Subscribe to our RSS Feed

နမ္မချီမှော် ကျောက်မျက်ကုမ္ပဏီများအား KIA က သိန်းရာနှင့်ချီကာ ဆက်ကြေးကောက်



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မချီ ကျောက်မှော်တွင် ကျောက်မျက်တူးဖော်လုပ်ကိုင်သော ကုမ္ပဏီများအား သြဂုတ်(၁၂)ရက်နေ့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ယင်းကျောက်မျက်လုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ကျောက်မှော်တွင် စက်တင်ဘာ ၁ ရက်နေ့မှစကာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလုပ်ကိုင်လိုပါက KIA အဖွဲ့ထံ ဆက်ကြေးပေးရ မည်ဖြစ်ကြောင်း သိရသည်။

“ လုပ်ငန်းတွေက နောက်တစ်လနေရင် ပြန်စတော့မယ်လို့ ကြားတယ်၊ ဒါပေမယ့် လုပ်ငန်းမစသေးဘူး၊ KIA က ဆက်ကြေးကောက်နေပြီ၊ ကုမ္ပဏီပိုင်ရှင်တွေလည်း ပြန်လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်နေကြတယ် ” ဟု ကုမ္ပဏီ တာဝန်ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ကျောက်မျက်တူးဖော်ခြင်းကို ပြန်လည်လုပ်ကိုင်ပါက ဘက်ဟိုးယာဉ် ၁ စီးလျှင် သိန်း(၅၀)၊ မြေသယ် ယာဉ် ၁ စီးလျှင် (၂၅)သိန်း ဆက်ကြေးငွေအဖြစ် တောင်းခံထားကြောင်း သိရသည်။

“ တောင်းတဲ့ ဆက်ကြေးက အရမ်းများတယ်၊ နယ်မြေဒေသအခြေအနေကလည်း အမြဲတမ်းလာမယ်လို့ ဘယ်သူမှ အာမမခံနိုင်သေးဘူး၊ လုပ်ဖို့ စဉ်းစားရဦးမယ် ” ဟု ကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ပြောသည်။

ကျောက်မျက်ကုမ္ပဏီများအနေဖြင့် ကျောက်မျက်တူးဖော်မှု ပြန်လည်လုပ်ကိုင်ပါက တစ်လအတွင်း ဆက်ကြေး ငွေကို KIA အဖွဲ့ထံ လာရောက်ပေးဆောင်ရမည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်