Subscribe to our RSS Feed

NLD ကို အစိုးရလုပ် အုပ်ချုပ်ပါ ဆိုရင်တောင် တကယ့်ဝန်ကြီးအဆင့် အရည်အချင်း ပြည့်မီသူတွေ ရှိသလား

From : .. https://www.facebook.com/MyanmarHeadlineNews


“NLD အနေနဲ့လည်း ပြင်ရမယ်။ နောက် ဒေါ်စုမရှိရင် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ဒီလိုပြောလို့ စိတ်ဆိုးလို့ရတယ်။ ဒေါ်စုက အမြဲတမ်း ရှိနေမှာမှ မဟုတ်တာ၊ ဒါက အမှန်တရားပဲ။ NLD ကလည်း ဒေါ်စုကို ဖမ်းထားချိန်မှာ လူတွေကို အရည်အချင်းရှိအောင် လုပ်ခဲ့ရမှာ ဘာမှမလုပ်ခဲ့ကြဘူး။ အချို့ကတော့ လုပ်ခွင့်မရှိတာလည်း ပါတာပေါ့။ အခြေအနေအရ လက်ရှိမှာ NLD ကို အစိုးရလုပ် အုပ်ချုပ်ပါ ဆိုရင်တောင် တကယ့်ဝန်ကြီးအဆင့် အရည်အချင်း ပြည့်မီသူတွေ ရှိသလား။ ရှင်းရှင်းပြောရရင် ဒေါ်စုတစ်ယောက်ပဲ၊ ဒေါ်စုအနေနဲ့လည်း အသေးစိတ်ကအစ အကုန်လိုက်လုပ်နေစရာ မလိုဘူး။ အခုတော့ အကုန်လိုက်လုပ်နေတယ်လို့ ဦးမြင်တယ်။ အဲဒီတော့ ကျန်တဲ့သူတွေကလည်း ဘာမှ မလုပ်ရဲတော့ဘူး။ နောက်တစ်ချက်က နိုင်ငံရေးမှာ အရေးကြီးဆုံးက ဗျူဟာ၊ NLD မှာ အားအနည်းဆုံးက ဗျူဟာပဲ” လို့ ပြောပါတယ်။

သြဂုတ်လ ၇ ရက်နေ့ထုတ် Venus News ဂျာနယ်ပါ
ဆောင်းပါးရှင် စိန်ဗေဒါ၏ “ရှေ့ခရီးလမ်း ဘယ်လိုလျှောက်လှမ်းမလဲ NLD” ဆောင်းပါးမှ ကောက်နုတ်ချက်


.. www.MyanmarExpress.net
 

8 comments:

မဆလ ခေတ်မှ သည် လက်ရှိ ပြောင်ကြီး ခေတ်အထိ အုပ်ချုပ်သူများက တော့ တိုင်းပြည် အဆင်းရဲဆုံး အဆင့်ထိ ရောက်လောက်အောင် လုပ်နိုင်ခဲ့သည် အရည်အချင်းများ ရှိတယ်ဆိုတာ ကမ္ဘာက သိပါတယ်။ အဲလို အရည်အချင်းမျိုးကိုပြောတာလား ။

အရင်အစိုးရတွေအုပ်ချုပ်တာမှ တိုင်းပြည်မွဲရုံပဲမွဲမယ်။ ဒေါ်စုသမ္မတဖြစ်လို့ကတော့ တိုင်းပြည်ပြိုကွဲပြီး ဘာသာပျောက်ရော့မယ်လကွယ်။

