Subscribe to our RSS Feed

မြို့ကြီး ၅၆ မြို့နယ်မှာ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မည်

From : ကုမုဒြာ


တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေကို တိုင်းဒေသကြီး/ ပြည်နယ်မြို့ကြီးတွေအပြင် လူဦးရေ တစ်သိန်းအထက်ရှိတဲ့ မြို့ကြီး ၅၆ မြို့မှာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အကောင်အထည်ဖော် ဆောက်လုပ်မယ်လို့ သိရပါတယ်။ အလယ်အလတ်နဲ့ အောက်ခြေပြည်သူတွေအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေကို လိုအပ်နေတဲ့ တိုင်းဒေသကြီး/ ပြည်နယ် မြို့ကြီးတွေမှာ အမြန်အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ပြီး အရစ်ကျကာလရှည် ငွေပေးချေစနစ်နဲ့ လုပ်ဆောင်ပေးဖို့ မြို့ပြနှင့် အိမ်ရာစီမံကိန်းဆိုင်ရာ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ‘အစိုးရက ဖော်ဆောင်ပေးနေတဲ့ စီမံကိန်းတွေရှိနေတာပဲ၊ ဒါပေမဲ့ မထိရောက်ဘူး၊ တန်ဖိုးကအစ အဆင်မပြေဘူး။ သူတို့ ဆွေးနွေးထားတဲ့ နည်းလမ်းတွေကို သိရသလောက်တော့ အဆင်ပြေတယ်၊ တကယ်ပြောထားတဲ့ အတိုင်းလုပ်မယ်ဆိုရင်ပေါ့၊ မဟုတ်ရင်တော့ လူတန်းစားတစ်ခုအတွက်ပဲ အကျိုးရှိနေမှာ’ လို့ ဝါရင့် အကျိုးဆောင်ရှေ့နေ ဦးမျိုးချစ်က သူ့အမြင် ပြောပါတယ်။ မြို့ပြစီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ဖို့ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရကို ပါဝင်ကူညီဖို့ ကမ်းလှမ်းထားတယ်လို့ သိရတယ်။ မြို့ပြအိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနက မြို့ပြနဲ့ အိမ်ရာ စီမံကိန်းတွေကို ရန်ကုန်နဲ့ မန္တလေးတို့လို မြို့တော်ကြီးတွေမှာ နေထိုင်ရေး ခက်ခဲနေသူတွေအတွက် ဦးစားပေးဖြေရှင်းပေးဖို့ ဆွေးနွေးနေပါတယ်။ ပြည်သူတွေ အိမ်ငှားချထားမှု စနစ်၊ အစိုးရ-ပုဂ္ဂလိက ဖက်စပ်စနစ်၊ တဲအိမ်မှ တိုက်ပေါ်သို့ ရွှေ့ပြောင်းစနစ်၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ အငြိမ်းစား ဝန်ထမ်းအိမ်ရာ စီမံကိန်း၊ ဝန်ထမ်းအိမ်ရာ စီမံကိန်းတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။ လက်ရှိမှာ ရောင်းချပေးနေတဲ့ အိမ်ရာတွေရဲ့ အားနည်းချက်လို နောက်ပိုင်းမှာ လက်လွှဲရောင်းချတာ၊ အကြိမ်ကြိမ် ဝယ်ယူခွင့်ပေးတာမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှု၊ တာဝန်ယူမှုတွေအတွက် စီမံခန့်ခွဲမှုစနစ်ကို မြို့ပြအိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေးဌာနက ပြန်လည်သုံးသပ် လုပ်ဆောင်မှာဖြစ်ပါကြောင်း သတင်းရရှိသည်။ .


. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်