Subscribe to our RSS Feed

အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်အချင်းချင်း ပစ်သတ်မှုဖြစ်ပွား



အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်အချင်းချင်း ပစ်သတ်မှုတစ်ခု
ခရာပွယ်တိုက်နယ်ရုံး တွယ်ရာယန်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကေအိုင်အို ခရာပွယ်တိုက်နယ်ရုံး တွယ်ရာယန်မှ တိုက်နယ်စာရေးကြီးအဆင့်ရှိ နော်ဒင်းသည် ကေအိုင်အေ ရင်း ၅ တွင် တာဝန်ထမ်းဆောင်နေစဉ် ကေအိုင်အေ ရင်း ၅ ခပ္ပရာစခန်းမှ
တပ်သားအဆင့်ရှိ ဇော်ဒွဲသည် ၄င်း၏ မိန်းမနှင့်ဖောက်ပြန်နေကြောင်း
ရွာသားများထံမှ သိရှိရသဖြင့် တွယ်ရာယန်ကျေးရွာ အရက်ဆိုင်တွင် ၄င်း ကေအိုင်အေတပ်သားအားပစ္စတိုဖြင့် ပစ်သတ်ခဲ့ကြောင်း သိရပြီး
ယခုအခါ ၄င်းအား ကေအိုင်အေ ရင်း၅ ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။



0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်