Subscribe to our RSS Feed

ခရီးသွား လုပ်ငန်းဆိုင်ရာ Website ပေါ်လွင့်တင်

From : မြ၀တီ


 မြန်မာ ခရီးသွားလုပ်ငန်း ကမ္ဘာ့ခရီးသွား လုပ်ငန်း ဆိုင်ရာ အချက်အလက်များကို စုစည်း လွင့်တင်ထားသည့် ခရီးသွား လုပ်ငန်းဆိုင် ရာ Web Portal www.oway. com.mm ကို စတင် လွင့်တင် လိုက်ကြောင်း သိရသည်။ အဆိုပါ Web Portal တွင် ခရီးသွားလုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုနှင့် Website မှ ဈေးဝယ်ယူနိုင်မည့် ဝန်ဆောင်မှုတို့ကို တစ်ပြိုင် တည်း ဆောင်ရွက် နိုင် မည် ဖြစ်ကြောင်း သိရသည် ။ “ပြည်တွင်းပြည်ပ ဟိုတယ်နှင့် လုပ်ငန်းပေါင်း နှစ်ထောင်ကျော်နဲ့ ချိတ်ဆက် ထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဟိုတယ်တွေ နိုင်ငံ တကာမှာ ရှိတဲ့ ဟိုတယ်တွေကို ဒီ Web Portal ကနေ အခန်း မှာနိုင်မှာ ဖြစ် ပါတယ်။ ပြင်ပဈေးနှုန်းနဲ့လည်း ကွာဟမှု မရှိပါဘူး” ဟု Oway ကုမ္ပဏီ၏ Founder & CEO ဦးနေအောင်က ပြော သည်။ ခရီး သွား အေးဂျင့်များမှ ဈေးနှုန်း ကြီးမြင့်စွာ ဝန်ဆောင်မှုကို ကာကွယ်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်