Subscribe to our RSS Feed

အချိုးမညီပေမဲ့ နားလည်မှုအပြည့်အဝရှိတဲ့ နေပြည်တော် -ဝါရှင်တန် ဆက်ဆံရေး

From : .. popular


အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ကျင်းပခဲ့သောအရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲသို့  အမေရိ ကန်နိုင်ငံခြားေ ရးဝန်ကြီး ဂျွန်ကယ်ရီနှင့်ကမ္ဘာ့နိုင်ငံများမှအရေးပါသော အရာရှိကြီးများတက်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံ အတွက်သာမက ဒေသတွင်း အရေးများ အတွက်ပါ အရေးပါသော ရက်သတ္တပတ် ဖြစ်ခဲ့သည်။

အာဆီယံဒေသတွင်း နိုင်ငံအချို့နှင့် ကမ္ဘာ့စူပါပါဝါ နိုင်ငံဖြစ်သော တရုတ်တို့ကြားက တောင်တရုတ်ပင်လယ်ပြင်ပိုင်နက်အငြင်းပွားမှုသည် ယခင်အာဆီယံ ဆွေးနွေးပွဲများ အတိုင်းသိသာထင်ရှားသောအဖြေတစ်စုံတစ်ရာ မထွက်လာခဲ့ပေ။ အစဉ်အလာအတိုင်း အမေရိကန်က တရုတ်နှင့်ပိုင်နက် အငြင်းပွား အာဆီယံနိုင်ငံများအထူး သဖြင့်အ စဉ်အလာ မဟာမိတ် ဖိလစ်ပိုင်ဘက်က ရပ်တည်ခဲ့သလို တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အရေးကြောင့် တင်းမာမှုအရှိန်မြင့်လာ ရခြင်းမှာ အမေရိ ကန်ကြောင့်ဟုမာမာထန်ထန်တုံ့ပြန်ခဲ့သည်။ မည်သို့ပင်ဆိုစေ ဤဆွေးနွေးပွဲသည် အပြုသဘော ဆောင်ပြီး ဆွေးနွေးဖက်နိုင်ငံများအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ထက်မနည်း ရရှိခဲ့သည်ကို အားလုံးက ဝန်ခံထားကြသည်။

တရုတ်၊ အမေရိကန်နှင့် ရုရှားအစရှိသော ကမ္ဘာ့နိုင်ငံများ နှင့် အာဆီယံကြားဆွေးနွေးသဘောတူညီမှုများက ဒေသတွင်း နိုင်ငံများအတွက် အကျိုးဖြစ်ထွန်းစေလိမ့် မည်ဟူ သည်ကား သံသယဖြစ်ဖွယ်မရှိ။ ထိုအထဲတွင် အမြတ်အထွက်ဆုံးက အိမ်ရှင် မြန်မာပင်ဖြစ်မည်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံကိုအုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရကို ဆက်လက်အမွေခံခဲ့သည့်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရသစ်အတွက် အစဉ်အလာရန်ဘက်သဖွယ်ပြုမူဆက်ဆံခဲ့သော အမေရိ ကန်အစိုးရ ကထောက်ခံအားပေးမှုကို သိသာမြင်သာဖြစ်စေခဲ့ခြင်းကြောင့် ဖြစ်သည်။ဤဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီကိုခရီးစဉ်မစတင်မီ ရက်ပိုင်း အလိုတွင်ပင်အမေရိကန်ကွန်ဂရက်က မြန်မာအစိုးရကိုဖိအား ထပ်ပေးရန်သတိပေးပြောဆိုခဲ့သည်။

၂ဝ၁၁ ခုနှစ်မတ်လတွင် အာဏာ လွှဲပြောင်းရယူပြီးနောက်ပိုင်း ကဏ္ဍစုံပြုပြင်ပြောင်းလဲရေးကို ဆက်တိုက်လုပ်ဆောင်လာသောမြန်မာအစိုးရသစ်နှင့် အမေရိကန် အပါ အဝင် ကမ္ဘာ့နိုင်ငံ များက နေပြည်တော်နှင့် ရွှေလမ်း၊ ငွေလမ်းပြန်လည် ဖောက်ခဲ့ ကြသော်လည်း အစိုးရသက်တမ်း ၃ နှစ်ကျော် အကြာတွင် မြန်မာအစိုး ရ၏ လုပ်ရပ် များ သည် နောက်ပြန်လှည့်သည့် အခြေအနေတွင်ရှိနေကြောင်း၊ ထို့ကြောင့်ဝါရှင်တန်က နေပြည်တော်ကို ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ခြင်းဖြင့် ဒီမို ကရေစီပြုပြ င်ပြောင်း လဲရေးအတွက် သတိပေးရန် အမေရိကန်ကွန်ဂရက်က အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

