Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု ဆဋ္ဌမမြောက်နေ့ ကမ္ဘောဇဆရာတော်ကိုယ်တိုင် ရေငုပ်ဆယ်ယူရေးအဖွဲ့ သမ္ဗန်ပေါ်တွင် လိုက်ပါ ၍ မေတ္တာပွားများ၊ ရေငုပ်သူများ နှစ်ကြိမ်တိုင်ခေါင်းလောင်းတော်အား ရှာဖွေမှုပြုလုပ်

From : .. DT



ရန်ကုန်၊ ဩဂုတ် ၁၃- ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုဆဋ္ဌမမြောက်နေ့ ဩဂုတ် ၁၃ရက်တွင် ဆယ်ယူရေးတွင်ပါဝင်သော ကမ္ဘောဇဆရာတော်ကိုယ် တိုင် ရေငုပ်ဆယ်ယူရေးအဖွဲ့ သမ္ဗန်ပေါ် တွင် လိုက်ပါ၍ မေတ္တာပွားများ ခဲ့ ကြောင်း ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့၏ပြန်ကြားရေးအဖွဲ့မှသိရသည်။

ယမန်နေ့က ရေထဲသို့တစ်ကြိမ်သာ ဆင်းကာ ရှာဖွေမှုလုပ်ခဲ့ပြီး ဩဂုတ် ၁၃တွင် ရေထဲသို့နှစ်ကြိမ်ဆင်းကာ ဆရာတော်ကိုယ်တိုင်ရွတ်ဖတ် သရဇ္ဈာယ် ခဲ့ကြောင်း သိရသည်။ ''ဆရာတော်ကတော်တော်လေးကို သမာဓိအားကောင်းတယ်။ သာမည ဆရာတော်ကြီးရဲ့ တပည့်လို့လဲ သိရတယ်။ ဆရာတော်ကိုယ်တိုင် သမ္ဗန်ပေါ် မှာလိုက်ပါခဲ့တယ်လို့သိရတယ်''ဟု ခေါင်းလောင်း ဆယ်ယူမှုပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက ပြောသည်။

ခေါင်းလောင်းတော်ဆယ်ယူမှု ကို စိတ်ပါဝင်စားသူများမှာ ယနေ့ တိုင် လျော့နည်းသွားခြင်းမရှိသလို ပိုမိုများပြားလာပြီး သမ္ဗန်များဖြင့် သွားလာသူများလည်းရှိကာ မြစ်ထဲ မှ ငါးဖမ်းလှေများ အပြင် ဒလဘက် မှ ကူးတို့သမ္ဗန်များလည်း လာရောက် ပြေးဆွဲ ခဲ့ကြောင်းသိရသည်။

''အရင်နေ့တွေကတော့ လှေ လေးတွေနဲ့ သွားကြတယ်။ ဒီနေ့တော့ ကူးတို့သမ္ဗန်တွေနဲ့သွားတာများတယ်။ ကူးတို့သမ္ဗန်တွေ ကတော့ လုံခြုံတယ် လို့ထင်တယ်။ ဒါပေမဲ့ ငါးဖမ်းလှေ သမား လေး တွေတော့ ဝင်ငွေလျော့ သွားတာပေါ့''ဟု ခေါင်းလောင်း ဆယ်ယူမှုကို သာကေတမြို့နယ်မှ လာရောက်ကြည့်ရှုသူ မလွင်မာက ပြောသည်။

ယခုလက်ရှိတွင် ခေါင်းလောင်း ဆယ်ယူရေးနှင့်ပတ်သက်၍ဖြစ်ပေါ် နေသည့်အခြေအနေများကို ပြည် သူများသိရှိစေရန်အတွက် သီးသန့် ရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သော် လည်း ယခုအချိန် တွင် ခေါင်း လောင်းဆယ်ယူမှုအတွက် တစ်စုံ တစ်ရာ အနှောင့်အယှက် မဖြစ်စေ ရန် သတင်းထုတ်ပြန်မှုကို ပြုလုပ် မည်မဟုတ်ကြောင်းသိရသည်။

 ခေါင်းလောင်းဆယ်ယူရေး အတွက် လာရောက်လှူဒါန်းသူများ မှာလည်း မိမိတို့၏ယုံကြည်ချက်ဖြင့် လာရောက်လှူဒါန်းကြ သလို ခေါင်း လောင်းကြီးကို ဆယ်ယူရရှိပါက ခေါင်းလောင်း ကြီးကို ထိန်းသိမ်း ထားရှိမှုနှင့်ပတ်သက်၍ အကြံပြု ချက်တချို့ကို လည်း ပြောကြားခဲ့ ကြောင်းသိရသည်။

