Subscribe to our RSS Feed

အမေရိကန်မှာ တိုက်ခတ်နေတဲ့ စန္ဒီမုန်တိုင်းသတင်း

From :  တင်စိုး


ဒီကနေ့ မနက် ၁၀ နာရီအထိ လူ ၁၇ ဦးသေဆုံးပြီး လူပေါင်း ၆ သန်းကျော် လျှပ်စစ်မီးပြတ်တောက်နေကြောင်း အတည်ပြုထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အတော်လေးလိုအပ်နေပါတယ်။ ရေတွေ လွှမ်းနေချိန်မှာ မိမိအိမ်တွေမှာ ပိတ်မိနေတဲ့သူတွေကို ရေလွတ်ရာနေရာကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
မီးပြတ်နေတဲ့အတွက် ဖုန်းကတဆင့် အကူအညီတောင်းဖို့ အခက်အခဲ ဖြစ်နေသူတွေ အများအပြားပါပဲ။

ရာသီဥတုကလည်း အတော်လေးအေးလာတဲ့အတွက် မိုးလုံလေလုံရာကို ရွှေ့ပြောင်းပေးဖို့ အရေးပေါ် လိုနေပါတယ်။

နယူးဂျာစီမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယဉ်တွေ၊လှေတွေနဲ့ ကလေးတွေကို ကျောပိုးထုတ်နေတာတွေ့ရပါတယ်။

နယူးယောက်မြို့မှာ လေဆိပ် ၃ ခုစလုံး ရေလွှမ်းလို့ ပိတ်ထားပါတယ်။ အရေးပေါ်ခိုလုံဖို့ ကယ်ဆယ်ရေးစခန်း ၇၆ ခု ဖွင့်ထားဆဲဖြစ်ပြီး မိမိတို့အိမ်ကို မပြန်နိုင်သေးသူတွေ ဆက်နေနိုင်တယ်လို့ နယူးယောက်မြို့တော်ဝန်က ကြေငြာပါတယ်။

နယူးယောက်က မြေအောက်ရထားလမ်းထဲ ရေလွှမ်းနေဆဲမို့ ရထားတွေ အကုန်ရပ်ထားရပါတယ်။ လတ်တလော အများသုံးဆက်သွယ်ရေးယဉ်တွေ ၂-၃ ရက် ရပ်ထားရမှာ ဖြစ်ပြီး ဘယ်တော့ ပြန်စမယ်ဆိုတာ ကြေငြာပေးမယ်လို့ ပြောထားပါတယ်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်