Subscribe to our RSS Feed

အီးယူနိုင်ငံများမှ ပေးအပ်မည့် ဂျီအက်စ်ပီ အခွင့်အရေးတွင် ပို့ကုန်များအပေါ် အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း အထိ သက်သာခွင့် ရရှိနိုင်မည်

From : mrtv4


နေပြည်တော်မှာ ကျင်းပ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတကြီးနှင့် ပြည်တွင်းရှိ သတင်း မီဒီယာများ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်း မီဒီယာများ
တွေ့ဆုံပွဲမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောပြချက် အရ အီးယူ နိုင်ငံများမှ ပေးအပ်မယ့် ဂျီအက်စ်ပီ အခွင့်အရေးဟာ မြန်မာနိုင်ငံမှ အီးယူသို့ ပို့ကုန်များ အပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း အထိ သက်သာခွင့် ရရှိနိုင် တယ်လို့ သိရပါတယ်။ ဥရောပ သမဂ္ဂနိုင်ငံများ အီယူမှ ပေးအပ်တဲ့ ဂျီအက်စ်ပီ အခွင့်အရေးဟာ ဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ ပို့ကုန်တွေပေါ်မှာ အကောက်ခွန် နှုန်းထား လျှော့ချ ကောက်ခံတဲ့ စနစ်ဖြစ် ပါတယ်။

အဆိုပါပွဲမှာ သမ္မတကြီးမှ ပြောပြချက် အရ ၎င်းရဲ့ အမေရိကန် ခရီးစဉ် အတွင်းမှာ အီးယူ နိုင်ငံများမှ တာဝန်ရှိ သူများနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ် လို့လည်း သိရပါတယ်။ အဆိုပါ ဂျီအက်စ်ပီ စနစ် ကိုလည်း မြန်မာနိုင်ငံ အတွက် ပေးအပ်ရန် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မကြာခင် ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု လက်ရှိ ကျင်းပ ပြုလုပ် လျက်ရှိတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောပြချက် အရ အီးယူမှ ပေးအပ်မယ့် အကောက်ခွန် စနစ် သက်သာတဲ့ အခွင့်အရေး ဂျီအက်စ်ပီကို လာမယ့် ၂၀၁၃ ခုနှစ် အစပိုင်းတွင် ခံစားနိုင် တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အတွက် ဂျီအက်စ်ပီ အစီအစဉ် ပြန်လည် ပေးအပ်ဖို့ အတွက်ကို ပြီးခဲ့တဲ့ လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥရောပ ကော်မရှင် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အီးယူနိုင်ငံများ အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ဂျီအက်စ်ပီ အခွင့်အရေးကို ယခင် ကတည်းက ပေးအပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ စတင်ပြီး ရပ်ဆိုင်းခဲ့ကာ ယခုအစိုးရသစ် လက်ထက် မှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များနဲ့ တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာတဲ့ အတွက် ယခုလို ပြန်လည် ပေးအပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်