Subscribe to our RSS Feed

ဈေးဝယ်လာယာဉ် ရပ်တန့်မှုကြောင့် ယာဉ်ကြောပိတ်ဆို့လျှင် ဆိုင်ပိတ်သိမ်းမည်

From : .. popular


မန္တလေးမြို့တွင် ဈေးဝယ်လာယာဉ်များ ရပ်တန့်မှုကြောင့် ယာဉ်ကြောပိတ်ဆို့စေသည့် အရောင်းဆိုင်များအား ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင် စသည့် အရောင်းဆိုင်များရှေ့တွင် ဈေးဝယ်လာယာဉ်များ ယာဉ်ကြောနှစ်ထပ် ရပ်နားခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားစေသဖြင့် အရောင်းဆိုင်များအား အရေးယူနေကြောင်း၊ ယခင်က ဒဏ်ငွေကျပ်ငါးသောင်း ဒဏ်တပ်အရေးယူသော်လည်း မကြာမီ ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူတော့မည်ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအား လာမည့် သြဂုတ် ၁၁ ရက်တွင် ခေါ်ယူကာ နောက်ဆုံးအကြိမ် သတိပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးအချို့က ပြောသည်။ ဆိုင်လာယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့ပါက အဆိုပါဆိုင်ခန်းကို မန်းစည်ပင် သန့်ရှင်းရေးဌာနက အရေးယူသွားမည်ဖြစ်ပြီး စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်အား အခွန်ဌာနက အရေးယူသွားမည် ဖြစ်သည်။ အရောင်းဆိုင်များအပြင် ပုဂ္ဂလိက ဆေးရုံများရှေ့တွင်လည်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု မြို့ခံအချို့က ပြောသည်။ ၇၈ လမ်းရှိ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက “ကားတွေရပ်ရမယ့် နေရာကို သေချာလုပ်ပေးစေချင်တယ်။ ဟိုနေ့ကဆို ဈေးလာဝယ်တဲ့ကား အဖမ်းခံရပြီး ဒဏ်ငွေဆောင်လိုက်ရတော့ ပိုက်ဆံကုန်သွားတာနဲ့ ဈေးတောင် ဝယ်မသွားနိုင်ဘူး” ဟု ပြောသည်။ စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်ကို Two Truck ယာဉ်ဖြင့် ဆွဲယူသွားမည် ဖြစ်ပြီး ကျပ်တစ်သိန်းခွဲအထိ ဒဏ်ငွေပေးဆောင်ရနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။ 


.. www.MyanmarExpress.net
 

2 comments:

ကောင်းပါတယ် သိပ္ပံလမ်းကပိုဆိုးတယ်

1-MCDC=MANDALAY CITY DEVELOPMENT
COMMITTEE PROPOSAL TO TAKE VERY STRONG LEGAL ACTION TO THE SHOP OWNERS IF
SHOPPERS/DRIVERS DOUBLE PARK ON THE STREET.IS NOT RIGHT BECAUSE THE DRIVERS ARE PARKING DOUBLE ON THE STREET AND THEY COMMITTED THE CITY CODES/LAWS.
2-THE PROPOSED HEAVY FINE TO SHOP OWNERS IS NOT RIGHT.
3-TO PROVIDE REASONABLE PARKING SPACE
IS ONE OF THE DUTIES OF MCDC=MANDALAY CITY DEVELOPMENT COMMITTEE.
4-DEMOCRACY SYSTEM REQUIRE TO MAKE LAWS
AND CITY CODE/MUNICIPAL CODE FIRST AND
THEN TAKE THE ACTIONS AND ENFORCE THE
LAWS/CITY CODE.
5-AND MCDC =MANDALAY CITY DEVELOPMENT COMMITTEE SHOULD HAVE THE PEOPLE REPRESENTATIVES FROM ALL TOWNSHIPS TO DISCUSS THE ISSUE,TO DEBATE,TO VOTE
AND PASS THE CITY CODES OR NEED TO REWRITE THE LAWS/CODES AS NECESSARY.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်