Subscribe to our RSS Feed

ဗြိတိန် နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက် မည်ဟု အယ်လ်ရှာဘတ် အဖွဲ့ ခြိမ်းခြောက်

From : မြ၀တီ


 ဗြိတိသျှ အစိုးရသည် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ အဘူဟမ်ဇ အယ်လ်မာဆီအား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးခဲ့ မှုကြောင့် ဗြိတိန် နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဟု ဆိုမာလီယာ စစ်သွေးကြွ များက ခြိမ်းခြောက် သတိပေး ခဲ့ကြောင်း သိရသည်။ ဗြိတိသျှ အစိုးရသည် နိုင်ငံ အတွင်းရှိ အကြမ်းဖက် သမားများဟု ယူဆ ရသည့် အယ်လ်မာဆီနှင့် အခြား အဖွဲ့ဝင် လေးဦး တို့အား မကြာမီက အမေရိကန် နိုင်ငံသို့ လွှဲပြောင်း ပေးအပ် ခဲ့ပြီးနောက် အယ်လ်ရှာဘတ် တို့၏ ခြိမ်းခြောက်မှု ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ ဗြိတိသျှ အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက် များကြောင့် အယ်လ်ရှာဘတ် အဖွဲ့ဝင် များသည် လန်ဒန် မြို့တွင် ဖြစ်ပွား ခဲ့သည့် ၂ဝဝ၅ ခုနှစ် ဇူလိုင် ၇ ရက်နှင့် ဇူလိုင် ၂၁ ရက် ဗုံးခွဲ တိုက်ခိုက် မှုများထက် ပိုမို ပြင်းထန်သည့် တိုက်ခိုက်မှု များကို ပြုလုပ် သွားမည်ဟု ၎င်းတို့၏ဝက်ဘ် ဆိုက်၌ ခြိမ်းခြောက် ထားကြောင်း သိရသည်။ 

 Myanmar Express 

1 comments:

do you muslim think that you can do anything
everywhere what you want?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်