''လာလှူတဲ့သူတစ်ယောက်က တော့ ခေါင်းလောင်းကြီးက ရေမှာ ပျော်တယ်လို့ကြားတဲ့အတွက် ဆယ် ပြီးရင် ရွှေတိဂုံပေါ် မှာပဲ ရေကန်ထဲမှာ ထည့်ပြီး အများပြည်သူကြည့်ရှုနိုင် အောင် ပြသ ထားရင် ထပ်ပြီးတော့ မ ပျောက်နိုင်ဘူးဆိုပြီးတော့ သူ့အမြင် ကို ပြောသွားတယ်''ဟု ဦးကြည်ဝင်း ကပြောသည်။
 

ခေါင်းလောင်းကြီးဆယ်ယူနိုင် ရန် အတွက် သမ္ဗန်များဖြင့် ရေငုပ် သမားများ ရေထဲဆင်းချိန်တိုင်းတွင် တိုက်ဆိုင်မှုတစ်ခု အဖြစ်မိုးများအုံ့မှိုင်း လာပြီး ယင်းနေရာအနီးတစ်ဝိုက် တွင် အနည်းနှ င့် အများ မိုးရွာသွန်း မှုများရှိသကဲ့သို့ လှိုင်းများဖြစ်ပေါ် လာကာ ဝဲဂယက်ရှိကြောင်းကိုလည်း သွားရောက်ကြည့်ရှုသူများက ပြော ဆိုလျက်ရှိသည်။

''အနားရောက်တာနဲ့ လှိုင်း က ကြီးပြီး လှိုင်းရိုက်တာနဲ့တင် လူ တစ်ကိုယ်လုံး စိုရွှဲကုန်တာ။ ပြီးတော့ မိုးရွာတာလဲ အဲဒီဆယ်နေတဲ့ နား တစ်ဝိုက်မှာပဲရွာတယ်။ ကြည့်နေတဲ့ ကုန်း ဘက်မှာ က မိုးဖွားပဲကျတယ်။ ဒါကလဲ ထူးခြားချက်တစ်ခုလို့ ထင် တယ်''ဟု တောင်ဒဂုံမြို့နယ်မှ လာ ရောက်ကြည့်ရှုသူ အသက် ၇၆ နှစ် အရွယ်ရှိအဘိုးတစ်ဦးက ပြောသည်။

ခေါင်းလောင်းတော် ဆယ်ယူ မှုအတွက် ထင်မြင်ချက်အမျိုးမျိုး နှင့် လာရောက်ကြည့်ရှုသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာပြီး အထိုင်သင်္ဘောဖြစ်သော  ဗညားလတ် သုံးထပ် သင်္ဘော မှာနေရာ အနည်းငယ်ရွှေ့ထားကြောင်းလည်း သိရသည်။

ခေါင်းလောင်းတော် ဆယ်ယူ မှုမှာ ယခုလက်ရှိတွင် ခေါင်းလောင်း ရှိနိုင်သည်ဟု ယူဆသော နေရာရှိ နုန်းများကို ဖယ်ရှားရှင်း လင်းမှု မှာ နောက်ထပ်သီတင်းပတ် တစ်ပတ် ခန့် ကြာမြင့်နိုင်ခြေရှိသည်ဟုခန့်မှန်း ထားကြောင်းသိရသည်။

ခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်၍ ပြည်သူများ၏စိတ် ဝင်စားမှုမှာလည်း မြင့်တက်လျက် ရှိပြီး ဆယ်ယူမှုအောင်မြင်စေ ရန် လည်း ဆုတောင်းမှုများပြုလုပ်သကဲ့ သို့ ခေါင်း လောင်း ဆယ်ယူရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် ဩဂုတ် ၁၂ရက်က လည်း ရွှေတိဂုံ စေတီတော်တွင် မွန်ဘာသာဖြင့် ဝတ် ပြုဆုတောင်းပွဲတစ်ခုပြုလုပ်ခဲ့ကာ ဆယ်ယူ မှုအောင် မြင်နိုင်မည် ဟု လည်း ယုံကြည်ကြောင်းသိရသည်။


.. www.MyanmarExpress.net

2 comments:

ငဇင်ကာ ငဇင်ကာ ပေါ်တူဂီသားခွေးသူခိုး သူတောင်းစား မင်းလုပ်လို့ ငငါတို့ ရေအောက်ကမဖြစ်မနေခက်ခက်ခဲခဲဆယ်နေရတယ် မင်းသာအသက်ရှိနေရင်ငါကိုတိုင်သတ်ပစ်မယ်

အော် ရွှေတဂုံဘုရားလဲ နယချဲ့ခွေးတွေ ဌာပနာဖေါက် ခံရ တာ၂ကြိမ်မကကပါဘူးဗျာ ဘုရားရဲ့ ဆံတော်ရှင်တောင်ရှိပါအုးံမလားဗျာ အော် နယ်ချဲ့ခွေးတွေ ငါတို့ဆီက ရွှေတွေငွေတွေ ယူရုံတင်မကပါဘူး ဘုရားဌာပနာတောင်ဖေါက်ရဲတဲ့ ခွေးနယ်ချဲ့တွေ ထွိ ပခက တာတိး

maybe should as a mon how he really feel about the
whole thing.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်