Subscribe to our RSS Feed

အမေရိကန်တွင် အဆိပ်သင့်နိုင်သည့် ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားနှစ်စီးတိုက်မိ

From : .. 7day


အမေရိကန် နိုင်ငံတွင် အဆိပ်သင့်နိုင်သည့် ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားနှစ်စီး တိုက်မိပြီး လူ(၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်(၁၇)ရက်က အာကန်ဆက်စ် ပြည်နယ်တွင် ရထားနှစ်စီး ရင်ဆိုင်တိုက်မိခဲ့ခြင်းဖြစ်ပြီး (၂)ဦးသေကာ၊ (၂)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူ အားလုံးတို့သည် ရထားမောင်းနှင်သည့် အဖွဲ့သားများ ဖြစ်နိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကြိုတင်ကာကွယ်မှု စံနှုန်းတွေအရ ဟော့စီနဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေကို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းပေးထားပါတယ်”ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “ရထားတိုက်မိပြီးတဲ့နောက် စက်ခေါင်းတစ်လုံးဟာ အချိန်ကြာကြာ မီးလောင်နေပါတယ်။ ဒါပေမဲ့ အဆိပ်အတောက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွဲတွေမှာ နောက်ထပ် အပျက်အစီး မရှိနိုင်ဘူးလို့ ယုံကြည်ရပါတယ်”ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ရထားနှစ်စီးလုံးကို Union Pacific မီးရထား ကုမ္ပဏီက ပိုင်ဆိုင်ပြီး ရထားတွဲများတွင် ဓာတုပစ္စည်းများ သယ်ယူလာကြောင်း ကုမ္ပဏီက အတည်ပြု ကြေညာထားသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်