ထောင်ထွက်တွေပဲ လမ်းပေါ်ထွက်အော်ဖို့လောက် တတ်တော့မပေါ့။

တိုင်းပြည်ဆင်းရဲရသည့် အကြောင်းကို ဦးနုခေတ်နောက်ပိုင်းတက်ခဲ့သည့် တပ်မတော်အစိုးရ အသီးသီးကိုဘဲပုံချ၍ မသင့်ပါ။ အခု NLD ကိုဖွဲ့စည်းခဲ့ကြပြီး ဆက်လက်ပြီးလည်း ကြိုးကိုင်နေကြ ဆဲ ဖြစ်သည့် လက်ဝဲနိုင်ငံရေးသမား အဆက်ဆက်မှာလည်း ပိုပြီးတာဝန် ရှိနေပါတယ်။ လက်ဝဲနိုင်ငံရေးသမားတို့ ဟာ အရင်းရှင်စံနစ်ပုဂ္ဂလိကစီးပွားရေး ကို ဆန့်ကျင်ကြရုံမက၊ တိုင်းပြည်မငြိမ် သက်အောင်လုပ်ရာမှာလည်း အလွန် ကျွမ်းကျင်ကြပါတယ်။ လက်ဝဲသမားတို့ ဟာ အခု NLD ကို ဦးစီးနေကြပေမယ့်၊ အရင်းရှင်ဒီမိုကရေစီကို နှစ်နှစ်ကာကာ ဘယ်တော့မှ လက်မခံကြပါ။ တိုင်းပြည် မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်သ ထက် နက်အောင် အခု NLD ကဆက် လုပ်လိမ့်မယ်ဆိုတာ တဖြည်းဖြည်းနှင့် ဇာတိရုပ်တွေ ပေါ်လာပါလိမ့်မယ်။ ဒေါ်စု ဆိုတာဟာ လက်ဝဲခေါင်းဆောင်တို့ရဲ့ ရုပ်သေးမျှသာဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံခြားက အကူအညီတွေ မရအောင်
ဒေါ်စုဟန့်တားနေတာ လူတိုင်းသိပါ တယ်။ အခုလည်းဘဲ တိုင်းပြည်ငြိမ်း ချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး ကို တခြားပါတီတွေ လက်မှတ်ထိုးကြပါ
လျက်နှင့် NLD က လက်မှတ်မထိုးဘူး
လို့ ဒီနေ့ သြဂုတ် ၁၅ ရက် သတင်းတွေ မှာဖတ်နေရပါတယ်။ ဒါဟာ တကယ်
တော့၊ တိုင်းပြည်မှာ အရင်းရှင်ဒီမို ကရေစီရှင်သန်မှု နှောင့်နှေးအောင်၊
ဒေါ်စုနှင့် သူ့ကိုကြိုးကိုင်နေတဲ့ လက်ဝဲဝါဒီများ ဦးဆောင်နေတဲ့ NLD ရဲ့ နိုင်ငံရေးဇာတိရုပ်ကို မင်းသမီးခေါင်း ချွတ်ပြီးဘီလူးမခေါင်း ပြောင်းတပ်ပြီး ပြသလိုက်ခြင်းလို့ ယူဆနိုင်ပါတယ်။
တပ်မတော်အစိုးရ အနေနှင့် အရင်းရှင် ဒီမိုကရေစီစနစ်ကို ဒေါ်စု နှင့်လက်ဝဲဝါဒီ များက ဘယ်လိုဘဲ ဟန့်တားဟန့်တား ဦးလည်မသုန် ဆက်လက်ထူထောင် သွားနိုင်ပါစေကြောင်း ဆုတောင်းလျက်။

Aussie


ဟုတ်တယ် အရည်အချင်းရှိလို့အခုအချိန်ထိတစုတစည်းတည်း ရပ်တည်နေနိုင်နေတာမြင်တယ်မဟုတ်လား အဲဒါငါတို့ခေါင်းဆောင်တွေပဲ ချီးကျူးတယ် လေးစားတယ် အသုံးမကျတဲ့ တိုင်းပြည်အကျိုးမပြုတဲ့ နိုင်ငံရေးသမားတွေလုပ်နေတာကြည့်ပြီး အော့ကြောလန်လာတဲ့အတွက် အဘတွေကိုပိုပြီး လေးစားပြီးရင်းလေးစားလာတယ် အရင်က ငါလည်း အဘတွေကို နှာခေါင်းရှုံ့ချင်တဲ့သာမန်လူပါ အခုမဟုတ်တော့ဘူး သမ္မတကြီးဘယ်လောက်လေးစားစရာကောင်းလဲ အောက်စဖို့ဒ်ဘာလုပ်မလဲ အထင်မကြီးဘူး စောင့်လေမျိုးနွယ်ဂုဏ်ပုဒ်တစ်ခုတောင်မစောင့် ထိန်းနိုင်သူဟာတိုင်းပြည်ကိုဘယ်လိုထိန်းမလဲ ငါတို့အဘတွေက ဆင်းပဲဆင်းရဲတာ အမျိုးမစောင့်နိုင်သူအုပ်ချုပ်မှတိုင်းပြည်ပါပျောက်မယ်

