Subscribe to our RSS Feed

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟုဆို

From :planet

ထိုင်းနိုင်ငံတွင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီတော်ကို ဖူးမြော်မည်ဖြစ်ပြီး ရှမ်းပြည်နယ်ရှိ တာချီလိတ်မြို့သို့ အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် လာရောက်မည်ဖြစ်

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟုဆို
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိဝန်ကြီးချုပ် ယဉ်လပ်၏အကိုဖြစ်သူ သက်ဆင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီတော်ကို ဖူးမြော်မည်ဖြစ်ပြီး  ရှမ်းပြည်နယ်ရှိ တာချီလိတ်မြို့သို့ အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် လာရောက်မည်ဖြစ်ကြောင်း ၎င်းအား ထောက်ခံသော ရှပ်နီအုပ်စု United Front for Democracy against Dictatorship (UDD) ကပြောကြားသည်။



တာချီလိတ်မြို့သည့် မြန်မာ-ထိုင်း နယ်စပ်ရှိ မြို့တစ်မြို့ဖြစ်ပြီး ထိုင်းနိုင်ငံ Chaing Rai ပြည်နယ် Mae Sai ခရိုင်နှင့် နယ်စပ်တစ်လျှောက် ကပ်လျက်တည်ရှိသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာနိုင်ငံတွင် ၄ ရက် သို့မဟုတ် ၅ ရက်ကြာ နေထိုင်ဖွယ်ရှိကြောင်း Chaing Rai ရှိ UDD ထောက်ခံသူများ၏ အဆိုကို ကိုးကား၍ Bangkok Post က ဖော်ပြသည်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင် တာချီလိတ်မြို့သို့ လာရောက်မည့် ခရီးစဉ်သတင်းများ Chaing Rai ရှိ သက်ဆင်အား ထောက်ခံသူ UDD တို့ကြားတွင် ပြန့်နှံ့လျက်ရှိပြီး အချို့က ထိုနေ့တွင် တာချီလိတ်သို့ သွားရောက်၍ ဝန်ကြီးချုပ်ဟောင်းနှင့် တွေ့ဆုံရန် ပြင်ဆင်နေကြောင်း သိရသည်။

  Myanmar Express 

5 comments:

ဝန်ကြီးချုပ်ဟောင်း သက်စင် အစစအရာရာအဆင်ပြေပါစေလို့ဆုတောင်းပါသည်

တရားခံပြေးတစ်ယောက်လာမှာကိုလက္ခံသင့်လို့လား
နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ယုံကြည်မှုကိုမထိခိုက်နိုင်ဘူးလား

တရားခံပြေးတစ်ယောက်လာမှာကိုလက္ခံသင့်လို့လား
၂နိုင်ငံချစ်ကြည်ရေးနဲ့ ယုံကြည်မှုကိုမထိခိုက်နိုင်ဘူးလား

မြန်မာ အပေါ် အတော်ကောင်းတဲ့ သူပါ ဝမ်းသာအားရ ကြိုဆိုပါတယ်

ဒီကောင်က ဘာလာလုပ်မှာလဲ အိုဘားမားလာတုန်းကလည်း ကားတွေလမ်းကျပ် လုံခြုံရေးတွေအလုပ်ရှုပ် နေက်ဆုံးခွေးတောင်အလကားမနေရဘူး ပြီးတော့ပြောသွားတာက ၇၀•/•မကောင်းတာချည်းပဲ အခုဒီကောင်လည်း ဘာလာလုပ်မှာလဲ ထမင်းစားပြီးပြန်မှာလား လာနေလဲအပိုပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်