Subscribe to our RSS Feed

ဆိုင်ကယ် ၅ စီးနှင့် လူ ၆ ယောက်ကို တိုက်သတ်သည့် ယဉ်မောင်းအား ဖမ်းဆီး

From : .. ရဲဇာနည်
















၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ည ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၂ လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ကျော်ဇင်မင်း (၂၄)နှစ်မောင်းနှင်လာသော 7B/xxxxx “စူပါမန္တလာရိုင်ရယ်” ၀က်ဂွန်ယာဉ်သည် ဆိုင်ကယ် ၂ စီးအား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးစဉ် ၆၂x၆၃ လမ်းထောင့်ရှိ ဓါတ်တိုင်အား ထပ်မံတိုက်မိကာ (၆၇)လမ်းအတိုင်း မြောက်မှတောင်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထိုသို့မောင်းနှင် ထွက်ပြေးရာ မဟာအောင်မြေမြို့နယ်၊ (၆၂)လမ်း၊ (၃၉x၄၀)လမ်းကြားရှိ အနော်ရမ္မံဥယျာဉ်ရှေ့၌ ဆိုင်ကယ်(၃)စီးနှင့် ရပ်တန့်ထားသည့် 7B/xxxx အေဒီဗင်ယာဉ်တို့အား ထပ်မံတိုက်မိပြီး ဆက်လက်မောင်းနှင်ထွက်ပြေးစဉ် ၎င်းအား (၆၂xသိပ္ပံ)လမ်းဆုံ၌ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်။

 ယာဉ်တိုက်မိမှုကြောင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဦးသန်းမြင့်ဦး (၅၆)နှစ်ပါ ၄ ဦးတို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မဟာအောင်မြေမြို့နယ်နေ မအိမွန်ငြိမ်း (၂၁)နှစ်ပါ ၃ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်ဇင်မင်းအား အမှတ်(၃)နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်လည်းကောင်း၊ မဟာအောင်မြေမြို့မရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်