Subscribe to our RSS Feed

လျှို့ဝှက်ချက် ဖွင့်ချသူ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့မည်ဟု ပြောကြား

From : .. mizzima


မြန်မာနိုင်ငံတွင် လျှို့ဝှက်ချက် ဖွင့်ချသူများ ထောင် ၁၀ နှစ်ချမှုအတွက် မကျေနပ်ကြောင်း ပြောဆိုနေကြစဉ် ဝီကီလိခ်ထူထောင်သူ အက်ဆန်းသည် အီကွေဒေါသံရုံးတွင် ခိုလုံနေရာမှ ထွက်ခွာရတော့မည်ဟု ပြောဆိုလိုက်သည်။ အက်ဆန်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ဗြိတိန်သို့ ရောက်ရှိစဉ် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံး၌ ခိုလှုံနေခဲ့ခြင်းဖြစ်သည်။

အသားအရေဖျော့တော့ကာ မုတ်ဆိတ်မွှေးများထူနေသည့် အက်ဆန်းက “ကျွန်တော် သံရုံးကနေ မကြာမီစွန့်ခွာတော့မှာပါ” ဟု ပြောကြား ခဲ့သည်။

အက်ဆန်းသည် နှလုံးရောဂါ၊အဆုတ်ရောဂါနှင့် သွေးတိုးရောဂါတို့ကို ခံစားနေရကြောင်း ၀ီကီလိခ်၏ သတင်းရင်းမြစ်တစ်ဦး ပြောကြားချက်ကို ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် အက်ဆန်က သံရုံးတွင်းမှ မည်သည့်အချိန်တွင် မည်သို့ ထွက်ခွာမည်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အက်ဆန်းအနေဖြင့် ၎င်း၏ အမှုအား ဗြိတိန်အစိုးရနှင့် ညှိနှိုင်းပြီးမှသာ သံရုံးအတွင်းမှ ထွက်ခွာ သင့်ကြောင်း ၀ီကီလိခ်၏ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတင်းဟာရက်ဖ်ဆွန်က သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားသည်။

အက်ဆန်းအနေဖြင့် ဗြိတိန်အစိုးရက ဆွီဒင်သို့ ပြန်ပို့ပါက အမေရိကန်နိုင်ငံသို့  ထပ်မံလွှဲပြောင်းခံရပြီး အမေရိကန်စစ်ဘက်နှင့် သံတမန်ရေး ရာ အချက်အလက်များကို ၀ီကီလိခ်က ဖွင့်ချခဲ့မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံရမည်ကိုလည်း ၎င်းက စိုးရိမ်လျက်ရှိသည်။

အမေရိကန်ကြည်းတပ် တပ်သွားဟောင်း ချဲလ်စီမန်နင်ခေါ် ဘရက်ဒလေမန်နင်သည်လည်း လျှို့ဝှက် အချက်အလက်များကို ၀ီကီလိခ်သို့ ပေးပို့ခဲ့ မှုကြောင့် ယမန်နှစ်က ထောင်ဒဏ်  ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အက်ဆန်းနှင့်ပတ်သက်၍ မိမိတို့ သဘောထားသည် ပြောင်းသွား မည်မဟုတ်ဘဲ သံတမန်လုပ်ထုံး လုပ်နည်းများအတိုင်း ၎င်း၏ ဆွီဒင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ် ကြောင်းနှင့် အီကွေဒေါသံရုံးအနေဖြင့်လည်း ယခုပြဿနာအား အဆုံးသတ်နိုင်ရန် ပါဝင်ကူညီရေး အတွက် တောင်းဆိုထားသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်