Subscribe to our RSS Feed

အကယ်ဒမီ စာရင်းဝင် နောက်ဆုံးအဆင့် ဇာတ်ကား ၆ ကား စာရင်းထုတ်ပြန်

From : .. popular


အကယ်ဒမီစိစစ်ရေးဘုတ်အဖွဲ့ အနေဖြင့် သြဂုတ် ၁၄ရက်နေ့က ၂ဝ၁၃ခုနှစ် အတွက် အကယ်ဒမီ စာရင်းဝင် နောက်ဆုံးအဆင့် ဇာတ် ကား ၆ကား စာရင်းကို ထုတ်ပြန်ခဲ့ ရာ ဟာသကားတစ်ကားပါဝင်လာခဲ့ သည်။ နောက်ဆုံးအဆင့် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများမှာ ဒါရိုက် တာဝိုင်းရိုက်ကူးသည့် နင်စေရင်၊ စေတန်ရဲ့ကချေသည်၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် အဖြူရောင်ရဲတိုက်၊ ကိုယ့်အထာနှင့် ကိုယ်၊ ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူး သည့် ကြယ်စင်မော်ကွန်း၊ ဒါရိုက်တာ ဝင်းထွန်း ထွန်း ရိုက်ကူးသည့်စုန်းပြူး ဇာတ်ကားများပင်ဖြစ်သည်။

နောက်ဆုံးအဆင့်ဇာတ်ကား ၁ဝကားကို အတည်ပြုရွေးချယ်နိုင် ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေဖြင့် ၂ဝ၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု၊ အကယ်ဒမီ စာရင်းဝင်ကားများအတွက် ပထမ အဆင့်အကဲဖြတ်ရေးအဖွဲ့ကို ဇွန် ၂၇ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး နောက် ဇူလိုင်ပထမအပတ်တွင် အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၁၅ကားကို စတင်ကြည့်ရှုစစ်ဆေးခဲ့ သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့်စိစစ်အကဲဖြတ်ရေး အဖွဲ့တွင်ဥက္ကဋ္ဌအဖြစ် ဦးအောင် လွင်၊ ဒုဥက္ကဋ္ဌအဖြစ် ဦးကြည်စိုးထွန်း က တာဝန်ယူခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ဦးဇော်ထက်၊ ဦးဌေးအောင်၊ မျိုး သန္တာထွန်း၊ ချစ်ချစ်ဇော်၊ ဦးထွန်းလှိုင် (ဓာတ်ပုံ)၊ ဦးမောင်မောင်မြင့်၊ ဦးလှ ဆန်းဦး (တေးဂီတ)၊ ကိုသက် (အို အေစစ်)၊ မောင်ဗေဒါ၊ မောင်မြတ် ဆွေ၊ ဦးရေအေး၊ ဦးအေးမြင့်၊ ဦး ထွန်းကျော်၊ ဦးမင်းသူ၊ ဦးမြတ်ခိုင်၊ ဒေါ်ခင်ပန်နှင်း၊မောင်စိန်ဝင်း (ပုတီး ကုန်း)တို့ ပါဝင်ပြီး ပထမအဆင့် ရွေးချယ်မှုကို သြဂုတ်လ ၄ ရက်နေ့ ကအပြီးသတ်စိစစ်အတည် ပြုလိုက် ခြင်းဖြစ်သည်။ပထမအဆင့် စိစစ် အကဲဖြတ်ရေးအဖွဲ့ဝင်များက ဇာတ် ကားများကိုမဲစနစ်ဖြင့် ရွေးချယ် စိစစ်ပြီးနောက် ဇာတ်ကား ၆ကားကို နောက်ဆုံးအဆင့် ရွေး ချယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ပထမအဆင့် အကဲဖြတ်နေစဉ် အ တွင်းမှာပင်စိစစ် အကဲ ဖြတ်ရေးအ ဖွဲ့တွင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဦးအောင် လွင်က ၄င်း၏ဇာတ်ကားဖြစ်သည့် အမိုက်စားရုပ်ရှင်ပါဝင် နေသည့် အတွက်ကြောင့်၎င်းကိုယ်တိုင် နုတ် ထွက်သွားခဲ့ပြီး ထိုလစ်လပ်သွား သောနေရာတွင်ဒုဥက္ကဋ္ဌဖြစ်သူ ဦးကြည်စိုးထွန်းကဆက်လက်တာ ဝန်ယူဆောင်ရွက်ခဲ့ သည်။

