Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားပြေးဆွဲမည်

From : ..YMG


 လာမည့် ၂ဝ၁၆ မှ ၂ဝ၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် ကိုရီးယား၊ ဂျပန်၊ စင် ကာပူတို့ကဲ့သို့ တိုးတက်နေသည့် နိုင်ငံများတွင် လည်း လျှပ်စစ်ရထားများကို တွင်ကျယ်စွာအသုံး ပြုနေကြပြီး မြန်မာနိုင်ငံတွင်လည်း ယင်းသို့ ပြေး ဆွဲနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ လျှပ်စစ်ရထားပဲ မဟုတ်ပါ ဘူး။ မြေအောက်ရထား၊ မိုးပျံရထား၊ လျှပ်စစ် ရထားတွေကို ပြည်သူတွေသုံးစွဲနိုင်ဖို့ ကျွန်တော် တို့ စီစဉ်ထားတာတွေရှိပါတယ်''ဟု သြဂုတ် ၁၆ ရက်က ရန်ကုန်ဘူတာကြီး၌ ပြုလုပ်သည့် RBE ရထားသစ်ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်း ဌေးက ပြောကြားခဲ့သည်။

ယခင်က သာမန် ရထားတစ်တွဲလုံးတွင် အဲ ကွန်းပါ တွဲတစ်တွဲသာ ရှိခဲ့ရာမှ ယခုအချိန်၌ မီး ရထားတစ်စင်းလုံးအား အဲကွန်းများတပ်ဆင်ကာ Automatic System ဖြင့် အသုံးပြုနိုင်ခဲ့သော ကြောင့် လျှပ်စစ်ရထားကိုလည်း သေချာပေါက် အသုံးပြုနိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။

''ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ အဲ ကွန်းရထားတုန်းကလဲ တော်တော်သဘောကျ ပါတယ်။ အတွေ့အကြုံရအောင် တက်စီးရင်းနဲ့ သဘောကျသွားပါတယ်။ နောက် ဘယ်လိုရထား မျိုးပဲလာလာ၊ နိုင်ငံတကာအဆင့်မီလာရင် ပြည် သူတိုင်း သဘောကျမှာပါ''ဟု ခရီးသည်တစ်ဦး ဖြစ်သူ ဦးခင်နိုင်က ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်ရထား ပြေးဆွဲမည်ဆို ပါက လက်ရှိခုံးတံတားများအား ပြန်လည်ပြုပြင် ရမည်ဖြစ်ကာ ကိုက် ၁၅ဝ စီ၌လည်း လျှပ်စစ် ဓာတ်တိုင်များ စိုက်ထူရမည်ဖြစ်ပြီး လျှပ်စစ်သုံး ထားသည့်အတွက် လုံခြုံရေးအတွက်လည်း သေ ချာစွာပြုလုပ်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးမှာ အရှုံးပြနေပြီး တစ်နေ့လျှင် စစ်တမ်းများအရ ဘတ် ဂျက် ကျပ် ၈ ဒသမ ၈ သိန်းဆုံးရှုံးနေကာ ယခင် ကာလ၌ တစ်ရက်လျှင် ကျပ် ၂၅ သိန်း ဆုံးရှုံး ကြောင်းလည်း သိရသည်။


.. www.MyanmarExpress.net
 

6 comments:

ဘယ်နှတွဲ ဆွဲမှာလဲ

ဘယ်နှတွဲဆွဲမှာလဲ

1-WELCOME THE GOOD NEWS FOR FUTURE
RAILWAYS SYSTEM.
2-THANK TO MINISTER U THAN HTAY FOR
THE GOOD NEWS.
3-SUGGEST TO GET BETTER RAILWAYS SYSTEM
BETTER THAN JAPAN,USA,SINGAPORE AND KOREA BECAUSE WE ARE JUST BEHIND THE
OTHERS SO THAT WE CAN MODIFY NEW
DESIGN AND UPGRADE OUR RAILWAYS.
4-ALSO NEED TO EDUCATE OUR PEOPLE
FOR MORE UNDERSTANDING AND USE THE
NEW RAILWAYS SYSTEM WISELY.
5-CITY OF YANGON IS VERY CLEAN UNDER THE COLONEL TUN SEIN,MAYOR OF YANGON CITY DURING THE CARE TAKER GOVERNMENT.
6-WE BETTER PROMOTE CITY OF YANGON
AND ALL OTHER CITIES.
7-ALL PRIVATE COMPANIES ARE TRYING TO
MAKE MONEY AND THEY MAKE TIGHT CONTROL
TO GET PROFIT INCOME/REVENUE.
8-THE MINISTRY OF RAILWAYS ALSO SHOULD
RUN LIKE A BUSINESS COMPANY AND EARN
MONEY FOR FUTURE DEVELOPMENT AND
EXPANSION OF NEW AND BETTER RAILWAYS
SYSTEM.
9-NOT ONLY MINISTRY OF RAILWAYS BUT ALSO
ALL OTHER MINISTRIES TO REORGANIZE AND
RESTRUCTURE FOR BETTER SERVICES
AND EARN PROFIT MONEY WITHOUT EXTRA
BURDEN TO GENERAL PUBLIC.
10-MINISTRY OF RAILWAYS SHOULD SEND
SCHOLARS FOR TRAINING SO THAT WE CAN
RUN AND DO MAINTENANCE BY OURSELVES
WITH OUR QUALIFY ENGINEERS.
11-WE SHOULD ALSO PLAN FOR VERY LONG
CARGO TRAINS FOR RAIL TRANSPORT TO REACH
ALL CITIES BECAUSE RAIL TRANSPORT IS
MUCH CHEAPER AND MORE EFFECTIVE THAN
ROAD TRANSPORTS.
12-OUR RAILWAYS ARE OUT OF DATES BECAUSE
THE RAILS LINE ONE AFTER ANOTHER ARE JUST ONE METER = 3.2808 FEET APART BETWEEN THEM..
WE SHOULD ALSO UPGRADE MODERN
RAILWAYS SYSTEM PRESENTLY USING IN OTHER COUNTRIES.

ဘယ်သူသည်စီးဘို့လဲ ဗိုလ်ချုပ် သားသမီးသည် စီးဘို့လား နိုင်ငံခြားသားသည်စီဘို့လား

သားမြေးတွေမှီရင်ကျေနပ်ပါတယ်

ကြိုဆိုပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်