သို့သော် ဇွန်လ ၉ ရက်နေ့က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ဂျွန်ကယ်ရီက ယင်းစာကို ပေးအပ်ခြင်း၊ ဖိအားပေးပြောဆိုခြင်းပြုလုပ်ခဲ့ခြင်းမရှိဘဲ အပြောင်းအလဲကာလတွင် မြန်မာကြုံတွေ့နေရသည့်စိန်ခေါ်မှုများ အခက်အခဲများကို နားလည်သိရှိပြီး ယင်းကို အောင်အောင်မြင်မြင် ကျော်လွားနိုင်ရန် ပူးပေါင်းကူ ညီပေး ရန် အသင့်ရှိနေဆဲဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

”ဒီနေ့မှာ သမ္မတဦးသိန်းစိန်ဟာ စစ်ဗိုလ်ဟောင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ပါပါဝင်တဲ့ လွှတ်တော်နဲ့အတူ လက်တွဲပြီး အလုပ်လုပ်နေပါတယ်။ ဖြစ်လာနိုင်တဲ့ အလားအလာလည်း အများကြီး တွေ့ရပါတယ်။ ရှေ့မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အမေရိကန်သမ္မတရဲ့ ထောက်ခံမှုကို ရရှိနေပါတယ်ဆိုတဲ့ အကြောင်း မြန်မာပြည်သူတွေကို အသိပေးပြောကြားလိုပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ပြော သည်။

”မြန်မာအစိုးရရဲ့ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်း လဲရေးမှာ ရရှိထားတဲ့အောင်မြင်မှုတွေကို အထင်မကြီးဘဲနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဂျွန်ကယ်ရီ က မြန် မာအစိုးရက လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြု ပြောဆိုခဲ့သည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင်ကြုံတွေ့နေရသော အခက် အခဲများ၊ စိန်ခေါ်မှုများ အမြောက်အမြားရှိနေပြီး ယင်းတို့ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ရေးက လွန်စွာအရေးကြီးသည်ကို လက်ခံထားကြောင်းကယ်ရီက ပြောသည်။

ဦးသိန်းစိန်အစိုးရသည်လည်း ကျန်ရှိသက်တမ်း တစ်နှစ်ကျော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရန် အလောတကြီး လုပ်ဆောင်နေ သည် ကို တွေ့ရသည်။ သိသာမြင်သာသော အဓိကအောင်မြင်မှုတစ်ခုအဖြစ် နိုင်ငံ တကာအလယ်တွင် ဤဖြစ်စဉ်ကိုချပြနိုင်လျှင် အစိုးရ၏ဂုဏ်သိက္ခာကို အရောင်တင်နိုင် မည်ဖြစ်ပြီး အလားအလာလည်း အကောင်းဆုံးအနေအထားတွင် ရှိသည်။

သုံးနှစ်ကျော်ကြာကာလအတွင်း ရာနှင့်ချီသော တွေ့ဆုံ ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင်လာခြင်းရလဒ်ကို လည်း ရေးတေးေ တးမြင်နေရပြီ ဖြစ် သည်။ပြုလုပ် ခဲ့ပြီးေ သာ ဒုတိယအကြိမ်မြောက် လိုင်ဇာတိုင်း ရင်းသားလက်နက်ကိုင် ထိပ်သီးဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်မှာ လာမည့်နှစ်လ အတွင်းဖြစ်လာနိုင်ကြောင်း  ကြိုတင်မှန်းဆသံများ ကြားနေရ သည်။ ထို့နောက်တွင် နိုင်ငံရေးဆွေးနွေးပွဲသို့ တစ်ဆင့် တက် လှမ်းနိုင်မည် ဖြစ်သည်။

