Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်းကြီးရှာပုံတော် ရက်သတ္တပတ်ကျော်လာပြီဖြစ်သော်လည်း ထူးခြားမှုမရှိသေး

From : .. https://www.facebook.com/pages/Myanmar-Review/331160473718185


 လွန်ခဲ့သော အနှစ် ၄၀၀ ကျော်က ရွှေတိဂုံစေတီတော်တွင် ဓမ်္မစေတီမင်း လှူဒါန်းထားသော ကမ်္ဘာ့အကြီးဆုံး ဓမ်္မစေတီခေါင်းလောင်းကြီးကို ပေါ်တူဂီ လူမျိုးငဇင်ကာက စပိန်နိုင်ငံသို့ယူဆောင် ရန် သယ်ယူစဉ် ရန်ကုန်မြစ်၊
ပုဇွန်တောင် ချောင်းနှင့် ပဲခူးမြစ်သုံးခုဆုံရာတွင် နစ်မြုပ် ခဲ့သည်ဆိုသော မှတ်တမ်းများပေါ်အခြေခံကာဦးစံလင်း(မြေပုံမောင်စံလင်း)ဦးဆောင် သောအဖွဲ့က နှစ်ပတ်အတွင်း ဆယ်ယူမှု လုပ်ငန်းများကို သြဂုတ် ၉ ရက်နေ့တွင် စတင်ခဲ့ပြီး တပတ်ပြည့်သော်လည်း ထူးခြားမှုများမရှိသေးဘဲ လာရောက်ကြည့် ရှုသူများဖြင့် စည်ကားနေပြီး အမျိုးမျိုးထင် မြင်ချက်ပေးနေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ကျင်းပခဲ့သော ပထမ အကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအံ့က ရှေးခေတ်မွန်လူမျိုးတို့၏ လက်ရာတခုဖြစ် သော ဓမ်္မစေတီခေါင်းလောင်းဆယ်ယူရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

““ဓမ္မစေတီခေါင်း လောင်းဆယ်ယူရန်အတွက် စင်ကာပူနိုင်ငံ အက်စီမက်စ် အင်တာနေရှင်နယ်မှ အမေရိ ကန်ဒေါ်လာ ၁၀ သန်းခန့် အကုန်အကျခံ ၍ သင်္ဘောများ ငှားရမ်းရှာဖွေရန် ကမ်း လှမ်းထားကြောင်းနှင့် နည်းပညာ၊ အတတ် ပညာ၊ ပညာရှင်အား၊ ငွေအင်အားလိုအပ် သော ပစ်္စည်းကိရိယာများပြည့်စုံမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အဆိုပါကုမ္ပဏီ များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်ရှိ ကြောင်း”” ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင်က ဖြေကြားခဲ့ဖူးသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဖော် ယူရန် ဦးကြိုင်၊ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ ပထမဆုံးရှာဖွေပြီးနောက် အမေရိကန်မှ ဂျင်သာလန်၊ သြစတြေးလျအခြေစိုက် ရုပ်ရှင်အဖွဲ့၊ စင်ကာပူအခြေစိုက်ကုမ်္ပဏီ စသည်တို့အပါအ၀င် လူစုံ၊ အဖွဲ့စုံမှ နည်း ပညာစုံဖြင့် ရှာဖွေခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ပေ။

လာရောက်ကြည့်ရှုသူ ဆရာလေး တပါးက ““ဆရာလေးကတော့ ဆယ်ယူမှု အောင်မြင်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျိုက်ထီးဆောင်းဆရာတော်ကြီး ရဲ့ ပဋ္ဌာန်းဆက်နှင့်လည်းဆိုင်ပါတယ်။ အဓိဋ္ဌာန်၊ မေတ္တာပို့၊ သက်သတ်လွတ်စား ပြီး ဆယ်ယူတဲ့နေရာမှာ အထောက်ကူပေး မယ်လို့ထင်ပါတယ်””ဟု ပြောသည်။

လာရောက်ကြည့်ရှုသူ တိုက်ကြီးမြို့ နေ ဦးလှမိုးက ““စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ အခု ဆယ်ယူမှုကို တစ်နေ့ သိန်း ၆၀ လောက်ကုန်ကျတယ်ပြောသံကြားတယ် နေ့လယ် ၁၂း၀၀ နာရီကနေ နေ့ခင်း (၂)နာရီအတွင်း ဆယ်ယူနေပြီး ရေတက်ရေကျကို စောင့် ရပြီး အလုပ်လုပ်ရတဲ့အတွက် နှစ်ပတ် အတွင်း ဆယ်ယူမှုမရနိုင်ဘူး””ဟု ပြော သည်။

လာရောက်လေ့လာသူ ကိုစိုးရီဆိုသူ က ““ဒီဆယ်ယူမှုဟာ မရနိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ခေတ်မီစက်ကိရိယာတွေနဲ့ လေ့လာစူးစမ်းဆယ်ယူတာ ၈ ကြိမ်ရှိသွား ပြီ။

