Subscribe to our RSS Feed

စစ်တွေတက္ကသို်လ် ပထမနေ့ စာမေးပွဲ ပဋိပက္ခမရှိခဲ့

From :MON


မနေ့က စစ်တွေ တက္ကသိုလ် တွင် စတင်ကျင်းပသောစာမေးပွဲအား စစ်တွေ
တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများ လာရောက်ဖြေဆိုခဲ့ကြပြီး အနှောက်အယက်မရှိ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြသည်။


စစ်တွေတက္ကသိုလ်အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးအင်အားကို လည်း တိုးမြှင့်ထားသည်။ "အခုခြေအနေတွေက လုံခြုံရေးပေးထားတာတွေ့တဲ့
အတိုင်းပဲလေ ကျောင်းသားတွေကတော့အေးအေးဆေးဆေးပါပဲအခုလို
လုံခြုံရေးအတိုင်းဆို ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း စာမေးပွဲ
အေးဆေးဖြေနိုင်မှာပါ " ဟု စစ်တွေတက္ကသိုလ် ဆရာတစ်ဦးကပြောကြား
သည်။

စစ်တွေတက္ကသိုလ် သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ဘင်္ဂါလီ အများစုနေထိုင်ရာ နေအိမ်အများစုရှိ သော်လည်း ပဋိပက္ခ တစ်စုံတစ်ရာ မရှိခဲ့ကြောင်းသိရသည်။ စစ်တွေမြို့ ပေါ်တွင်လည်း ဒေသခံများသည် ပုံမှန်အခြေအနေအတို်င်း သွားလာလှုပ်ရှားနေသည်ကို တွေ့ရှိရသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မင်းပြား ပေါက်တော
ကျောက်တော်ဒေသများတွင် ပဋိပက္ခများတစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။
 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်