Subscribe to our RSS Feed

တရုပ်ကျေးဇူးကြောင့် မီးလင်းတော့မည်

From : . သီဟကိုကို (မန္တလေး)
မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းတွင် နေရောင်ခြည်သုံး လျှပ်စစ်စနစ် ဆောင်ရွက်နိုင်ရန် မန္တလေးမြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ အမေရိကန်ဒေါ်လာ လေးသောင်း ပေးအပ် လှူဒါန်းပွဲ

အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် တိုင်းဒေသကြီး အစိုးရ ရုံး ဧည့်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်ကာ အလှူငွေများ လက်ခံခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှု လက်မှု ဝန်ကြီးဌာနဝန်ကြီး ဦးကျော်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအုန်းလွင်၊ မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mr. Wang Yi နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများတွင် နေရောင်ခြည်သုံး လျှပ်စစ်စနစ် ဆောင်ရွက်နိုင်ရန် အလှူငွေများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်က အလှူငွေ အမေရိကန်ဒေါ်လာ လေးသောင်း ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းရေး၊ နေရောင်ခြည်သုံး လျှပ်စစ်စနစ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်