Subscribe to our RSS Feed

မြန်မာမိန်းကလေးများဒေါ်အောင်ဆန်းစုကြည်လို သားအိမ်ခေါင်းကင်ဆာမခံစားရစေရန်

From :သာနောင်

သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် တဖြည်းဖြည်း ပိန်ချုံးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်


သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်းတင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ် သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ဖြစ်ပွားသောရောဂါတစ်မျိုး ဖြစ်ပြီးတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀%သည် ပိုးရှိသူအမျိုးသားများနှင့် အတူနေမိမှုကြောင့်ဖြစ်ပါတယ်။ အိမ်ထောင်များသူများ၊ မီးဖွားမှုများသူများ၊ အပျော်အပါးများသူမျာ၊ အပျော်အပါးများသောအိမ်ထောင်ဖက်ရှိသူအမျိုးသမီးများ နှင့် ပဋိသန္ဓေတားရန် အမျိုးသား အကာအကွယ်မသုံးပဲ ဆေးစားသူများ တို့ မှာဖြစ်တတ်ပါတယ်။ 


 မေးခွန်းတစ်ခုမေးမယ်။ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှစ်ဦးက မိမိတို့ရဲ့ အမျိုးသားက သူ့ဘ၀မှာမိမိသာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ပါတယ်လို့အာမခံနိုင်တဲ့သူ ရှိသလဲ?
 ဘယ်နှစ်ယောက် ကကော မိမိတို့ လက်ထပ်မဲ့ အမျိုးသားက အရင်ကဘာအပျော်အပါးမှ မလိုက်စားပါဘူး ဒီ ပိုးမရှိပါဘူးလို့ အာမခံနိုင်သလဲ?

 စာရေးသူ ကလဲ ယောက်ျားတစ်ယောက်ပါ။ ယောက်ျားမကောင်းကြောင်းရေးနေတာမဟုတ်ပါဘူး။ သိသင့်တယ်ထင်တာ ဆန်းစစ်သင့်တာလေးတွေကို ထောက်ပြနေတာပါ။ ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါ တော့ဖြစ်ချင်ကြမှာ မဟုတ်ဘူး။


 ဒီကင်ဆာရောဂါ ကဘယ်လိုဖြစ်တာလဲ ဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင်ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရောသားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။ ဘယ်လိုသိနိုင်မလဲ။ ဒီကင်ဆာဖြစ်တော့မယ်ဆို၇င် သူက အဆင့်လေးတွေနဲ့လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့ သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့မှားတတ်တယ်။ သူကတော့ အကြာကြီးကိုဆက်ဖြစ်နေတြာ့ပီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလိုသွေးတွေဆင်းလာတယ် ပြီးတော့ သားမွေးလမ်းကြောင်းကနေသွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။ ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကိုဒေါင်လိုက် နာတာကပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်းတစ်ခုလုံး နာလာတယ်။နောက်ပိုင်းမှာ ဆီး ၀မ်းမထိန်းနိုင်တော့တာတွေ နဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။ လူလည်းပိန်လာတယ်။ အနာတွေကနေပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။ ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါပျက်စီးနိုင်တယ်။

 ဒါဆိုရင်ဘာလုပ်ကြမလဲ။

 ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။ ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင်နောက်တစ်လနေရင်တစ်ခါထိုးရမယ် ။နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ်ထိုးမယ်။ ကဒ်ပြားလေးတွေပေးတယ်။နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လိုထိုးပြီးပြီဆိုရင် ရှစ်နှစ်အထိခံတယ်။ ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉နှစ်ကစပြီးထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက်မလိုသေးပါဘူး။ အပျိုဖော်ဝင်စလောက်ကဆိုရပါတယ် ရောဂါရှိမရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့်တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ခန္ဓာကိုယ်ထဲကိုပစ္စည်းထည့်ပြီးယူ၇မှာ ကိုမကြိုက်ကြဘူး။ တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။ ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင်တားလို့ရသေးတယ်။ CIN 1,2,3ဆိုပြီးတော့အဆင့်သုံးဆင့်မှာ မှာ 1ဆို ကာကွယ်ဆေးလောက်နဲ့တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ရသေးတယ်။ 

 ဘယ်လိုကုမလဲ။ ဖြစ်တဲ့နေရာလေးကိုလှီးထုတ်တယ်။ ဓာတ်ကင်တယ် ။ဆေးကျွေးတယ်။ တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ်လိုက်ရတာတို့ လုပ်ရတယ်။

 ဘာဆေးတွေပေးလဲ။ ပေးတာကတော့ ထိုးဆေးရောသောက်ဆေးရောပေါ့ အသုံးများတဲ့ဆေးတွေကတော့ Cyclophosphamine ၁၀ရက်စာ(ခန္ဓာကိုယ်အလေးချိန်အလိုက်သောက်သုံးရန်တွက်ချက်ရသည်) Lomustineနေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ်အကြီးအသေးအရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)

 လတ်တလောဆိုးကျိုး-ပျို့၊အန်

 ဘာရောဂါတွေနဲ့မှားတတ်သလဲ။ ဓမ္မတာမမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ဆင်မှားတတ်တယ်။ သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲသွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရစုတ်ပြဲသွားတဲ့အခါ။ သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။ ကာလသာရောဂါမှာ ရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။ အခြားသောသားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

 ဒါဆိုဘယ်လိုသိနိုင်မလဲ။ အထက်မှာပြထားတဲ့ လက္ခဏာ တစ်ခုခုပေါ်လာတဲ့အခါ အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ ၀မ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်ကနာလာတဲ့အခါ ကိုယ့်ကိုကိုယ်သံသယ ရှိတဲ့အခါ ultra-sound ရိုက်ကြည့်လို့ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေးသုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိကုသလိုက်ပါ။

 Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်