Subscribe to our RSS Feed

စည်းကမ်း မလိုက်နာသည့် LPG အရောင်းဆိုင်များ ပိတ်သိမ်းအရေးယူမည်

From : .. TL

ရေနံဓာတ်ငွေ့ (Liquified Petroleum Gas) ဖြန့်ဖြူးရောင်းချသည့်ဆိုင်များကို စွမ်းအင်ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်း၊ မီးဘေး လုံခြုံရေးအနေ အထားများနှင့် စစ်ဆေးသွားမည်ဖြစ် ပြီး မကိုက်ညီသည့် ဆိုင် များကို လိုင် စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်တွေက ဒီအတိုင်းရောင်းနေ ကြတော့ အန္တရာယ်များအတွက် ဒီ အတိုင်း လွှတ်ထားပေးဖို့ မဖြစ်ဘူးဆို ပြီး လိုင်စင်ထုတ်ပေးဖို့ စီစဉ်တယ်။ လိုင်စင် လာလျှောက် တဲ့ အရေအ တွက်ကလည်း ရာနဲ့ချီရှိလာတော့ စည်းကမ်း ချက်တွေ ထုတ်ပြန်ဖို့ ၀န် ကြီးဌာနက တာဝန်ရှိသူတွေ ဆွေး နွေး ခဲ့ကြပါတယ်။ မကိုက်ညီတဲ့ဆိုင် တွေဆိုရင်တော့ ပိတ်ရမှာပေါ့”ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ်လ ၁၂ ရက်နေ့က ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနက ဆက် လက်ချထားပေးမည့် လုပ်ငန်းလိုင် စင်များအပြင် ယခင်က ခွင့်ပြုထား သည့် ရေနံဓာတ်ငွေ့ရောင်းချသည့် ဆိုင်များကိုပါ သြဂုတ် ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် အဆိုပါစည်း ကမ်းချက်များနှင့် စိစစ်သွားမည်ဖြစ် ကြောင်း သိရသည်။

“ရန်ကုန်နဲ့ပြည်တို့မှာ ဆိုင်တွေ ရာနဲ့ချီပြီး လိုင်စင်လျှောက်လာကြ တယ်။ ဒီအတိုင်းတော့ ခွင့်ပြုလိုက် လို့မဖြစ်ဘူးဆိုပြီး မူဝါဒလေးတစ်ခု ပြုလုပ် ထုတ်ပြန် လိုက်တာပါ။ အခု စည်းကမ်းချက်တွေကို လက်ရှိဖွင့် ထားတဲ့ဆိုင်တွေအနေနဲ့ လိုက်နာပြီး ပြုပြင်ကြဖို့အတွက်ပါပဲ”ဟု စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေနံဓါတ်ငွေ့ရည် ဖြည့်တင်းပြီး ဆလင်ဒါများရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် လျှောက်ထားမှုများ အား စွမ်းအင်ဝင်ကြီးဌာနမှ ထုတ် ပြန်ထား သည့် စည်းကမ်းချက်များ အတိုင်း နေရာအဆောက်အဦး လုံ ခြုံမှုနှင့် သတ်မှတ် အနေအထား ကိုက် ညီမှုရှိမရှိ လာရောက်စစ်ဆေးပြီးမှ သာ လုပ်ငန်း လုပ်ကိုင်ခွင့် (ပါမစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်းကို လည်း သိရသည်။

စည်းကမ်းသတ်မှတ်ချက်များ နှင့် ကိုက်ညီသည့် လုပ်ငန်းရှင်များကို သာ တစ်နှစ် သက်တမ်းရှိ ရောင်းချ ခွင့်ပါမစ် ထုတ်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိပြီးနောက် စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေး ချိန်တွင် စည်းမျဉ်း၊ စည်းကမ်း များ ကို ဖောက်ဖျက်ပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းပယ်ဖျက်ခြင်း တို့အပြင် တ ရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်မည့်အဖွဲ့အ စည်းမှာ တာဝန်ရှိဝန်ထမ်း အနည်း ဆုံး ၂ ဦး သည် စွမ်းအင်ဝန်ကြီးဌာန မှ ဖွင့်လှစ်သည့် ရေနံဓာတ်ငွေ့ရည် ကိုင်တွယ် အသုံးပြုခြင်း လုံခြုံဘေး ကင်းမှုဆိုင်ရာ သင်တန်း (LPG Handing and Safety) နှင့် မီးသတ် ဦးစီးဌာနမှ ဖွင့်လှစ်သည့် မီးဘေး အန္တရာယ် ကာကွယ်ရေး သင်တန်း (Fire Fignting) သို့ မဖြစ်မနေ တက် ရောက် ရမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာန၏ ၀က်ဘ်ဆိုဒ်၌ ဖော်ပြ ထားသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်