၂ဝ၁၃ခု နှစ်မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပထမ အဆင့်မှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ နောက်ဆုံးအဆင့်ကျန်ရှိသော ဇာတ် ကား ၆ကားကို ဒုတိယ အဆင့်စိစစ် အကဲဖြတ်အဖွဲ့ဝင် များ ဖြစ်သည့် ဦးနှင်းမိုး၊ဦးအောင်မြင့်မြတ်၊ ဦးမီး ပွား၊ ဦးမျိုးမင်း၊ဒေါ်မို့မို့မြင့် အောင်၊ဒေါ်ဆွေဇင်ထိုက်၊ ဦးဖိုး ထောင်၊ဦးမျိုးညွန့်ဦး၊ ဦးလွင်မိုး၊  ဦးသူရ(ဇာဂနာ)၊ဦးဆွေဆက်၊ ဦးထွန်းအောင်ဇော်၊ ဦးမောင်မောင် လတ်၊ ဦးစန္ဒရားငွေစိုး၊ ဦးဝင်းငြိမ်း၊ လယ်တွင်းသားစောချစ်၊ဒေါ်နုနု ရည် (အင်းဝ)၊ ဦးချစ်သန်းမြင့်၊ဦးမြင့် အောင်၊ ဦးကိုမြင့်၊ ဦးတင်အောင်၊  ဒေါ်ထက်ထက်မိုးဦးနှင့် ဦးအေးကြူ လေးတို့က သြဂုတ် ၁၃ရက်နေ့တွင် စတင်ကြည့်ရှုနေပြီဖြစ်ကြောင်းသိရသည်။

“ဒီလကုန်ဒါမှမဟုတ် နောက် လဆန်းဆိုရင်တော့ပြီးမှာပါ။ အကဲ ဖြတ်အဖွဲ့ဝင်တွေကဒီကားတွေကို ထပ်ထပ်ကြည့်မယ်ဆိုရင် ပြရဦး မယ်လေ။ဘာကြောင့် အကယ်ဒမီ ဆု ပေးတယ်ဆိုတာကို အချက်အလက် တွေက သေချာရေး ပြီး ဒီအချက်တွေ ကပါရမှာကိုး။ ဥပမာ မင်းသားတစ် ယောက်ကို ဒီဆုပေးသင့်တာတော့ ဟုတ်တယ် ဘာကြောင့်  ဘယ်လိုအ ခန်းမှာဆိုတာ ရေးပေးရမှာဆိုတော့ လေ။ အကဲ ဖြတ်အဖွဲ့တွေအားလုံး ကြည့်ပြီး မှတ်ချက်ပေးရဦးမှာ။ ဒီလကုန်ဒါမှမဟုတ်ရင် နောက်လ ဆန်းလောက်ထိပါပဲ”ဟု  နောက်ဆုံး ရွေးချယ်သွားမည့်အစီအစဉ်နဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံး ဒုဥက္ကဋ္ဌဦးအေးကြူလေးက ပြော ကြားခဲ့သည်။

အဆိုပါ ဇာတ်ကား ၆ကားကို နောက်ဆုံးအဆင့်ရွေးချယ်ပြီးသည့် အပြင် ခုံသမာဓိအနေအဖြစ် နောက် ထပ်အဖွဲ့အစည်းတစ်ခုလည်း ထပ်မံ ရှိနေသင့်သည်ကို လိုအပ်ကြောင်းကို လည်း ရုပ်ရှင်လောကသားများထံမှ သုံးသပ်ပြောကြားသံများလည်း ရှိနေပါသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်