Subscribe to our RSS Feed

KNU ပါတီတွင်း ပြန်လည်ရင်ကြားစေ့ ပြန်

From : ဗဟိုအမြဲတမ်းကော်မတီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး


  မကြာသေးမီက KNU မှ ထုတ်ပယ်ခံသည်ဟု ကြေညာခံခဲ့သော KNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မူတူးဆေးဖိုး အပါအ၀င် ခေါင်းဆောင်သုံးဦးကို မူလရာထူးပြန်လည်ပေးအပ်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီက အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ အထူးအရေးပေါ် အစည်းအဝေး၏ သဘောထားထုတ်ပြန်ကြေညာ
ချက်

နေ့စွဲ- ၂၇.၁၀.၂၀၁၂

(၁) ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅၊ ၂၆ ရက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ အထူးအရေးပေါ် အစည်းအဝေးကို ဘားအံခရိုင်(လေးဝါး)၌ ကျင်းပပြီး ကေအဲန်ယူအဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို အောင်မြင်စွာ ရှေ့ဆောင်ညှိနှိုင်းဖြေရှင်းနိုင်ခဲ့သည်။

(၂) အစည်းအဝေးတွင် ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်းကော်မတီ ၄၀ ဦး တက်ရောက်ခဲ့ကြသည်။

(၃) အစည်းအဝေးတွင် ကေအဲန်ယူ-အလုပ်အမှုဆောင်ကော်မတီ၏ ၂၇.၉.၂၀၁၂ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်းခံရသော ခေါင်းဆောင်သုံးဦး၏ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

(၄) ဗဟိုအမြဲတမ်းကော်မတီဝင်များသည် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များကို ကြေကြေညက်ညက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ရှေ့ရှု၍သော်လည်းကောင်း၊ အဖွဲ့အစည်း၏ အကျိုးကို ရှေ့ရှု၍သော်လည်းကောင်း၊ စည်းလုံးညီညွတ်မှုနှင့် အဖွဲ့အစည်း၏ တိုးတက်မှုကိုသော်လည်းကောင်း အဖွဲ့အစည်းအတွင်း ဖြစ်ပျက်ခဲ့သော အားနည်းချက်များကို သင်ပုန်းချေကြပြီး (၁၄)ကြိမ်မြောက် ကွန်ကရက်မှ ယခင်မူလပေးထားသော တာဝန်များကို (၁၅)ကြိမ်မြောက် ကွန်ကရက်အထိ တာဝန်များကို ဆက်လက်တာဝန်ယူဆောင်ရွက်သွားရန် အားလုံးက သဘောတူကြောင်း ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။

(၅) အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော အားနည်းချက်များကို အဖွဲ့အစည်းအတွင်း ခေါင်းဆောင်များက ဦးစီးရှေ့ဆောင်၍ ညှိနှိုင်းဖြေရှင်းခဲ့ကြပြီး ကေအဲန်ယူ၏ အခြေခံလမ်းစဉ်နှင့်အညီ အားလုံးတက်ညီလက်ညီ ဆက်လက်ချီတက်သွားမည်ဖြစ်သည်။


. Myanmar Express 

1 comments:

KNU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းရှာလဖန်ကိုလုပ်ကြံတဲ့သူတွေ မိပြီးပြီလား။သမိုင်း အမှန်ထားခဲ့ ချင်လို့ပါ။ အာဏာလုဖို့ လုပ်ကြံ တယ်ဆိုရင်တော့ knu သမိုင်းမကောင်းပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်