၂ဝ၁၅ တွင်တစ်နိုင်ငံလုံး သေနတ်သံစဲအောင် လုပ်ဆောင်ပေးနိုင်ခဲ့မည်ဆိုလျှင် ယခုအစိုးရသည် သမိုင်းဝင်သော နိုင်ငံတာဝန်တစ်ရပ်ကို ထမ်းဆောင်နိုင် ခဲ့ခြ င်းဖြ စ်ပြီး ပြည် တွင်း၊ ပြည်ပအင်အားစုအားလုံးလိုလို၏ ချီးကျူးထောက်ခံမှုကို ရရှိမည်က မလွဲပေ။ ”အခု ၁၂ ဖွဲ့လား၊ ၁၅ ဖွဲ့လား မသိဘူး။ တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ မြန်မာအစိုးရက ငြိမ်းချမ်းရေးကိစ္စ ဆွေး နွေးနေပါတယ်။ ဒါဟာ အလွန်ခက်ခဲတဲ့ကိစ္စပါ။ ပြီးတော့ဒါက အောင်မြင်ပြီးမြောက်သွားဖို့လိုတဲ့ အရေးကြီး ကိစ္စ တစ်ခုပါ”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အလေးထားပြောဆိုခဲ့သည်။

ထို့အတူလူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တန်းတူမျှတရေးကဲ့သို့သော အခြားအခြားသောစိန်ခေါ်မှု၊ အခက်အခဲများကိုလည်း မြန်မာအစိုးရ အနေနှင့် အောင်မြ င်ကျော်လွားရန် လိုအပ်ကြောင်းလည်း အလေးထားပြောသွားသည်။ သို့ရာတွင် အမေရိကန်ကွန်ဂရက်၏  မြန်မာ့ပြုပြင်ပြောင်း လဲရေးသည် နောက်ပြန်လှည့်နိုင် သည့်အ လားအလာရှိနေသည် ဟူသောအချက်ကိုမူ သူလက်မခံနိုင်ဟု အရိပ်အမြွက်ပြောဆိုခဲ့ပြီး မြန်မာအစိုးရ၏ လက်ရှိလုပ်ဆောင်နေမှုများကို ဆက် လက် ထောက် ခံပေးနေ မည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသည် ဝေဖန်အပြစ်တင်မှုများ ကြုံတွေ့နေရသော မြန်မာအစိုးရအတွက် အလွန်တရာတန်ဖိုးရှိသောလက်ဆောင် တစ်ခု၊ ဆုလာဘ်တစ်ခု ဖြစ်မည်။ ဝါရှင်တန်က လည်း နေပြည်တော်နှင့်ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖို့ လိုအပ်သည်ကို သိသည်။ ၂ဝ၁၂ ခုနှစ် သမ္မတ အိုဘားမား၏ မြန်မာခရီးစဉ်က အမေရိကန်စီးပွာရေး လုပ် ငန်း များကို အခွင့်အလမ်းများသော မြန်မာ့စီးပွားရေးလောကသို့ ဝင်ရောက်ရင်းနှီးကြရန် မီးစိမ်းပြလိုက်ခြင်းပင်ဖြစ်သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းတို့လည်း လက်မနှေးပါ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို အိုဘားမားအစိုးရ ဖြေလျှော့ပေးသည်နှင့် ကိုကာကိုလာ(စားသောက် ကုန်လုပ်ငန်း)နှင့် ဂက်ပ်(အဝတ်အထည်လုပ်ငန်း)ကဲ့သို့သော မဟာအင်အားကြီး စီးပွားရေးလုပ်ငန်းတို့က ဖွံ့ဖြိုးစဈေးကွက်သို့ တိုးဝင်လာကြသည်။ သို့ရာတွင်အမေရိ ကန်စီးပွားရေးလုပ်ငန်းများအဖို့ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန်သတိကြီးကြီးထားနေကြရသလိုဈေးကွက် လက်ဦးမှုရယူဖို့ အခက်အခဲအချို့တို့လည်း ရှိနေသေးသည်။

သို့ရာတွင် နောင်နှစ်နှစ်အကြာ ဂျွန်ကယ်ရီ ခရီးစဉ်တွင် တော့ ယင်းကိစ္စကို ဖြေရှင်းပေးခဲ့သည်။ ကွန်ဂရက်က တောင်းဆိုနေသော်လည်း မြန်မာအပေါ် ပိတ်ဆို့ အရေး ယူမှုများ ဖြေ လျှော့ပေးမှုကို ပြန်လည်သုံးသပ်ရန်မရှိဘဲ ထပ်မံဖြေလျှော့ပေးမည့် သဘောကိုပင် ထည့်သွင်းပြောဆိုခဲ့သည်။ ”လာမည့်နှစ်ဆိုရင် ပိတ်ဆို့မှုအချို့ ထပ် မံဖြေေ လျှာ့ပေးဖို့ ရှိပါတယ်။ လူပုဂ္ဂိုလ်အပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့ မှုတော့ မဟုတ်ဘူးပေါ့”ဟု ၎င်းက ဆိုခဲ့ရာ အမေရိကန်၏ မူဝါဒနှင့် ကိုက်ညီမှု မရှိသော စီးပွားေ ရး လုပ် ငန်းရှင်များနှင့် စစ်ဗိုလ်ချုပ် ဟောင်းများအပေါ်ချမှတ်ထားသော ပိတ်ဆို့မှုကိုမူ ဆက်လက်ထားရှိဦးမည့်သဘော ဖြစ်သည်။

