Subscribe to our RSS Feed

မုဆိုးမ တဘောင်ကြောင့် ခေါင်းလောင်း ပြန်လည်တူးဖော်နိုင်ရေး ဒေါ်စုကို သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ရန် လက်မှတ်ထိုးတောင်းဆိုမည်

From: https://www.facebook.com/MyanmarHeadlineNews


လူထုကြားတွင် ပျံ့နှံ့လာသော မုဆိုးမ တဘောင်ကြောင့် ဓမ္မစေတီခေါင်းလောင် အမြန်တူးဖော်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ရာထူးခန့်ထားရန် လက်မှတ်ထိုးတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"မုဆိုးမတဲအောက် ခေါင်းလောင်းရောက်" ဟူသည့် တဘောင်ကြောင့် မုဆိုးမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ရေးမှူ့းဖြစ်မှ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူနိုင်မည်ဟု Tomorrow ဂျာနယ်မှ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ လှုပ်ရှားမှု စတင်လာခြင်းဖြစ်သည်။

မုဆိုးမ ဒေါ်အောင်ဆန်းစုကြည်အား သာကေတ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားပြီး သောင်ပြင်တွင် တဲထိုးနေရန် စနစ်တကျ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ လူထုအကျိုးဆောင်ကွန်ယက်မှာ ကိုမျိုးကျော်မှ အခုလိုပြောသည်။

"တဘောင်ဆိုတာ ရှေးကတည်းက မှန်ခဲ့တယ်.. အမေစုက သောင်ပြင်မှာ တဲဆောက်နေတာ အခုချက်ချင်းလုပ်လို့ရပေမယ့် အဲဒီဒေသမှာ အုပ်ချုပ်ရေးမှူးဖြစ်ဖို့လည်း လိုသေးတယ်.. ဒါကြောင့် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းမပြီးခင် အုပ်ချုပ်ရေးမှူးခန့်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တောင်းဆိုသွားမှာပါ.." ဟု ဆိုသည်။

သြဂုတ်လ ၁၉ ရက်နေ့ထုတ် Tomorrow ဂျာနယ်တွင် "မြစ်ဆုံနေရာ သဲသောင်ပေါက်၊ ပေါက်သည့်သောင်ပေါ်တဲတွေဆောက်၊ မုဆိုးမတဲအောက် ခေါင်းလောင်းရောက်" ဟူသည့် အတိတ်တဘောင်အရ ခေါင်းလောင်းရှိရာဒေသ မုဆိုးမှ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်မှ ဓမ္မစေတီ ခေါင်းလောင် ဆယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ခေါင်းလောင်း ဆယ်ယူနိုင်ရေးအတွက် မုဆိုးမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဖက်မှ သောင်ပြင်ပေါ် တဲထိုးနေရန်နှင့် သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်လက်ခံရန် လူထုကမ်းလှမ်းမှုကို လက်ခံ/မခံ မသိရသေးကြောင်း  ကိုမျိုးကျော်မှ ဆက်ပြောသည်။

"အမေစုကတော့ ပြည်သူတောင်းဆိုရင် လက်ခံမယ်လို့ ထင်ရတာပဲ.. အသေအချာတော့ မမေးရသေးပါဘူး.. တကယ်လို့ အမေစု လက်မခံရင်လည်း တခြားမုဆိုးမတစ်ယောက်ကို အကူအညီတောင်းရမှာပါ.. အချိန်သိပ်မရလို့ အမြန်လုပ်မှဖြစ်မှာလေ.. အမေစု ကူညီလောက်ပါတယ်.." ဟု ၎င်းက ဆိုသည်။

လွတ်လပ်ရေးရပြီးကတည်းက ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်အား ဓာတ်ပုံနှင့်တကွ မျက်နှာဖုံးတွင် မုဆိုးမ ဟု ဖော်ပြခြင်း မရှိခဲ့ဖူးသော်လည်း Tomorrow ဂျာနယ်မှ ပထမဆုံးဖော်ပြခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို မုဆိုးမဟု သုံးစွဲခေါ်ယူခြင်းအတွက် NLD ပါတီဝင်များက မကျေမနပ်ဖြစ်နေကြကြောင်း သိရပြီး "မုဆိုးမတဲအောက် ခေါင်းလောင်းရောက်" ဆိုသည့် စကားမှာ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ပါက သာသနာပျက်မည်ဟု ဆိုလိုတာ ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
 

.. www.MyanmarExpress.net
 

10 comments:

