Subscribe to our RSS Feed

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီ အငြင်းပွားမူများ မပြီးနိုင်သေး

From :ဖြိုးဝေကျော်


အင်န်အယ်လ်ဒီပါတီ၏ ဗဟိုညီလာခံ မကျင်းပမီ မန္တလေးမြို့အချို့မြို့နယ်ရှိ ပါတီအတွင်း တက်ကြွလှုပ်ရှားသူများ၊ ပါတီဝင်များအကြား ပြင်းထန်သော အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

ဗဟိုညီလာခံမကျင်းပမီ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ညီလာခံများကို အဆင့်ဆင့် ကျင်းပသွားရန်ရှိပြီး ၎င်းအတွက် ညီလာခံကျင်းပရေးကော်မရှင် များဖွဲ့စည်းသည့်အဆင့်တွင် ဒီမိုကရေစီ နည်းလမ်းမကျဟူသည့် အငြင်းပွားမှုများဖြစ်ပွားနေကြောင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ပါတီတွင်းတက်ကြွလှုပ်ရှားသူအချို့က ပြောသည်။

"ဒီအငြင်းပွားမှုတွေက ဗဟိုကချုပ် ကိုင်နိုင်မှု အားနည်းတာကြောင့်လည်း ပါပါတယ်။ တချို့ကတော့ ပါတီဝင်ဟောင်းတွေနဲ့ အသစ်တွေကြား အာဏာလုကြတာလို့ဆိုကြပေမယ့် အလုံးစုံမှန်တယ်လို့ မဆိုနိုင်ပါဘူး။ ညီလာခံကျင်းပ ရေးကော်မရှင်ဖွဲ့စည်းတဲ့အဆင့်တွေမှာ ဒီမိုကရေစီ
နည်းလမ်းမကျတဲ့ လုပ်ရပ်တွေကိုရပ်တန့်ချိန်တန်နေပါပြီ"ဟု
ပြည်ကြီးတံခွန်မြို့နယ်မှ ပါတီတွင်းတက်ကြွလှုပ်ရှားသူများဖြစ်သော ဦးကိုကိုအောင်နှင့် ဦးဝင်းလှိုင်တို့က ပြော ကြားခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာပင် ပြီးခဲ့သော စက်တင်ဘာလ နောက်ဆုံးအပတ်၌ ပါတီ အစည်းအဝေးတွင် ပြင်းထန်သော အငြင်းပွားမူများဖြစ်ပွားပြီးနောက်ပိုင်း အစည်းအဝေးဆက်လက် မလုပ်ဖြစ်တော့ ကြောင်းသိရှိရသည်။

"အောက်ခြေမှာ ဒီလိုဒီမိုကရေစီ နည်းလမ်းမကျတဲ့လုပ်ရပ်တွေ၊ အငြင်းပွားမှုတွေရပ်တန့်သွားဖို့၊ညီလာခံ ကျင်းပရေး ကော်မရှင်တွေကို နည်းလမ်းတကျဖွဲ့သွားဖို့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပေမယ့်လည်း အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော စကားအား လက်မခံနိုင်၍ ယခုလို အငြင်းပွားမူ၊အာဏာလုမူများ ဖြစ်ပွားနေကြောင်းသိရှိရသည်။


 Myanmar Express 

3 comments:

အဲဒါဒေါ်စုရဲ့မိန်းမဥာဏ်ဖြစ်နိုင်တယ်။ကချင်အရေး ရခိုင်အရေးကိစ္စတွေကိုခေါင်းရှောင်ချင်လို့ ပါတီတွင်းရှုပ်ထွေးမှု့တွေကိုဖန်တီးနေတာများလား?

စုစုရေ သမတ ကနောက်မှလုပ်ပါငွယ် အခု အရင်ဆုံး ကိုယ့်ပါတီ ကို အရင်ထိန်းပါဦး ။ စုစုရေ အောက်စဖိုဒ့်ကျောင်းကထွက်ပေမဲ့ တိုင်းပြည်အုပ်ချုပ်ရတာ မလွယ်ပါဘူး။အေုကလည်တဲ့တိုင်းရင်းသားတွေ အရေးကို ဦးအောင်မင်းတို့အဖွဲ့လုပ်ပါလိမ့်မယ်။ စုစု လုပ်ရမှာက စုစုရဲ့ အမေရိကန်မှာနေထိုင်တဲ့ သားကြီး သြရသ နဲ့ အရင်အဆင်ပြေ အောင်ညှိကပါ။ သူကလဲ သူ့ သူအဖေ
မိုက်ကယ် အဲရစ် ငုတ်တုတ်ကြီးရှိနေတာကို စုစုက ဒေးဗစ်လှမြင့်နဲ့ ဖောက်ပြန်တာကို စိတ်ဆိုးတာပါ။ စုစုရေ အသက်တွေလဲကြီးနေပီ။ ငြိမ်ငြိမ်နေ။ ချစ်လှိုပြောစိတ်မဆိုးပါနဲ့

အ ညာ သူ မ လေ နဲ့ လုပ် စား နဲ့ ခွေး မ စု ကြည် သူ ဖင် သူ တောင် အ ငြိမ် မ နေ နိုင် ဘဲ ဘယ် လို မ နိုင် ငံ ထိန်း မုာ လည်း အ ညာ သူ ရယ် အ ညာ ဆို တဲ့ အ တိုင်း အ ညာ ပါ အ ညာ သူ ရယ် အ ညာ မ ကြီး ရယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်