Subscribe to our RSS Feed

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၏တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တို့၏ ပူးတွဲ သတင်း ထုတ်ပြန်ချက်

From: MPC

၁။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်းအပေါ် ညှိနှိုင်း ဆွေးနွေးခြင်းကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။

၂။ နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့ အထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲမှ ဆက်လက် ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိသည့် အချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြရာတွင် အောင်မြင်မှု များစွာ ရရှိခဲ့ပါသည်။

၃။ ၂၀၁၄ သြဂုတ်လ (၁၅) ရက်မှ (၁၇) ရက်အထိ ဆွေးနွေးမှုအပြီးထပ်မံ ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိသည့် အချက်အနည်းငယ်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ တွင် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြရန် သဘောတူ ကြပါသည်။

၎။ ဤဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် နှစ်ဘက်ကိုယ်စားလှယ်များအားလုံးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေး အတွက် သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန် နှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကိုလည်းအမြန်ဆုံး ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါကြောင်း အသိပေးအပ်ပါသည်။


 
 .. www.MyanmarExpress.net
 

1 comments:

1-WELCOME GOOD NEWS
2-HOPING TO SEE THE REAL PEACE AGREEMENT.
3-DISCUSSION SHOULD BE FAIR AND JUST.
4-BETTER TRY TO GET WIN WIN AGREEMENT.
5-HOPING PEOPLE CAN GO FREELY IN ALL STATES AND LIVE FREELY AND SAFE PASSAGE.
6-HOPING DRUG FREE.
7-HOPING STOP ASKING PROTECTION MONEY.
8-HOPING MAINTAIN PEACE AND ORDER IN ALL STATES.
9-HOPING STOP ALL ILLEGAL BORDER TRADE.
10-HOPING TO STOP ALL ILLEGAL IMMIGRANT
IN ALL STATES.
11- HOPING TO SAVE OUR LIVES.
12-HOPING EVERY PARTIES KEEPING GOOD WILL
AND BUILD MYANMAR NAING GAN DAW.
13-HOPING FULL ARMS CONTROL ON ALL STATES AND DIVISIONS.
14-HOPING LESS POLITICAL DISPUTES AND MORE INTEREST AND PAY ATTENTION FOR
THE COUNTRY AND THE PEOPLE.
15-HOPING TO SOLVE ALL DIFFERENCES
BY SITING DOWN AND TALK.
16-HOPING EVERY BODY,PARTIES RESPECT
THE LAWS AND ORDERS AND ALL WILLING LIKE
TO STAY UNDER THE LAWS.
17-HOPING EVERY BODY,EVERY PARTIES,
EVERY POLITICIANS AND LEADERS WILLINGLY,
RESPECTFULLY ACCEPT THE OUT COME OF
PUBLIC VOTE OR LUTTAW VOTE AND SUPPORT THE ALL ISSUE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်