Subscribe to our RSS Feed

မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲ စက်တင်ဘာလကုန် ကျင်းပမည်

From : ..mizzima


 မဏ္ဍိုင်လေးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် မီဒီယာတို့၏ ဆွေးနွေးပွဲကို စက်တင်ဘာလကုန်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ အကောင်အထည်ဖော်နိုင်ရေရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့ သြဂုတ်လ ၁၆ ရက်က ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးခဲ့သည်။

မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲအတွက် ကောင်စီနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးသွားဦးမည်ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

“ရက်အတိအကျတော့ မသိရသေးပါဘူး။ လာမယ့် တစ်ပတ်၊ နှစ်ပတ်အတွင်း တွေ့ဆုံဖြစ်မယ်ထင်ပါတယ်။ လေးပွင့်ဆိုင်ကိစ္စတွေ၊ သတင်းမီဒီယာတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဆွေးနွေးသွားမှာပါ”ဟု ဦးကျော်မင်းဆွေက ပြောကြားခဲ့ဖူးသည်။

ကောင်စီနှင့် သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၁ရက်က တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထ မဏ္ဍိုင် (မီဒီယာ)တို့ အကြား တာဝန်ဝတ္တရား နှင့် ကျင့်ဝတ်စည်းကမ်းများကို အပြန်အလှန် နားလည်စေမှု နှင့် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ ကျင်းပသွားရန် သဘောတူညီချက် ရရှိခဲ့သည်ဟု ကောင်စီက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်