ယခင်က ပြိုင်ဘက်သဖွယ်ဖြစ်သော နိုင်ငံများအပေါ် တင်းတင်းမာမာဆက်ဆံခဲ့သောအမေရိကန်သည် သမ္မတအို ဘားမားလက်ထက်တွင် နိုင်ငံခြားရေး မူဝါဒကို ပြောင်း လဲကျင့် သုံးခဲ့ပြီးအသွင်ပြောင်း မြန်မာအစိုးရအပေါ်တွင်လည်း ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံလာသည်။ ထိုသို့ အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒအပြောင်းအလဲ သည် အလုပ်ဖြစ်ကြောင်းကိုလည်း သမ္မတအိုဘားမားက မြန်မာ့အပြောင်းအလဲကို နမူနာပြကာတရားဝင်ထုတ်ဖော် ပြောဆိုခဲ့သည်။

”မြန်မာလို နိုင်ငံမျိုးကို ကြည့်လိုက်ပါ”ဟု အိုဘားမားက ၂ဝ၁၄ ဇူလိုင်လ အစောပိုင်းတွင် အမေရိကန် WEST POINT စစ်တက္ကသိုလ် ကျောင်း ဆင်းပွဲ တွင် ပြော ခဲ့ သည်။”လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို မြန်မာဟာ အလုံးစုံအာဏာရှင်စနစ်ကိုကျင့်သုံးနေခဲ့ပြီး အမေရိကန်ကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတစ်ခုပါ။ အခုဆို ကျွန်တော် တို့ နှ စ်နိုင်ငံသံတမန်ဆက်ဆံရေးပြန်လည်စတင်ပြီ။ အခြေခိုင်မာနေပါပြီ” ဟု အိုဘားမားက ဆိုခဲ့သည်။

တစ်နည်းအားဖြင့် မြန်မာအစိုးရက အမေရိကန်၏ ထောက်ခံမှုကိုရရှိလိုနေသကဲ့သို့ ဝါရှင်တန်ကလည်း နေပြည်တော်၏အပြောင်းအလဲကို ၎င်းတို့နိုင်ငံခြားရေးမူ ဝါဒ အပြောင်းအလဲ၏ အောင်မြင်မှုတစ်ခုအဖြစ် ရုပ်ပြအသုံးချလိုနေသည်။ ယင်းသဘောထားများကို ပြုလုပ်ပြီးစီးခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးပွဲသို့ တက်ရောက် လာသောအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သက်သေထူနေသည်။

”မြန်မာအပေါ် ပိတ်ဆို့မှု ပြန်လည်သုံးသပ်ဖို့အကြောင်းပြချက်နဲ့ ဖိအားထပ်ပေးစရာမလိုပါဘူး။ဘာလို့ဆိုတော့ အပြောင်းအလဲဟာ ကျွန်တော်တို့ ဖြစ်စေ ချင်တဲ့ အ တိုင်း ဖြစ်နေလို့ပါ”ဟု ၎င်းက ပြောသည်။ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသောရွေးကောက် ပွဲအဖြစ်  နိုင်ငံတကာက အသိ အမှတ်ပြုေ စရန် အ တွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် အရေးပါသည်ဟု ၎င်းက ပြောဆိုခဲ့သည်။ သို့သော် ဦးသိန်းစိန်အစိုးရကို တင်းတင်း မာမာဖိအားပေးပြော ဆိုခဲ့ပုံမပေါ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဂျွန်ကယ်ရီက အမေရိကန်နိုင်ငံခြားရေးမူဝါဒ ၏ အောင်မြင်မှုပြယုဂ်ဖြစ်သော မြန်မာကိုမဆုံးရှုံးလိုသောကြောင့် ဖြစ်သည်။

”ကျွန်တော်တို့ တအားကြီး ခုန်ပျံကျော်လွှားတာတွေ မလုပ်ဘဲနဲ့  အရမ်းအရမ်းကိုသတိထားပြီး အလုပ်ဆက်လုပ် ကြရပါမယ်”

ကျော်ရဲလင်း၊ သုတလင်း ရေးသားသည်။..


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်