Subscribe to our RSS Feed

သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်း သတင်းထောက်များရဲ့ ပထမဆုံး တွေ့ဆုံခြင်း (၂)

From : မေသင်္ကြန်ဟိန်(မြစ်မခ)


ဆက်ပြီး မေးမြန်းခွင့်ရရှိတဲ့ သတင်းဂျာနယ်ကတော့ပြည်မြန်မာဖြစ်ပါတယ်။ ကျမနေရာက နောက်ဘက်နားကျတဲ့ အတွက် မေးမြန်းသူတွေရဲ့ အသံတွေကို မကြားရပါဘူး။ မိုက်နဲ့ ပြောတဲ့ သမ္မတကြီးရဲ့ အသံကိုတော့ကြားရပေမဲ့အခန်းရဲ့ အနေအထားကြောင့် အသံလုံးထွေးနေတာမျိုါ်လည်း ရှိပါတယ်။ အသံဖမ်းစက်နဲ့ အသံဖမ်းယူထားပေမဲ့ အဆင်မပြေလှပါဘူး။

ပြည်မြန်မာ ဂျာနယ်က ၀န်ထမ်းတွေရဲ့ရ လာဘ်ပေး လာဘ်ယူ ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းကြောင်း သိရပါတယ်။ 

`အခြေအနေမှန်ကို ကျွန်တော်တို့သိပါသလားဆိုတော့။ သိသင့်သိထိုက်တဲ့ဟာတွေလည်း  ကျွန်တော်တို့ သိပါတယ်။  မသိတာတွေလည်း ကျွန်တော်တို့ရှိမှာပါ။ ဒါကို အမှန်အတိုင်း ကျွန်တော်တို့ပြောတာဖြစ်ပါတယ်။ စောစောက ခုနကလို ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ။ ဒါတွေက အစိုးရအဖွဲ့ထဲတင်ရှိတာ မဟုတ်ပါဘူး။ ကျန်တဲ့ အလွှာတွေမှာလည်း  ရှိနေတာဖြစ်ပါတယ်။ ဒါတွေက ချက်ချင်းလက်ငင်း။ ဟုတ်လား ကျွန်တော်တို့။  ဥုံဖွ  ပြီးစေဆိုပြီး လုပ်လို့မရပါဘူး။  မန်းမှုတ်ပြီးတော့  လုပ်လိုမရပါဘူး။ အချိန်ယူပြီးတော့ ဒါကျွန်တော်တို့ ပြင်ရမှာဖြစ်ပါတယ်။ အချိန်ယူပြင်ရမယ့်အပိုင်းမှာ  ပထမပိုင်းက ခုနကလို အသိပညာပိုင်းနဲ့ ကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ခုကလည်း  စားဝတ်နေရေးအပိုင်းတွေ အဆင်ပြေအောင် ကျွန်တော်တို့ ဒါလုပ်ပေးရမှာဖြစ်ပါတယ်`

