Subscribe to our RSS Feed

အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းပါ ကွဲလွဲချက် (၃၁)ချက် ရှိသည့်အနက် (၂၆)ချက် သဘောတူညီမှု ရရှိ

From : .. MOI

အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းပါ ကွဲလွဲချက်(၃၁)ချက်ရှိသည့် အနက် ဩဂုတ် ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းမှု ကော်မတီတို့၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးတွင် (၂၆)ချက်ကို သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်ငါးချက်မှာ အခန်း (၂)တွင် ပါရှိသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်၊ အခန်း(၃)တွင် ပါရှိသည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများ၊ အခန်း(၅)တွင် ပါရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်၊ အခန်း(၆)တွင် ပါရှိသည့် ကြားကာလတွင် ပါဝင်သည့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အခန်း(၇)တွင် ပါရှိသော အထွေထွေ လက်မှတ် ရေးထိုးရန်တို့သာ ရှိတော့သည်ဟု ဆွေးနွေးပွဲ နောက်ဆုံးနေ့ည ၇ နာရီတွင် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အချောသပ်နိုင်ရေး အတွက် ဆက်လက် ဆွေးနွေးသွားရန် အချက် ငါးချက် ကျန်ရှိနေသေးသည်ဟု သတ်မှတ် ပြောကြားခဲ့သော်လည်း အခန်း(၇)သည် အထွေထွေ လက်မှတ် ရေးထိုးရန်သာ ရှိသောကြောင့် အချက် လေးချက်လောက်သာ အမှန်တကယ် ဆွေးနွေးရန် လိုအပ်တော့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ကျွန်တော်တို့ လိုချင်တာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ချုပ်တယ် ဆိုတာဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အတွက် အရေးကြီးတဲ့ ခြေလှမ်း တစ်လှမ်း ဆိုပေမယ့် အဲဒီစာချုပ် ကိုယ်တိုင်က မခိုင်မာလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ခိုင်မာမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမှာ လက်မှတ် ရေးထိုးတဲ့သူတွေဟာ တကယ် တာဝန်ရှိတဲ့သူ၊ တကယ် တာဝန်ခံနိုင်တဲ့သူမျိုး ဖြစ်ဖို့ လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်က တင်ပြရာမှာ လက်မှတ်ထိုးတဲ့သူက နိုင်ငံတော်သမ္မတ ဖြစ်ရမယ်၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမယ်။ ကျွန်တော်တို့ ဘက်ကလည်း အဖွဲ့အစည်း အသီးသီးရဲ့ ဥက္ကဋ္ဌသို့ မဟုတ် အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ရမယ်လို့ တိတိကျကျ ဖော်ပြထားပါတယ်" ဟု NCCT အဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

နှစ်ဖက် ကိုယ်စားလှယ်များ အားလုံး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေး အတွက် သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကို အမြန်ဆုံး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်ကိုယ်စားလှယ်များသည် ၂၀၁၄ မေလ အတွင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲများမှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသော အချက်များအား ယခုသုံးရက်ကြာ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီး ကျန်ရှိသည့် အချက်များအား ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးကြရန် သဘောတူကြပါကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

"နှစ်ခြောက်ဆယ်လောက် ပြည်တွင်း စစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေကို သတင်းကောင်း ပါးချင်ပါတယ်။ အလင်းရောင် ရတော့မယ်လို့ မျှော်လင့်လို့ ရပါတယ်။ မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု NCCT အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက ဆွေးနွေးပွဲအပြီးတွင် ပြောကြားသည်။


.. www.MyanmarExpress.net
 

1 comments:

1-THE PEACE IS THE DESTINY OF ALL INCLUDING
SOLDIERS ETC.....
2-BETTER GET SOON.
3-WHY TAKING LONG TIME IN NEGOTIATING
TO GET PEACE.
4-LOOK LIKE OUR PEOPLE IN MYANMAR NAING
TAW LIKE TO STAY LIKE A OBEDIENT PUSSY CATS
UNDER THE BRITISH RULES BUT WE ARE LIKE
TO KILL FATHERS AGAINST FATHERS,BROTHERS
AGAINST BROTHERS AS SOON AS WE GOT
INDEPENDENT IN 1948.
5-NEARLY WE ALL TOTALLY
FED UP,UPSET AND PA....OFF.
6-HOPING UNDERSTAND THE MEANING OF
DEMOCRACY,
HUMAN RIGHTS,
FREEDOM OF SPEECH,
FREEDOM OF PRESS AND
FREEDOM OF WORSHIP.
7-THIS IS THE BEST TIME TO GET FAIR AND JUST,
WIN WIN AGREEMENT AND SIGN THE PEACE
TREATY FOR ALL OF US.
8-STOP DESTROYING AND BREAKING THE
COUNTRY.
9-NOW THIS IS THE TIME FOR
BUILDING AND MAKING THE COUNTRY.
10-WE ALL NEED TO STAY UNITED AND
FIGHT AGAINST ENEMIES.
11-NOT TO FIGHT BETWEEN US.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်