Subscribe to our RSS Feed

လူငယ်မီဒီယာသမားတို့ ယခုကတည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည့်လမ်းပေါ် တင်ထားသင့်

From : myanmar times


လူငယ်မီဒီယာသမားတို့သည် မိမိတို့ဘ၀တွင် ရှေးက စံထားခဲ့ကြသော သတင်းစာဆရာကြီးများ
ကဲ့သို့ လူရိုသေ ရှင်ရိုသေ တစ်သက်လုံး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ယခုက တည်းက
ကြိုတင်၍ ပြင်ဆင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးစကား ပြောကြားခဲ့သည်။
"လူငယ်သတင်းသမားတွေ သတင်းတွေယူ တဲ့၊ မေးတဲ့အခါမှာ၊ အခြေအနေတွေကို သုံးသပ် တဲ့
အခါမှာ လေးလေးနက်နက် လုပ်ကြပါ။ အပေါ်ယံကြော မကြည့်ပါနဲ့။ နောက်တစ်ခုက လူတွေ၊
အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ ရှေ့နောက်ညီရဲ့လားဆိုတာ သေသေချာချာ
သုံးသပ်ဖို့လိုတယ်။ ခုတစ်မျိုး၊ ခုတစ်မျိုးဆိုတဲ့ဟာမျိုးက ဘယ်တော့မှ စိတ်မချရဘူးဆိုတာသိရ
မယ်။ အပေါ်ယံကြောကြည့်ပြီး ဆုံးဖြတ် ချက်ချမိရင် နိုင်ငံ့အကျိုးလည်းမပြု၊ ဘယ်သူ့ကို မှလည်း
အကျိုးမပြုနိုင်ဘူး။ အမေကတော့ မီဒီယာကို တစ်ချိန်လုံး သတိပေးနေပါတယ်။ လူငယ်မီဒီယာ
တွေဟာ အခုကတည်းက ကိုယ့် ကိုယ်ကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ် တင်ထားကြပါ။ နောက်
အသက်ကြီးလာမှဆိုရင် ပြောင်းရ၊ ပြင်ရ ခက်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု
လွှတ်တော် ပဉ္စမအစည်း အဝေး ပထမနေ့၊ အောက်တိုဘာ ၂၂ ရက်တွင် မီဒီယာများနှင့် ခေတ္တ
တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ် ခဲ့သော နိုင်ငံတော်သမ္မတ၏ ပထမဆုံးအကြိမ်
သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်ပြီး မည်သို့သဘောထားပါသလဲဟူသည့် အမေးနှင့်ပတ်သက်၍
လည်း "အခုလို မီဒီယာနဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုတာ ကောင်းပါတယ်။ အစိုးရနဲ့ မီဒီယာနဲ့
ဆက်ဆံသင့်တာပေါ့။ မီဒီယာတွေက လည်း ဒီလိုဆက်ဆံခြင်းအားဖြင့် အခြေအနေ တွေကို
သုံးသပ်နိုင်တာပေါ့။ မီဒီယာတွေဘက် ကလည်း အရေးကြီးပါတယ်။ မီဒီယာအနေနဲ့ အဖန်ဖန်
သုံးသပ်နိုင်မှသာ လူတွေအကြောင်းကို သိတာ။ တစ်ခါ နှစ်ခါ တွေ့ရုံလောက်နဲ့တော့ အကြောင်း
မသိနိုင်ဘူး။ ကိုယ့်မိတ်ဆွေတွေ တောင်မှ အဖန်ဖန်သုံးသပ်မှ သိနိုင်တာ။ အစိုးရ ဆိုရင် ပိုပြီးတော့
တောင်မှ အဖန်ဖန် အကြိမ်ကြိမ် တွေ့ပြီး သုံးသပ်ရမှာပေါ့"ဟုဖြေကြားခဲ့သည်။
သမ္မတကြီး၏ဖြေကြားချက်များအပေါ် မီဒီယာအများစုတို့က အားရမှုနည်းပါးခဲ့ခြင်းနှင့် ပတ်သက်၍
၎င်းက ဤသို့ဖြေကြားခဲ့သည်။
"အစိုးရအဖွဲ့အနေနဲ့တော့ ဒီလိုပဲရှိမှာပါ။ ဒါ ကြောင့် ပြောတာပေါ့။ အခုလို ကိုယ့်ဘာသာ ကိုယ်သိ