 `အူမ မတောင့်ဘဲနဲ့ သီလမစောင့်နိုင်ဘူးဆိုတာ ရှိပါတယ်။ အဲ့ဒီတော့ စားဝတ်နေရေးတွေ အဆင်ပြေအောင် ကျွန်တော်တို့  လုပ်ပေးရမယ်။ တစ်ခါ စားဝတ်နေရေးတွေအဆင်ပြေအောင် လုပ်ပေးဖို့အတွက်  တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဒါတွေ ကျွန်တော်တို့ လုပ်ရပါမယ်။  တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတွေက ခုနကလို စားနိုင်တယ်။ နေနိုင်တယ်။ ၀တ်နိုင်တယ်။ ဘယ်သူဆီကမှ လက်ဖြန့်ပြီးတော့ တောင်းနေစရာ မလိုဘူးဆိုရင် စောစောက ဒါတွေဟာလည်း တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာဖြစ်ပါတယ်။ ချက်ချင်းတော့ ပပျောက်အောင်လုပ်ဖို့က  ကျွန်တော်တင် မဟုတ်ပါဘူး။  လုပ်နိုင်တဲ့လူဆိုရင်လည်း ခုနကလို လာပြီးတော့ လုပ်စေချင် ပါတယ်။ မရနိုင်သေးပါဘူး။ ဒါပကတိ အမှန်တရားပဲဖြစ်ပါတယ်။  နောက်တစ်ခုက မြေယာတွေ သိမ်းတယ်၊ ပြုတယ်၊ ဘာညာ ဒီကိစ္စကတော့ ကျွန်တော်ပြောရဲပါတယ်။ ကျွန်တော်တို့  အစိုးရလက်ထက်မှာ မြေတစ်ကွက်မှ ကျွန်တော်တို့သိမ်းတာ မရှိပါဘူး။ ဒါအရင်တုန်းက ပြဿနာပါ။ အဲဒီတော့ ဒီပြဿနာတွေဖြေရှင်းဖို့အတွက်ကလည်း ကျွန်တော်တို့မှာ မခတ်ပါဘူး။ ဥပဒေကျွန်တော်တို့ရှိပါတယ်။ ခုနကလို ဥပဒေရှိပါတယ်။ အဲဒီတော့ သိမ်းတဲ့သူရယ်၊ အသိမ်းခံရတဲ့သူရယ်၊ ဥပဒေရယ်၊ တရားရုံးရယ်။ အဲဒီတော့  ဒီလေးယောက်ဖြေရှင်းလိုက်လို့ရှိရင် အဲဒီပြဿနာက ပြေလည်သွားမှာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဂျာနယ်က ဆက်ပြီး မေးမြန်းခွင့်ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။
`အမေရိကန်ခရီးစဉ်က  ရရှိတဲ့  အကျိုးရလဒ်အနေနဲ့  ဘာတွေရခဲ့သလဲဆိုရင် တစ်အချက်  ကျွန်တော်တို့နိုင်ငံရဲ့  ပြုပြင်ပြောင်းလဲတဲ့ လုပ်ငန်းတွေကို ကမ္ဘာကို အသိပေးနိုင်တဲ့အကျိုးရလဒ်ရပါတယ်။  တစ်ကမ္ဘာလုံးကလည်း ၀ိုင်းပြီးတော့  အသိအမှတ်ပြုတဲ့အနေအထားရရှိခဲ့ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပို့ကုန်တွေအပေါ်မှာ  အမေရိကန်နိုင်ငံက  ကင်းလွတ်ခွင့်ပေးတော့မယ်၊ ပို့ကုန်တွေကိုလက်ခံတော့မယ်ဆိုတဲ့ စီးပွားရေးအမြတ်အစွန်းတစ်ခုလည်း ရခဲ့ပါတယ်။ နောက်တစ်ခုက အမေရိကန်ရောက် မြန်မာတိုင်းသားတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခွင့်ရပြီး သူတို့လည်း အင်မတနိဝမ်းသာအားရဖြစ်ပြီးတော့ ကိုယ့်နိုင်ငံအပေါ်မှာ တတ်နိုင်သမျှ အကူအညီတွေစွမ်းအားရှိသလောက် ပေးချင်ပါ ဆိုတဲ့ ကတိက၀တ်တွေရခဲ့ပါတယ်။ နောင်တစ်ခါစီးပွားရေးအခွင့်အလမ်းတွေကို ရှင်းပြနိုင်တဲ့ အတွက်ကြောင့်  စီးပွားရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ မကြာခင်မှာ  ရင်းနှီးမြှုပ်နှံကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်`

