Subscribe to our RSS Feed

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမူအခြေအနေနှင့်စပ်လျဉ်း၍အသိပေးကြေညာခြင်း

From : သမ္မတရုံး


၁။ ရခိုင်ပြည်နယ်အတွင်း  ပဋိပက္ခဖြစ်ပွားမူအခြေအနေနှင့်စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လူပ်ရှားနေသောလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများရှိနေကြောင်းသိရှိရသဖြင့် ၄င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။တစ်ကျော့ပြန်ဖြစ်ပွားလာသော  ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ဒဏ်ရာရသူ (၁၃၆)ဦး
မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁) အိမ် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ်ခဲ့သည်။

၃။လူ့အဖွဲ့အစည်းနှစ်ခုကြားရှိ  ပဋိပက္ခများသည် သာမန်ဆူပူလူပ်ရှားမူ ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မူအခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံ
ရေးတပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မူများ ဖြစ်ပေါ်လာခဲ့ပါသည်။အကြမ်းဖက် ပဋိပက္ခဖြစ်စဉ်များမှ ဒေသန္တရလုပ် လက်နက်ငယ် (၁၈၀)လက်သိမ်းဆည်းရမိခဲ့ပါသည်။ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ အထောက်အထားများ ကိုလည်း ဖမ်းဆီရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊အကြမ်းဖက်ခြင်း၊တိုက်ခိုက်ခြင်း၊မီးရို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊အသေးစိတ်စီစဉ်ခြင်း၊ဒေသန္တရလုပ်
လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလူပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများ ပါ ပါဝင်ပတ်သတ်မူရှိနေသကဲ့သို့၊အခြားတစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သတ်နေသည့် အထောက်အထားများတွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူး ရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီးဥပဒေနှင့် အညီ ငြိမ်းချမ်းစွာနှင့် ဥာဏ်ပညာအမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သတ်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက် မညိုးနွမ်းစေရေးအတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များဆက်လက်မဖြစ်ပေါ်စေရေးအတွက်  ပဋိပက္ခဖြစ်စဉ်များ၌ဆက်စပ်ပတ်သတ်သူများကို နောက်ကွယ်မှ ကြိုးကိုင်လူပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား နိုင်ငံတော်မှထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
 

Myanmar Express 

1 comments:

ကြေ ငြာ ချက် ဘဲ ထုတ် မ နေ နဲ့
လုပ် စ ရာ ရှိ တာ မြန် မြန် လုပ်
ရှင်း စ ရာ ရှိ တာ မြန် မြန် ရှင်း ပေး ပါ ငါ
တို့ တိုင်း ရင်း သား ရ ခိုင် တွေ ကို
ကာ ကွယ် ပေး ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်