ကျွန်တော် မိရိုးဖလာ ဗုဒ်္ဓဘာသာကို မယုံလို့မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေကိုပြော တာပါ။ ဒီသမာဓိ၊ သက်သတ်လွတ်၊ ပဋ္ဌာန်းဆက်တွေအနေနှင့် ရှာမယ်ဆိုရင် သောင်တူးစက်တွေ ဘာတွေမယူဘဲ ဥုံဖွ ဆို မန်းမှုတ်လိုက်ပါလား””ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းင်းက ““ကျွန်တော် တို့ အင်္ဂလန်ကှစငအ်ငမန အမျိုးအစား တိုက်လေယာဉ်တွေ တူးဖော်တုန်းကလည်း မတွေ့ပါဘူး။ ဒါတောင် အင်္ဂလိပ်က မှတ်တမ်းမှတ်ရာတွေနဲ့ ဘူမိ ဗေဒပညာရှင်တွေ ခေတ်မီစက်ကိရိယာ တွေနဲ့တိုင်းတာပြီးရှာတောင် ကျင်းတွေသာ ဖြစ်သွားပြီး လုံးဝမတွေ့ပါဘူး။ မြေကြော ရွေ့တဲ့သဘောလည်း ရှိတယ်လေ။ နောက် တချက်က ရေအဆုံးကုန်းတ၀က်ဆိုရိုး စကားလည်းရှိတယ် မဟုတ်လား။ ဒါဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က မှတ်တမ်းမှတ်ရာမရှိဘဲ ပါးစပ်ရာဇ၀င်ရှိတဲ့ အတွက် ကျွန်တော်ကတော့ မတွေ့နိုင်ဘူး ထင်ပါတယ်””ဟု ပြောသည်။

““ခေါင်းလောင်းကြီးကို အခုလိုများ ရှာနေလို့ကတော့ မရရှိနိုင်ဘူး။ ခေတ်မီ စက်ကိရိယာတွေတပ်ဆင်ပြီး ရေအောက် ကိုချပြီး အရင်နီးစပ်ဆုံးရှာရမယ်ပြီးမှ လူ တွေက ဆင်းပြီးရှာ၊ ဒါမှ အဆင်ပြေနိုင် မယ်။ အခုလိုမျိုးရှာနေရင် ဘယ်လိုမှ မထူး ခြားနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရေက လည်း အရမ်းနောက်နေတယ်”” ဟု ခေါင်း လောင်းကြီးဆယ်ယူနေမှုကို လာရောက် ကြည့်ရှုသည့် စပိန်နိုင်ငံခြားသားတဦးက စောင့်ကြည့်ဂျာနယ်သို့ ပြောကြားသည်။

““ဓမ္မစေတီခေါင်းလောင်းကြီး ရှာ တွေ့မတွေ့တော့ မသိဘူး။ လောလော ဆယ် တနေ့ကို သောင်းကျော်နေ့စဉ်ဝင် ငွေရှိနေပြီး နေ့တွက်ကိုက်နေကြတယ်။ ဆေးလိပ်၊ ကွမ်း၊ ဂွေးသီးရောင်းချသော ဈေးသည်များအနေနှင့်လည်း အရင်းကော အမြတ်ပါတနေ့ကိုတသောင်းကျော် ရောင်းချရတယ်””ဟု ဈေးသည်တဦးက ပြောကြားသည်။

မင်းဇာနည်၊ သဒ္ဓါထက်အိုင် စုစည်းတင်ပြသည်။


.. www.MyanmarExpress.net
 

3 comments:

1-LOOK LIKE "NGA ZINKA=FILIPE DE BRITO E NICOTE
IS STILL CHEATING TO SOME MYANMAR PEOPLE
FROM HIS GRAVEYARD.
2-SOME MYANMAR PEOPLE BELIEVED THE
STORY HOW THE GREAT BELL OF (MON) KING
DHAMMAZEDI LOST IN YANGON RIVER.
3-ABOUT 400 YEARS AGO MANY MERCHANTS SHIPS INCLUDING NAVAL SHIPS ARE
SO SMALL AND THEY DO NOT HAVE THE
HEAVY LIFT, CRANE,DERRICK TO HANDLE THE
ABOUT 320 TON WEIGHT.
4-MAY BE NGA ZINKA LIKE TO TAKE AWAY AND
SEND TO "GOA IN INDIA OR LISBON IN PORTUGAL
BUT HE KNEW HE COULD NOT DO THE JOB.
5-THE MAIN INTENTION OF NGA ZINKA IS TO
MAKE CANONS,WEAPON ETC..BY USING COPPER OR BRONZE.
6-PLEASE THINK WHAT NGA ZINKA WILL DO?
7-NOW A DAY SALVAGING ANY ITEM FROM
UNDERWATER IS POSSIBLE IN RIVERS AND AT SEAS BECAUSE WE HAVE EQUIPMENT AND TECHNICAL KNOW HOW.
BUT "THE MAIN IMPORTANT IS TO CONFIRM
THE HISTORICAL RECORDS AND CONFIRM
BY SURVEYING AND DETECTING WITH MODERN
TECHNOLOGY ."
"WE CAN NOT WORK ON ASSUMED REPORTS
AND SUPER NATURAL HELPS."
8-ANY HOW WE ALL SUPPORT FOR THOSE
PEOPLE INVOLVED IN SALVAGING OPERATION.

HOPE FOR THE BEST AND GOOD LUCK.

1-DEPEND UPON THE UNCONFIRMED REPORTS
AND RECORDS INDICATED NOTHING ARE SURE
ABOUT HOW NGA ZINKA=FILIPE DE BRITO E
NICOTE TAKEN AWAY THE DHAMMAZEDI BELL.
2-ONLY CAN ASSUME THE THREE POSSIBILITIES
THEY ARE AS FOLLOWS,
(1)-MAY BE SUNK IN YANGON RIVER.
(2)-MAY BE TAKEN AWAY AND HIDING IN
GOA INDIA OR SPAIN OR PORTUGAL.
(3)-MAY BE CUT INTO SMALL PIECES AND
TAKEN AWAY.
BUT NO 1 AND NO 2 ARE LESS POSSIBILITY
COMPARE TO NO 3 BECAUSE NO 3 IS MORE EASY TO DO.
4-WE ALL SUPPORT THE SALVAGING PARTY AND WISHING TO SUCCESS VERY SOON..

Go Math and Science.
Never will get bell that kind of stupid things they are doing. Waste time and money.
that is why, burmese are very poor.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်