Subscribe to our RSS Feed

သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မည်

From : MON



သာမန်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့ ) တွေကို သက်တမ်း ၃ နှစ်ပေးနေရာကနေ နိုဝင်ဘာ ၁ ရက်နေ့ ကစပြီး သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးအဖွဲ့ မှူးတဦးကအတည်ပြုပြောဆိုပါတယ်။နဂိုက သင်္ဘောသားပတ်စ်ပို့  ၅ နှစ်၊ အလုပ်သမားပတ်စ်ပို့ ၎ နှစ်၊ သာမန်နိုင်ငံကူးလက်မှတ် ၃ နှစ်သတ်မှတ်ထားရာကနေ အခု အားလုံးတပြေးညီ
၅ နှစ်သက်တမ်း သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ဒီအတွက် ကုန်ကျစရိတ် ပိုပေးစရာ မလိုသလို လုပ်ထုံးလုပ်နည်းတွေလည်း အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ဒါပေမယ့် ပတ်စ်ပို့  လက်ဝယ်ရှိ နိုင်ငံသားတယောက် သက်တမ်းကုန်ပြီး သက်တမ်းတိုးရင် အသစ်လျှောက်သူတွေနည်းတူ အစအဆုံး ပြန်လည်လုပ်ကိုင်ရတာကြောင့် ရုံးမှာ အချိန်များစွာကုန်သလို ပတ်စ်ပို့ ပြန်ရဖို့  အနည်းဆုံး ရက် ၂၀ ကျော် ကြာမြင့်နေတာက အခက်အခဲကြီး တခုပဲလို့  ဝေဖန်ပြောဆိုနေကြပါတယ်။
 


Myanmar Express 

1 comments:

[ဟုတ်ပါ့ အဲ့ ဒုက္ခက တော်တော် လေးတိုးတယ်..အမှန်ဆို ၇ ခွဲထုန်ပီး မြန်မြန်ဆန်ဆန် ဆောင်၇ွက်ပေး သင့် တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်