Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်းကြီးအမှန် တကယ်ရှိမရှိ လာမည့် ၂၆ရက်တွင်အတည်ပြုနိုင်မည်

From : .. UD

ဓမ္မစေတီခေါင်းလောင်း အမှန် တကယ်ရှိမရှိဆိုသည်နှင့်ပတ်သက် ၍ ယခုလ ၂၆ရက်မှသာအတည် ပြုနိုင်မည်ဟု ခေါင်းလောင်းဆယ် ယူရေးအထောက်အကူပြုဆပ်ကော် မတီမှ ဒုဥက္ကဋ္ဌ(၁)ဦးနိုင်မင်းအောင် ကပြည်ထောင်စုနေ့စဉ် သို့ပြောသည်။

ခေါင်းလောင်းတွေ့ရှိပြီဆိုသည့် သတင်းများနှင့်ပတ်သက်၍မေးမြန်း ရာတွင်''အခုဦးစံလင်းတို့ရေငုပ်သ မားတွေရဲ့ ပြောပြချက်အရသူတို့တွေ့ တဲ့ခေါင်းလောင်းပုံသဏ္ဌာန်ဖြစ်လား၊ မဖြစ်လား ကျွန်တော်မပြောပြနိုင် ဘူး။ သူတို့က ခေါင်းလောင်းတွေ့ ပြီ။ ဒီလောက်ပဲပြောတယ်။ မနေ့ ကလဲဆက်တူးနေပါတယ်။အတိတ် နိမိတ်အရ ၂၆ရက်မှ တွေ့တဲ့ပစ္စည်း က ခေါင်းလောင်းကြီးလား၊ သေး လားအတည်ပြုပေးနိုင်မယ်''ဟု ၄င်းကပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ခြင်းကို ယခုလ ၉ရက်မှ စတင်ရှာ ဖွေတူးဖော်နေခြင်းဖြစ်ကာရက်သတ္တ နှစ်ပတ် သတ်မှတ်ထားကြောင်း သိရသည်။

''သူတို့က ဘယ်သူ့ကိုမဆို တောင်းပန်ထားတယ်။ အဆက် အသွယ်မလုပ်ပါနဲ့ဦးဆိုပြီးတော့ အခုလဲ အဆက်အသွယ်မရှိကြ ဘူး''ဟုခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့မှဒုဥက္ကဋ္ဌ(၁) ကပြောသည်။

ခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ် နေကာ ခေါင်းလောင်းရှိသည်ဟု သတ်မှတ် ထားသည့်နေရာမှသဲများ၊ နုန်းများစုပ်ထုတ်ခြင်းကိုသောင်တူး စက်ဖြင့် ယခုလ ၁၈ရက်ကစတင် သော်လည်း ၁၉ရက်၌သောင်တူး စက်ချွတ်ယွင်းသွားသဖြင့် လုပ်ငန်းလုပ်ကိုင်မှုများ ရပ်ဆိုင်းထားရ ကြောင်း သိရသည်။

ခေါင်းလောင်းကြီးဆယ်ယူခွင့် ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဦးစံလင်း၊ ဦးဝင်း မြင့်တို့က ရှာဖွေတူးဖော်နေခြင်း ဖြစ်ကာ သမိုင်းအထောက်အထား များအရ ခေါင်းလောင်းကြီးနစ်မြုပ် ခဲ့သည်ဆိုသော ရန်ကုန်မြစ်၊ ပဲခူး မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ဆုံရာ အနီးတွင် တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

3 comments:

1-APPRECIATE AND RESPECT THE TEAM LEADERS
AND THE SALVAGING TEAM FOR THEIR HARD
WORKING TO FIND AND TO SALVAGE THE ASSUMED SUNKEN DHAMMAZEDI BELL.
2-NEED TO POINT OUT THE FOLLOWINGS;
WHY CANNOT CONFIRM THE BELL PRESENTLY
UNDER THE WATER IS EITHER THE DHAMMAZEDI
BELL OR NOT DHAMMAZEDI BELL.
THE HISTORICAL RECORD IS TRUE OR FALSE.
WHY ANY PERSON AND ANY SUPER NATURAL
BEINGS CANNOT TELL AND CANNOT HELP TO
FIND AND TO SALVAGE AND TO PUT BACK IN
THE ORIGINAL PLACE ON SHWE DAGON PAGODA. HILL.
WHY? MAY BE THEY DO NOT KNOW AND MAY BE
THEY HAVE NO POWER TO DO THE JOB.
3-MAY BE "NGA ZINKA" AND THE HISTORIANS
ARE CHEATING AND MISLEADING MYANMAR OR WHAT?
4-MAY BE "BGA ZINKA" STOLE THE GREAT BELL
AND SET UP THE FALSE HISTORY.
4-HOPING TO HEAR THE GOOD NEWS
SOONEST POSSIBLE.

GOOD LUCK TO TEAM LEADERS AND SALVAGE
TEAM CREW.

