Subscribe to our RSS Feed

Ooredoo သို့ အိတ်ဖွင့်ပေးစာ

From : .. Zwe Htet
၁။ပထမအကြိမ် တွေ့ဆုံရာတွင် ရွှေ၊ငွေ၊ကြေး အဆင့်များသတ်မှတ်ခဲ့ပြီး ရောင်းချမည့် အစီအစဉ်များကိုပြောကြားခဲ့ပါသည်။ မိမိအဆင့်အလိုက် လစဉ် ရောင်းချပေးရမည့် ကဒ်အရေအတွက်များကို သဘောတူခဲ့ပါသည်။ထို့အပြင် အရောင်းကိုယ်စားလှယ်များအား Bank accountဖွင့်ထားရန် နှင့် လစဉ်ငွေကျပ် ၅သောင်း ထည့်သွင်းပေးသွားမည်ဟု Ooredoo မှ ကတိက၀တ်ပြုခဲ့ပါသည်။ SIM ကဒ်များရောင်းချရာတွင် အဆင်ပြေစေရန် Handset ၂လုံး၊Tablet ၁လုံး နှင့် လစဉ် ငွေ၁သိန်းဖြည့်ပြီး၊Internet ပါပြီး SIM ကဒ် စသည်တို့ကိုလဲ ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။

၂။ဒုတိယ အကြိမ်တွေ့ဆုံရာတွင်မူ Ooredoo ဘာလုပ်နေသလဲ ခေါင်းစဉ်ဖြင့် လုပ်ငန်းစဉ်များ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။

၃။တတိယအကြိမ်တွေ့ဆုံရာတွင် Singtech Z500 Handset နှင့် Ooredoo SIMကဒ် ၆ကဒ်အားပေးကာ SIM ကဒ်များထွက်ရှိတော့မည်ဖြစ်ကြောင်းနှင့် SIMကဒ်ရောင်းချရမည့်ပုံစံ၊ Register လုပ်ရမည့် ပုံစံများ နှင့် မဖြစ်မနေ Registet လုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎။ စတုတ္ထအကြိမ်တွေ့ဆုံရာတွင် SIM ကဒ်၂၀၀နှင့် ငွေဖြည့်ကဒ် ၁၀၀ အား ကိုယ်စားလှယ်အားလုံးအားရောင်းချခဲ့ပါသည်။ August လ၂ရက်နေ့မှ ၁၄ရက်အထိ Free အသုံးပြုခွင့်ပေးထားပြီး ၁၅ရက်နေ့တွင် တရားဝင် စတင်၍ငွေဖြည့်အသုံးပြုနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ Register လုပ်ရန်လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

၅။လေးစားအပ်ပါသော Ooredoo မှတာဝန်ရှိသူများ ခင်ဗျား။ Handset အထောက်အပံ့ပေးခဲ့ရသည့်အတွက်ဟုအကြောင်းပြကာ ၂လစာ ထောက်ပံ့ကြေး ၁သိန်းကို Bank Account ထဲသို့ထည့်ပေးခဲ့ခြင်းမရှိပါ။ရရှိသည့် Singtech Z500Handset ၏တန်ဖိုးမှာ ၇သောင်းကျပ်ဖြစ်ပါသည်။ နောက်ထပ် Handset ၁လုံးနှင့် Tablet ၁လုံးပေးအပ်မည်ဟုပြောကြားခဲ့သည်ကိုလဲ Ooredooမှ ပေးမည် မပေးမည် မသိတော့ပါ။ Internet လိုင်း Free မရရှိပါ။လိုချင်တပ်မက်၍ ပြောဆိုခြင်းမျိုး မဟုတ်ပါ။Ooredoo ၏ အပြောနှင့်အလုပ် ကွာခြားနေသည်ကို သိရှိစေလိုခြင်းဖြစ်ပါသည်။ Registerလုပ်ရန် ကိုယ်တိုင်အိပ်စိုက် ငွေဖြည့်ကာလုပ်ရပါသည်။ H+ ပေါ်လိုက် 3Gပေါ်လိုက် ကြက်ခြေခတ်လိုက် အခြေအနေဖြင့် ကြိုးစားပန်းစားလုပ်နေရပါသည်။ 1MB ၂၅ကျပ်နှုန်းထားဖြင့် ကိုယ်စားလှယ်ကြီးများကိုယ်တိုင်ပေးဆောင်ကာ Register လုပ်ပေးနေရပါသည်။ ထိုသို့ Register ပြုလုပ်ခြင်းများကို သင်ကြားရန် Ooredoo မှ ပေးသော သင်တန်းသို့ ဆိုင်မှ ၀န်ထမ်း၂ဦးအား အလုပ်ဖျက်ကာ စေလွှတ်ခဲ့ပေးရပါသေးသည်။သို့သော် ယခုအခါ Distributor များမှ ကိုယ်စားလှယ်မရရှိသောဆိုင်များပါ SIM ကဒ်များပေးနေပါသည်။ ထိုဆိုင်များအနေဖြင့် ဘာသင်တန်းမှမတက်ရပဲ၊အချိန်မကုန်၊ လူမပင်ပန်းပဲ SIM ကဒ်ရောင်းချနိုင်ပါသည်။ Register လုပ်ရန်မလို၊ ရောင်းအား မလို ပဲရောင်းချနိုင်ပါသည်။ ဤသည်မှာ တရားမျှတမှု လုံးဝမရှိပါ။ မည်သူ့တွင် တာဝန်ရှိ၍ မည်သူက တာဝန်ယူပေးပါမည်နည်း။ ယခု ပုံစံမျိုး ဖြင့်ဆိုလျှင် Ooredoo SIM ကဒ်ရောင်းချရန် ဆက်လက်မဖြစ်နိုင်တော့ပါ။


.. www.MyanmarExpress.net
 

6 comments:

ကုလားကိုသွားဖင်ယားတာကို ခံပေါ့ လိုချင်အုံးအမြတ်အစွန်း ကုလားကမင်းတို့ကို တစ်ကောင်ကျွေံးင်္ပြ မင်းတို့ဆီက နှစ်ကောင် ပြန်စားပြီပေါ့ ခံလိုက်

မကြာမီ လိမ်မည် မျှော်………………..

နည်း​တောင်​ နည်း​သေးတယ်
ကုလား ဆီကသွား​မျှော်​တာ ကိုး
ခံ​ပေါ့ ကွယ်​ !!!

အဓိက ကတော့NLD ကိုအရောက်ပို့နေတာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်