NIDမှာ တကယ်အရည်အချင်းမရှိတာအမှန်ပါ

ဟုတ်ပါတယ် နိုင်ငံတကာက ပိတ်ဆို့ဖို့လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကအကူအညီတောင်းခဲ့တာဘယ်သူတွေပါလဲ ဖြေလျော့ဖို့ နိုင်ငံတကာက လုပ်တော့လည်း မယုံဖို့ပြောတာဘယ်သူလဲ ပြည်သူဆင်းရဲ မှာအရမ်းသဘောကျပုံပဲ လူထုခေါင်းဆောင်အဖြစ်ဘယ်သူတွေတင်မြှောက်ကြပါလိမ့် တို့တော့မပါ ယုံကြည်ရမယ်ဆိုရင် တပ်မတော်ကိုပဲ ယုံကြည်မှာပေါ့ တိုင်းပြည်ဖျက်ဆီး မဲ့ သူတွေကိုသာ ယုံကြည်မိရင် အနာဂတ်ကိုတွေး ကြည့်ပါ ၅၉ စ ဆိုတာ တစ်ဦးတည်းကို ရည်ရွယ်ထားတာမဟုတ်ပါ မြန်မာပြည်ရဲ့အခြေအနေက ဒီလိုဖြစ်နေတာပါ ရာဇဝင်ကိုပြန်လှန်ကြည့်လိုက်ပါ ပုဂံခေတ်ဆိုတာ ကိုလိုနီခေတ်နဲ့ဘယ်လိုမှမယှဉ်နိုင်အောင်စောတဲ့ကာလပါ ပထမမြန်မာနိုင်ငံတော်လေ ကျန်စစ်သားမ
င်းကြီးဟာသမီးတော်ရွှေအိမ်စည်နဲ့ ပဋိက္ခယားမင်းသားနဲ့မေတ္တာမျှတဲ့အခါ ဆုံးဖြတ်ခဲ့တဲ့စောလူးမင်းရဲ့သားတော်နဲ့လက်ထပ်ထိန်းမြားပေးပြီးမြေးတော်ကိုအိမ်ရှေ့အရာပေးခဲ့တာဟာ ၅၉ စ ပေါ့ ပြည်သူကို မပြောလိုပေမဲ့ အုပ်ချုပ်သူကတော့ စံရှိရပါမယ်

1-MANY PEOPLE IGNORING THE SUGGESTIONS
AND COMMENTS.
2-VERY FEW PEOPLE UNDERSTAND THE VALUE
OF SUGGESTIONS AND COMMENTS.
3-"ACTUALLY PEOPLE SHOULD THANK TO THE COMMENTATORS AND WILLING ACCEPT THE RIGHT SUGGESTIONS AND COMMENTS AS IS
SHOWING HIM/HER WHERE TO FIND THE
TREASURE'".(AS PER LAW KA THAR RA PYO).
4-THE ABOVE IS THE VALUABLE ADVICE.
5-LEAVE IT OR TAKE IT.
6-EVERYBODY WRITES HIS/HER OWN HISTORY
WITH HIS/HER OWN WILL;WILL REGRET LATER AFTER DONE SO MANY
MISTAKES AND CANNOT CHANGE FOR RIGHT
BECAUSE TOO LATE.
7-WILL MISS THE DEADLINE IF NOT CHANGE
ON TIME.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်