လှည်းကူးမြို့က အဖွားကြီးတစ်​​ယောက်​ကို နဂါးဝင်​ပူးတယ်​ဆိုပြီး လုပ်​ဇာတ်​​တွေခင်း ​လေသံ​တော့လွှင့်​ထားပြီး ​လေကြီး မိုးကြီး​ပြောပြီး မ​တွေ့တဲ့အဆုံး နဂါး​တွေကပဲ မ​ကျေနပ်​လို့ ဖွက်​ထားသလိုလို ပူ​ဇော်​ပသပုံ့​တွေမှားလို့ ရှိလျက်​နဲ့မ​တွေ့​အောင်​လုပ်​ထားတာလိုလို ဇာတ်​ညွှန်း​ရေး​နေကြပြီ ပြည်​သူမရိပ်​မိ​အောင်​ ရမ်​ကုန်​မြို့မှာ​နေသူမဟုတ်​ဘဲ ဘာမှမဆိုင်​ အလှမ်း​ဝေးတဲ့ လှည်းကူးက ဘွား​တော်​ကို ဝင်​ပူးတဲ့ပုံးစံမျိုး ဖန်​တီးထားတာ ဒီအကွက်​​တွေက ရိုးအီ​နေပါပြီ။ မရှာနိုင်​ရင်​လည်း ရိုးရိုးသားသား ဝန်​ခံလိုက်​ကြတာပို​ကောင်းပါတယ် အရမ်းဖူး​မြော်​ချင်​​နေကြတဲ့ ပြည်​သူ​တွေကို ပ​ဟေဠိလိုလို လျှို့ဝှက်​ချက်​လိုလို လုပ်​​နေတာ​တော့ သိပ်​မ​ကောင်း​တော့ဘူး တကယ်​လို့ဆယ်​ယူလို့ရလာရင်​လည်း ပြည်​သူ​တွေမြင်​ရ​အောင်​ ပူ​ဇော်​မှာချင်းအတူတူ ပွင့်​ပွင့်​လင်းလင်းပဲ ဖြစ်​​စေချင်​တယ်​ အဓိဌာန်​လိုလို ဘာလိုလို ညာလိုလို လိုလို . . . ​တွေနဲ့ ဖုံးဖိပြီး ပြည်​သူကို မညာပါနဲ့​တော့လို့ပဲ​ပြောချင်​ပါတယ်​။ အမှန်​တကယ်​ ဆယ်​ယူနိုင်​ဖို့လည်း ဆု​တောင်း​ပေး​နေပါတယ်

1-MYANMAR NEVER SEND TO FOREIGN COUNTRIES TO BECOME QUALIFY SALVAGE CREW AND SUPERVISORS.
2-BEFORE MYANMAR INDEPENDENT ALL INLAND WATER WAYS ARE OPERATING BY (AF)=ARAKAN
FLOTILLA AND (IF)=IRRAWADDY FLOTILLA UNDER
THE MANAGEMENT OF SCOTTISH COMPANY.P HENDERSON.
3-ON THOSE DAYS GROUNDED VESSELS ARE
LEFT BEHIND AND WAIT FOR NEXT RAINING
SEASON AND ALL SUNKEN VESSELS COULD NOT
SALVAGE.
4-DURING WAR TIME BRITISH SUNK THE HUNDRED AND HUNDRED OF VESSELS BEFORE THEY RETREAT FROM MYANMAR.
5-AFTER 1948 MYANMAR CREW AND SUPERVISORS STARTED SALVAGING ALL
GROUNDED AND SUNKEN VESSELS.
6-SOME PRIVATE COMPANIES AND (IWTB)
INLAND WATER TRANSPORT BOARD STARTED
SALVAGING ALL SUNKEN VESSELS AND GROUNDED VESSELS.
7-IN SOME OCCASION IWTB SALVAGE CREW
SUCCESSFULLY SALVAGE THE SUNKEN VESSELS IN YANGON RIVER WITHIN 3-4 DAYS
WITHOUT DIVERS AND WITHOUT SPECIAL
EQUIPMENT AND SPECIAL VESSEL BECAUSE THEY KNEW THE EXACT POSITION OF THE SUNKEN VESSELS.
IT WAS ABOUT 50 YEARS AGO.
NOW WE HAVE VERY GOOD DIVERS,EQUIPMENT
AND SPECIAL VESSEL WITH A VERY LARGE TEAM
AND SUFFICIENT FUND.
BUT THE PROBLEM IS NO BODY KNOW THE
RECORDED HISTORY IS 100% RIGHT AND
NO BODY KNOW THE EXACT LOCATION OF
THE SUNKEN DHAMMAZEDI BELL.
LOOK LIKE SEARCHING A PIN UNDER THE OCEAN.
8-WE MUST TRY HARD AND FIND THE ANSWER
WE ALL HOPING FOR.
9-BELIEVE OUR SALVAGE CREW CAN SUCCESSFULLY COMPLETE THIS OPERATION
WITHIN FEW DAYS.

GOOD LUCK TO ALL.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်