ကြရတော့ ပိုပြီးကောင်းတာပေါ့။ နောက်ပြီးတော့လည်း အစိုးရအဖွဲ့နဲ့ လွှတ်တော် ရဲ့သဘာဝက
မတူကြဘူး။ လွှတ်တော်က သဘာဝအရ ပိုပြီးတော့ အစိုးရအဖွဲ့ထက် ပွင့်လင်းမှုရှိတယ်။
မပွင့်လင်းလို့လည်း မရဘူး လေ။ လွှတ်တော်ကိုယ်စားလှယ်က ၆၅၁ ယောက်ရှိတာဆိုတော့
ဘယ်အရာကိုမှ ဖုံးထား ဖိထားလို့မှ မရဘဲ"ဟု မြန်မာတိုင်း(မ်)ကို ဖြေကြား ခဲ့သည်။
ထို့ပြင် လူငယ်မီဒီယာသမားတို့အနေဖြင့် ယခုကဲ့သို့ မီဒီယာခေတ်ဖြစ်လာချိန်တွင် အထူးသတိ
ထားပြီး မိမိကိုယ်မိမိ ထိန်းမတ်ရမည့် အဓိကအချက်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က
အကြံပေး ပြောကြားခဲ့သည်။
"အခုခေတ်က မီဒီယာခေတ်၊ မီဒီယာက တော်တော်ဩဇာရှိလာပြီ။ ဩဇာရှိလာတဲ့ အလျောက်
မြောက်သွားတတ်တယ်။ ပိုးဝင်သွား နိုင်တယ်။ အမြဲသတိထား၊ ကိုယ့်ကိုယ်ကိုယ်လည်း သတိ
ထား၊ သူများတွေကိုလည်း ကြည့်နေ၊ နေရာ၊ အာဏာနဲ့ ဩဇာတွေမှာ သာယာသွားနိုင် တယ်။
ပိုးဝင်နိုင်တယ်။ ဘယ်သူက ပိုးဝင်သွား သလဲဆိုတာ ကြည့်နေဖို့လိုတယ်။ ပိုးဝင်သွားတာ နှဲ့ငါည
ကလေးတွေ ပြတတ်တယ်။ မြင်အောင် ကြည့်ဖို့လို တယ်။ ရှေ့နောက်မညီတဲ့စကားတွေ၊ လုပ်ရပ်
တွေ၊ (နေရာ၊ အာဏာနဲ့ ဩဇာအပေါ်) သာယာယစ်မူးလာတဲ့ကိစ္စတွေ။ "ဩဇာ၊ အာဏာရှိလာရင်
ပျက်စီးတတ် တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲဆင်ခြင်နေ ရမယ်။ ငါတို့ပြောလိုက်တယ်ဆိုရင်
လူ တစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စေတယ်ဆိုတဲ့အသိ ထားရမယ်။ ဒါဟာ ဩဇာအာဏာလို့
မမြင်နဲ့၊ သာယာဖို့ မဟုတ်ဘူး၊ ဒါဟာ တာဝန်လို့ သတ်မှတ်ရမယ်။ ရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေး
ကိုယ်တာ အတင်းအဖျင်းတွေကို ရေး သားဖော်ပြ တာမျိုးဟာ တကယ်တော့ တိုင်းပြည်နဲ့လည်း
မဆိုင်ဘူး။ မိမိရဲ့ အသိုက်အ၀န်း အကျိုးစီးပွားနဲ့ လည်း မဆိုင်ဘဲ လူတွေဖတ်လို့ကောင်းအောင်
ရေးတာမျိုးဟာ ပုဂ္ဂိုလ်တွေရဲ့ဘ၀တွေကို ပျက် စေနိုင်တယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။
မီဒီယာလုပ်ငန်းကို စီးပွားရေးအမြင်အရ လုပ်ရသည်များရှိနိုင်သော်လည်း ဖတ်ကောင်းရုံ ပုဂ္ဂိုလ်ရေး
အတင်းအဖျင်းများ မရေးစေလို ကြောင်း၊ မည်သည့်အကြောင်းအရာကိုမဆို လေးလေးနက်နက်
ဆင်ခြင်ရေးသားဖော်ပြစေ လိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

 Myanmar Express 

1 comments:

အဲဒီလောက်ပြောလည်း နားလည်ချင်မှနားလည်မှာပါ...သူတို့က ဥာဏ်ရည်နည်းရှာတော့ ဆက်မိုက်ကြဦးမှာပါ..အပေါ်က ပုံကိုတော့ အားနာပါတယ်...။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်