်နှုန်းမှာ လည်း ပြင်းထန်ကာ သမ္ဗန်စီးသူများအား လှိုင်းလုံးများ ရိုက်ခတ်ခြင်း၊ သမ္ဗန်လူးခြင်း ခံရသည်။

''ရေလယ်ကို သွားကြည့်တာ ကြောက်ဖို့ အရမ်းကောင်းတယ်။ လှိုင်းလူး ပြီး မျက်နှာကို ရေတွေစင်တယ်။ လေတွေ တအားတိုက်တယ်။ မိုးရွာတဲ့အချိန်ဆို ပို ဆိုးမယ်။ အန္တရာယ်များတဲ့အတွက် မသွား သင့်ပါဘူး။ သမ္ဗန်တစ်ခါစီးရင် တစ်ယောက် ကို ကျပ် ၁ဝဝဝ ကျပါတယ်''ဟု ရေလယ် အထိသွားခဲ့သူ အမျိုးသမီးတစ်ဦးက ပြော သည်။


.. www.MyanmarExpress.net
 

2 comments:

1-THANK TO SALVAGE TEAM LEADERS AND CREW WORKING VERY HARD TO FIND THE BELL AND TO SALVAGE THE BELL.
2-BELIEVE THIS SALVAGE TEAM WILL FIND THE
TRUE ANSWER.
3-WE ALL HAVE A CHANCE TO SEE THE
DHAMMAZEDI BELL IF THE RECORDED HISTORY
IS RIGHT.
4-HOPING "NGA ZINKA"=FILIPE DE BRITO E NICOTE" NOT LEFT BEHIND THE FALSE NEWS AND FALSE RECORD.
5-WE ALL SHOULD BELIEVE IN"KAN,NYAN AND WADIYA"ONLY.
6-WE SHOULD REJECT ALL KIND OF SUPER NATURAL POWER OF "WIZARD,ZAWGYI,BOE TAW,MAE TAW,GANG SAYAR,NUT KA TAW ETC...
7-THE TEACHING OF LORD BUDDHA ONLY
ACCEPT THE UNIVERSAL TRUTH.
THE DHAMMA IS ALWAYS RIGHT IN THE ENTIRE
UNIVERSE.
BUDDHA DHAMMA NEVER NEED TO CORRECT,CHANGE OR REVISE.
WE DO NOT NEED TO DEPEND UPON SUPER
NATURAL POWER AND MIRACLE.
WE NEED TO PRACTICE DHAMMA AND THE
DHAMMA WILL SHOW THE TRUTH.
IF WE CAN SEE THE TRUE DHAMMA
WE WILL SEE BUDDHA AND SANGHA.
8-ALL BUDDHISTS SHOULD PROPERLY FOLLOW
AND PRACTICE THE "THERAVADA BUDDHISM".

1-NEARLY ALL ANXIOUS TO SEE THE DHAMMAZEDI
BELL AND THE SUCCESS OF SALVAGE OPERATION.
2-BUT NOW LOOK LIKE WAITING FOR 24TH AUGUST OR 6TH SEPTEMBER OR 15TH SEPTEMBER TO START AND COMPLETE THE
SALVAGE OPERATION. BECAUSE MANY PEOPLE
ARE SO MUCH BELIEVE THE FORTUNE TELLING,HEAR TELLING (AH KYAR AH MYIN)AND
NUMBEROLOGY.
3-WHY?BELIEVE WITHOUT CONFIRM REPORT.
4-PLEASE DO NOW AND GET THE RESULT.
5-PLEASE DO NOT PUSH MYANMAR TO
BACKWARD DUE TO WRONG FAITH.
6-HOPING ALL MYANMAR CHANGE FROM WRONG
FAITH TO TRUTH FAITH SOONEST POSSIBLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်