Subscribe to our RSS Feed

စည်းကမ်းမရှိသူ အများဆုံးနေထိုင်ရာ ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများ စတင်ဒဏ်ရိုက်

From : ..the voice

ရန်ကုန်မြို့တော် အတွင်း စည်းကမ်းမဲ့ စွန့်ပစ်သော အမှိုက်များကြောင့် ရေကြီး ရေလျှံမှုများ လျှော့ချရန် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို သြဂုတ်လ ပထမပတ်မှ စတင်ကာ ဒဏ်ငွေရိုက် အရေးယူနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ “အမှိုက်ပစ်ရမယ့် နေရာ သတ်မှတ်ပေးလည်း တိုက်ကြို တိုက်ကြား၊ ရေမြောင်းတွေ၊ သံလမ်းတွေမှာ စွန့်ပစ်တာ များတဲ့ စည်းကမ်းမဲ့ သူတွေကို အရေးယူဖို့ပါ” ဟု ၎င်းက ရှင်းပြသည်။ ညပိုင်း လှည့်လည် စစ်ဆေးနေသော စစ်ဆေးရေး အဖွဲ့က သြဂုတ်လ ၇ ရက်နေ့မှ သြဂုတ်လ ၁၁ ရက်နေ့ အထိ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူ ၂၀ ကျော်ကို တစ်ဦးလျှင် ဒဏ်ငွေ ကျပ်တစ်သောင်းစီဖြင့် အရေးယူ ဒဏ်ရိုက်ခဲ့ကြောင်း၊ ဒဏ်ရိုက်ခံရသူများ အနေနှင့် နောက်တစ်ကြိမ် ထပ်မံ ပြုလုပ်ပါက ဒဏ်ငွေပမာဏ တိုးမြှင့် ပေးဆောင်ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။ စည်းကမ်းမဲ့ အမှိုက်ပစ် သူများကို ဖမ်းဆီး ဒဏ်ရိုက်နိုင်ရန် ခရိုင်တစ်ခုလျှင် စည်ပင် ရဲတပ်ဖွဲ့ဝင် အပါအ၀င် ၀န်ထမ်းအင်အား ၁၀ ဦး ပါသော စစ်ဆေးရေး အဖွဲ့ဖြင့် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက်ပိုင်းတွင် ခရိုင်အလိုက် မော်တော်ယာဉ်ဖြင့် လှည့်လည် စစ်ဆေးကာ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လှည့်လည် စစ်ဆေးမည့် အစီအစဉ်ကို ဆက်တိုက် ပြုလုပ်မည် ဖြစ်ပြီး သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ နံနက်ပိုင်း လှည့်လည် စစ်ဆေးမည့် အဖွဲ့များက ဆောင်ရွက်မည် ဖြစ်ပြီး ကျန်အချိန်များကို ညပိုင်း အဖွဲ့များက ဆောင်ရွက်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ နေ့စဉ် အမှိုက်တန်ချိန် ၁၆၀၀ ခန့် ထွက်ရှိသော ရန်ကုန်မြို့တော်၏ အမှိုက်သိမ်း လုပ်ငန်းကို စည်ပင်ဝန်ထမ်း ၃၈၀၀ ကျော်၊ အမှိုက်သိမ်းယာဉ် ၂၈၇ စီးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနက ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်

.. www.MyanmarExpress.net
 

3 comments:

စည်ကမ်းမဲ့ပစ်တာမ ကောင်းပါ တစ်ဖက်ကလည်းအိမ်တွေနဲ့ မနီးမဝေးစွန့် ပစ် ရန်နေ ရာသို့ မဟုတ်အချိန်မီ အမှိုက်ကားရှိ မရှိသုံးသပ်ရမည် ဂျာအေးသူ့ အ မေမရိုက်စေရန်

1-WELCOME FINE TO ALL ILLEGAL DUMPING
AND THROWING OF GARBAGE.
2-YCDC=YANGON CITY DEVELOPMENT COMMITTEE SUPPOSED TO DO THIS JOB LONG TIME AGO.
3-MAY NEED TO TAKE SIMILAR ACTION SINCE
1948.
4-YCDC FAILED TO DO MANY THINGS,
THAT IS THE MAIN REASON THE QUALITY OF
CITY WENT DOWN SINCE 1948.
5-WHY STREETS AND BACK YARD PASSAGE
WAYS ARE SO DIRTY.
6-WHY DRAINAGE ARE BLOCKING WITH
GARBAGE.
7-WHY SO MANY ILLEGAL STREET MARKETS.
8-WHY SO MANY STREET SIDE HAWKERS.
9-WHY SO MANY SMALL SHOPS RIGHT IN FRONT
OF PRIVATE OWNERS.
10-WHY SO MANY TRESPASSERS
ON PRIVATE LAND AND CITY LAND.
11-WHY NOT PROPER CONTROLLING TO
ALL CONTRACTORS AND BUILDING CONSTRUCTION.
12-WHY CANNOT SUPPLY THE WATER 24 HOURS AND 7 DAYS A WEEK.
13-WHY SO MANY STREETS ARE VERY NARROW.
14-WHY CITY NOT PROVIDE SUFFICIENT CAR
PARKING.
15-WHY CITY NOT EFFECTIVE INSPECTION AND
ACTION TO SHOPS/RESTAURANTS SELLING FOOD.
16-WHY ALLOW MERCHANT TO BLOCK PASSAGE
WAYS IN ALL GENERAL MARKETS.
17-WHY SO SLOW IN ALL OFFICIAL MATTERS.
18-WHY CITY NOT SUPPLY WATER TO REACH
TO THE CONSUMERS BUT NOW ALL CONSUMERS
HAVE TO DO WITH EXPENSE TO APPLY
PERMISSION,TO GET PERMIT,TO DIG THE STREET,TO PUT THE PIPE TO THE MAIN PIPE,TO
PUT THE CHECK VALVE ETC...
19-WHY SO MANY TRANSFORMERS AND
GENERATORS IN ALL STREET.
20-WHY UGLY POWER CABLES AND TELEPHONE
CABLES..
21-WHY NOT SUFFICIENT SEWAGE UNDERGROUND WORK.
22-THERE ARE SO MANY TO WRITE DOWN.
23-HOPING CITY AUTHORITY DO SELF CHECK
UP AND CORRECT THE THINGS AS NEEDED
IN TIMELY MANNER INSTEAD OF FIND FAULT
AND POINTING FINGERS ....

1-YCDC NEED TO REORGANIZE THE GARBAGE
COLLECTION AND DISPOSAL IN ABREAST WITH
INTERNATIONAL STANDARD.
2-WHY SO MANY ALCOHOL,BEER AND BEVERAGE
MARKETING SIGN BOARDS NEAR SCHOOLS AND
EVERY WHERE.
3-WHY ALLOW BARS AND ALCOHOL,BEER ETC
SHOPS IN ALL RESIDENTIAL AREA WITHOUT
THE CONSENT OF PEOPLE LIVING THERE.
4-WHY ALLOW SO MANY BARS NEAR SCHOOLS.
5-PLEASE GO AND SEE OTHER CITIES IN ASIA
AND THE REST OF THE WORLD HOW THEY ALL
HANDLING THE COLLECTION AND DISPOSING
GARBAGE.
THEY DO NOT ALLOW DUMPING IN THE STREET
LOCATED AREA AND COLLECTION AS YCDC
PRACTICING.
HOPING TO IMPROVE SOONEST POSSIBLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်