နားထဲမှာမကြာခဏကြားနေ တဲ့စကားလုံးလေးဖြစ်နေလို့ တော်တော်နားရည်ဝနေပြီ။ခု လည်း ဆရာမကြီး ဒေါ်ရွှေကူမေ နှင်းရဲ့ ဆောင်းပါးဖတ်ရတော့ ကျွန်တော်သိတဲ့စပွန်ဆာတွေပြန် စဉ်းစားမိလာတယ်။ပြည်သူတွေ ကြားမှာ ဒီစကားလုံးလေးဟာ ၂၀၀၆ခုနှစ် နောက်ပိုင်းများမှ ပို မိုကျယ်လောင်လာတယ်လို့ထင် တယ်။ဒါမှမဟုတ် ရန်ကုန်နဲ့ဝေး တဲ့နေရာမှာ နေလို့မကြားမိတာဖြစ် ချင်ဖြစ်မယ်၊ကျွန်တော်က ၁၉၉၆ ကနေပြီး ၂၀၀၉အထိ အထက် မြန်မာပြည်မှာ တာဝန်ထမ်းဆောင် နေရတော့ ရန်ကုန်နဲ့မလှမ်းဝေးလို့ မကြားမိတာဖြစ်ကောင်းဖြစ်မှာပါ။ စပွန်ဆာဆိုတာကို အဘိဓာန်ထဲ မှာ ပြန်ကြည့်တော့ကုန်ကျစားရိတ် ကို လှူဒါန်းသူ၊ထောက်ပံ့သူ၊အဆို တင်သွင်းသူ၊အာမခံသူဆိုပြီး ဖော် ပြထားတာတွေ့ရပါတယ်။ဒါပေ မဲ့ လူတွေရဲ့နှုတ်ဖျားမှာတော့ ဘယ်လူကြီး၊ဘယ်သူဌေးက ဘယ် ကောင်မလေးကိုစပွန်ဆာပေးထား တယ်တို့၊ဒီကောင်မလေးက စပွန် ဆာရှိတယ်တို့ဆိုပြီးပြောလေ့ရှိ တာကြားရပါတယ်။တကယ်တော့ ကြော်ငြာပေးတဲ့လုပ်ငန်းတွေကို ကုန်ကျစရိတ်ထောက်ပံ့ပေးကမ်း ပြီး နည်းမျိုးစုံနဲ့ကြော်ငြာစေတာ ဘဲဖြစ်ပါတယ်။ဒီနေရာမှာစကပ် ကွဲတာတွေ၊ဘောင်းဘီတိုတာတွေ၊ ပါးပါးလေးဝတ်ကြော်ငြာတာတွေ ပေါ်ပေါက်လာတော့တာပါဘဲ၊ ဒါနဲ့တစ်ဆက်တည်း သံတူကြောင်း ကွဲ စပွန်ဆာဆိုတာပါ ပေါ်ပေါက် လာတယ်ထင်တယ်။ဒီသံတူကြောင်း ကွဲ စပွန်ဆာကတော့ ကျွန်တော့် တစ်ဦးတည်းရဲ့ ကိုယ်ပိုင်အထင်ရ KTV တွေက စပြီးပေါ်လာတယ် ထင်ပါတယ်။ဘယ်လောက်အထိ ကျယ်ပြန့်လာသလဲဆိုရင်၊စပွန်ဆာ ပေးထားတဲ့တိုက်ခန်းတွေများလွန်း လို့၊နဂိုကွန်ဒိုအမည်ပျောက်ပြီး အမည်ပြောင်နှင့်ကျော်ကြားလာ တာတွေရှိကြောင်းသိရပါသည်။ ကျွန်တော့်အသိမိသားစုရဲ့ သမီးလေးဟာ ကုမ္ပဏီတစ်ခုရဲ့ ဘာမှန်းမကိုမသိပေမဲ့၊မြို့ထဲမှာ တိုက်ခန်းနဲ့နေကြောင်း သူ့အဖေ ကပြောပြပါတယ်။တကယ်တော့ သူတို့မိသားစုဟာ မြန်မာပြည် အလယ်ပိုင်း၊အပူပိုင်းဒေသ၊ကျေး တောရွာကပြောင်းလာကြတဲ့ မိ သားစုတွေဖြစ်ကြပါတယ်။နောက် တော့ ကောင်မလေးဟာ သူ့မိသား စုနဲ့မြို့သစ်မှာပြန်လာနေပြီး မကြာ ခဏလုပ်ငန်းရှင်က ကားနဲ့လာ လာခေါ်သွားပါတယ်။ခုတော့ ကျွန်တော်တို့ရပ်ကွက်မှာပဲ မြေ ကွက်ဝယ်၊တိုက်ဆောက်ပေးထား ပါတယ်။မိန်းမပါသမီးဆိုတော့ အဖေကလည်း ဘာမျှဝင်ရောက် စွက်ဖက်ပြောဆိုတာမရှိပါဘူး။ အားလုံး ကျေကျေနပ်နပ်ပါပဲ။ သူ့အမေက သူ့ဘော့စ်က ဆောက် ပေးတာလို့ပြောပါတယ်။ ဒီလိုသီးသီးသန့်သန့် ထောက် ပံ့ပေးကမ်းထားတဲ့ အနေအထား တွေဟာ ဟိုးလွန်ခဲ့တဲ့ အနှစ်၄၀/ ၅၀ကလည်းရှိပါတယ်။ဒါပေမဲ့ မရှိသလောက်နည်းတယ်။ဒီခေတ် လိုမပေါဘူး။အဲဒီတုန်းက ပိုက်ဆံ တတ်နိုင်လို့ မယားပြိုင်(မယား ငယ်)ယူရင်တောင် တရားဝင်လက် ထပ်ရတာ။မယားငယ်အခေါ်ခံရ မှာကို သေမလောက်ကြောက်၊ ရှက်ကြတယ်။ခုခေတ်ကတော့ ဒို့မှာဘော့စ် ဘယ်နှစ်ယောက်ရှိ တယ်ဆိုတာ ကြွားတဲ့ခေတ်လား မသိဘူး။ဘာပဲဖြစ်ဖြစ် ဒီခေတ်မှာ တိုက်တစ်လုံး၊ကားတစ်စီးနဲ့လိုတာ မှန်သမျှ စပွန်ဆာပေးနိုင်တဲ့သူဌေး အချို့ပေါ်လာတာဟာ တိုင်းပြည် မဆင်းရဲဘူးဆိုတဲ့ ပြယုဂ်ပေါ့နော်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်