ဟားဟားဟား။ဒါဆိုမင်းကိုနိုင်ကဒေါ်စုတဲအောက်ကကြွက်စုတ် ဖြစ်သွားပြီပေါ့။ သူ့လိဒေါ်စုတဲအောက်ကကြွက်စုတ်လုပ်မဲ့သူတွေအများကြီးပဲ။ဗြဲ

ဖြစ်​သွားကြပြန်​ပြီ အစက​တော့ ဒီ​နေ့ပဲ​ခေါင်း​လောင်းရ​တော့မှာလို မနက်​ဖြန်​ပဲ ရ​တော့မှာလိုနဲ့ ​လေကြီးမိုးကြီး​ပြော​နေကြတာ မုဆိုးမ​တွေအများကြီးရှိ​နေတာပဲ ​ဒေါ်စုကိုဖင်​ပင့်​​ခေါ်​နေတာကမှ ​စောက်​လုပ်​ရှုပ်​​သေးတယ်​ သူကဘာ​ကောင်​မမို့လဲ မြင့်​မြတ်​တဲ့​ခေါင်း​လောင်းက နိမ့်​ကျတဲ့မိန်းမ​အောက်​ကို​ရောက်​ရမယ်​ ဆိုကတည်းက ​တော်​​တော်​ကျက်​သ​ရေတုံး​နေပြီ မိန်းမတစ်​​ယောက်​ကို အထင်​ကြီးလွန်းတာ​တွေ​တော်​သင့်​​နေပြီ မြန်​မာပြည်​သူ​တော်​​တော်​များများက ဦး​နှောက်​မရှိကြ​တော့ဘူး ဒီအယူအဆ အလွဲ​တွေ​ကြောင့်​ ​ခေါင်း​လောင်းက တစ်​ကယ်​ရှိ​နေရင်​​တောင်​ ဘယ်​လိုမှ ဆယ်​ယူလို့ရ​တော့မှာမဟုတ်​ဘူး

"မုဆိုးမတဲအောက် ခေါင်းလောင်းရောက်"
လုံးမဖြစ်နိုင်ဘူး။ လုံးမဖြစ်နိုင်ဘူး။
မလုပ်ကြပါနဲ့ဗျာ၊
ဒီ တဘောင်ကြောင့် ခေါင်းလောင်းတော်ကြီး
ပြန်ဆယ်ယူရေးပျက်သွားနိုင်တယ်။ “မုဆိုးမတဲအောက်”
ရောက်တော့ ခေါင်းလောင်းတော်ကြီးဘာအဆင့်ရှိတော့မှာလဲ။ ဒီလောက် တန်ခိုးကြီးတဲ့ ခေါင်းလောင်းတော်ကြီးကို
ပျက်ရယ်ပြုမလုပ်ကြပါနဲ့။
"နာမ်” နှိမ်တာဖြစ်ပါလိမ့်မယ်။
သစ္စာတရားနဲ့ ဘုရားတရားလုပ်ကြပါ။
ဥစ္စာမှန်ရင် နွမ်မနစ်ပါဘူး။
မြန်မာနိုင်ငံသားတွေ အပေါ်သစ္စာမရှိတဲ့သူ ပါဝင်လို့ကတော့
ပွဲပျက်ပြီလို့မှတ်ပါ။

နေရာတကာ ပြေးပြီးနေရာဝင်ယူချင်တာ
ဘုန်းမရှိဘဲ ဒုက္ခတွေများကုန်မှ
အေးအေးနေစမ်းပါ၊

တဘောင် တဘောင်နဲ့ ငကြောင်တွေပြောသမျှတင်တဲ့ ဂျာနယ်ကို ဘယ်လိုအဆင့်မျိုးသတ်မှတ်ကြမလဲ ?

မုဆိုးမလက်အောက် အာဏာရောက်........

တရုတ်က`ဖျောက်´ ကုလားက`ခြောက်´.......

တိုင်းပြည်လည်းပျောက် ကျွန်သဘောက်.........

Not underneath of the widow's hut. The so-called 'Tapaung' is only whose character is white for life-long.
In that sense, as for ' Kalarr Mote Soe Ma (or) White Indian' s Widow (or) Kalarr Phyu Mote Soe Ma', it shall be more appopriate as " Kalarr Bell Tolls Uderneath The Thigh of the Kalarr Myarr Mayarr Mote Soe Ma".

Stupid...stupid...very stupid journalist.

ကိုယ်အာဏာရဖို့အတွက် လိုရာဆွဲတွေး၊ လိုရာ ဆွဲပြောနေ
ကြတာတွေ တော်ကြပါတော့၊ ပြည်သူတွေကိုလည်း သနားကြပါဦး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်