Subscribe to our RSS Feed

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး သောင်တူးစက်ဖြင့် စတင်တူးဖော်ပြီ

From : ..  The Standard Time


ဓမ္မစေတီခေါင်းလောင်းရှိသည်ဟုယူဆရသည့်နေရာတွင် သောင်နှင့်နုန်းများဖယ်ရှားရန်သောင်တူးသင်္ဘောကို သြဂုတ် ၁၇ ရက်နံနက်ပိုင်းက ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် စမ်းသပ် တူးဖော်ခဲ့ကြောင်း အဆိုပါခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၇ ရက်၌ စံတော်ချိန်သို့ ပြောဆို သည်။

"ရေငုပ်ရှာဖွေမှုတွေပြုလုပ်ပြီးခေါင်းလောင်းရှိတယ်လို့ယူဆရတဲ့နေရာမှာ ဗော်ယာတွေချထားတယ်။ အဲဒီနေရာတွေကသောင်တွေကိုဒီနေ့စတင်ဖယ်ရှားတာဖြစ်တယ်"ဟု၎င်းကရှင်းပြသည်။အဆိုပါခေါင်းလောင်း
တူးဖော်ရန်သောင်တူးသင်္ဘော တစ်စင်းနှင့်အထောက်အကူပြု ရေယာဉ်နှစ်စင်းတို့နဂိုမူလစောင့်ဆိုင်းနေရာ မှခေါင်းလောင်းရှိသည်ဟု ယူဆရသည့်နေရာ အနီးသို့ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက ပြောင်းရွှေ့နေရာ
ယူခဲ့သည်။

သာသနာ့အလံများစိုက်ထူထားသည့်လှေငယ်များနှင့်သောင်တူးသင်္ဘောအပါအ၀င်လုပ်ငန်းခွင်ပတ်ပတ်လည်ကိုလှည့်ပတ်ကာပရိတ်ရွတ်ခြင်းများပြုလုပ်ခဲ့ပြီးနောက်စမ်းသပ်တူးဖော်ခြင်းဖြစ်
သည်။ခေါင်းလောင်းရှာဖွေဆယ်ယူမှုများပြုလုပ်မည့်နေရာအနီးတွင် ရေကြောင်းရဲများကလည်းစောင့်ကြည့်ပေးနေပြီး ယင်းနေရာအနီးသို့ ပြည်သူများ လာရောက်ကြည့်ရှုခြင်းကိုတားမြစ်ထားသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူမှုများကို သြဂုတ် ၉ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု စတင် သည့်ကိုးရက်မြောက်နေ့အထိခေါင်းလောင်းကြီးကိုရှာ မတွေ့သေးကြောင်းသိရသည်။ခေါင်းလောင်းကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်က ပေါ်တူဂီလူမျိုးငဇင်ကာကရွှေတိဂုံစေတီတော်မှ သန်လျင်သို့သယ်ယူစဉ် မြစ်သုံးခွဆုံရာနေရာတွင်နစ်မြုပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်