ဆက်လျက်ပြီး သမ္မတကြီးက  မိမိတို့ တိုင်းပြည်စီးပွားရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံအဖွဲ့အစည်းများမှ တားဆီးပိတ်ဆို့မှုများစီးပွားရေးအရ ပိတ်ဆို့မှုများ ငွေကြေးနှင့် ပတ်သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်ချက်များလျော့နည်းသွားသည်နှင့်အမျှ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလျင်အမြန်ဝင်ရောက်လာမည်ဖြစ်ကြောင်း  ထိုသို့ ၀င်ရောက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများများရနိုင်သည့်  စက်ရုံအလုပ်ရုံများ အရင်ဆုံးရင်းနှီးလာကြဖို့ ကြိုးစားလုပ်ဆောင်နေပါကြောင်း ထိုသို့ အလုပ်ရုံ၊ စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံလာသည့်နှင့်အမျှ နိုင်ငံတော်၏ ထွက်ကုန်သယံဇာတများကို ကုန်ကြမ်းအတိုင်း ရောင်းချနေရခြင်း မဟုတ်တော့ဘဲ တန်းဖိုးမြင့်ထုန်ကုန်များဖြစ်အောင် ထုတ်လုပ်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ဒါကြောင့် သဘာဝ ထုတ်ကုန်တွေကို တန်းဖိုးမြှင့်တဲ့ ထုတ်ကုန်တွေဖြစ်အောင်လုပ်ရန် စက်ရုံ၊ အလုပ်ရုံတွေ Value Added ဖြစ်အောင် တည်ဆောက်ရန်လိုအပ်ကြောင်း ဥပမာအနေဖြင့် ရော်ဘာကို ကုန်ကြမ်း raw အတိုင်းရောင်းချရသည့်အတွက် ဈေးကောင်းမရကြောင်း ရော်ဘာများကို Down Stream အနေဖြင့် တာယာစက်ရုံကဲ့သို့ တည်ဆောက်ပြီး ကုန်ချောထုတ်လုပ်မည်ဆိုလျှင် ထုတ်ကုန်တွေဟာလဲ တန်ဖိုးမြှင့်တက်သွားမှာ ဖြစ်သည့်အပြင် အလုပ်အကိုင်တွေအဖြစ် တိုးပွားရရှိလာနိုင်သည်။ ရော်ဘာစိုက်ခင်းတွေလဲ တိုးတက်ပေါ်ထွန်းလာမည်ဖြစ်ကြောင်းပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ံသားများအနေနဲ့ အခြားတိုင်းပြည်တွေမှာ သွားရောက်ပြီး ရော်ဘာစိုက်နေမည့်အစား ကိုယ့်တိုင်းပြည်မှာပဲ ပြန်ပြီး အိုးမခွာအိမ်မခွာ အလုပ်လုပ်မှာ ဖြစ်ကြောင်း ကိုယ့်တိုင်းပြည်က ရော်ဘာစက်ရုံ၊ တာယာစက်ရုံတွေ တည်နိုင်ပြီးဆိုလိုရှိရင် ပြည်ပမှ တင်သွင်းရတာထက်စာရင် အများကြီးသက်သာမှာဖြစ်ကြောင်း ထိုပြင် ပြည်တွင်းမှာသုံးလို့ ပိုတယ်ဆိုရင် ပြည်ပသို့ပင် ထုတ်ရောင်းလို့ရနိုင်မည်ဖြစ်ကြောင်း မိမိထုတ်ကုန်ပစ္စည်းအပေါ် Value Added လုပ်နိုင်မယ့် အသေးစားစက်ရုံတွေ အများကြီးလိုအပ်ကြောင်း သစ်ဆိုလိုရှိရင်လည်း  ရော်ဘာကဲသို့ပင်ဖြစ်ကြောင်း ကျွန်းသစ်ဟာ ကမ္ဘာမှာ တန်ဖိုးအရှိဆုံးသစ်ဖြစ်ကြောင်း ကျွန်းသစ်လောက်မကောင်းသည့် ထင်းရှုးသားလို့သစ်မျိုးတောင်မှ  Value Added လုပ်လိုက်လျှင် တန်ဖိုးမြှင့်လာကြောင်း နောက်တစ်ခုက မ အကြီးစားစက်မှုစက်ရုံတွေ Heavy Industry ထူထောင်ဖို့ IT နှင့် Telecommunictation ပညာရပ်တွေ အသုံးချနိုင်မှုဟာ ကျေးလက်တွေအဆင့်ထိ ပျံနှံလွှမ်းခြုံသွားနိုင်အောင် လုပ်ဆောင်သွားဖို့လိုအပ်ကြောင်း ပညာရေးသည် အဆိုပါလုပ်ငန်းများကို ဦးတည်ပြီး သင်ကြားပေးသည့် ပညာရေးဖြစ်ရန်လိုကြောင်း ဘွဲ့ရပြီးသည့်နှင့် အလုပ်ရုံစက်ရုံထဲကို တန်ပြီး ၀င်သွားပြီး  လုပ်ငန်းတွေလုပ်ကိုင်နိုင်တဲ့ ပညာရေးမျိုးဖြစ်ရန်လိုကြောင်း လက်တွေ့ကျသည့် ပညာရေးမျိုးဖြစ်အောင် မိမိတို့စီမံကိန်းများ ချမှတ်ပြီး လုပ်ဆောင်နေကြောင်း ပြောဆိုပါတယ်။

သမ္မတကြီးက မေးခွန်းတိုင်းကို အဖြေစကားအရှည်ကြီး ရှုင်းပြပြောဆိုတတ်တဲ့ အတွက် ကျမတို့လို နောက်ဆုံးမှ မေးမြန်းခွင့်ရမဲ့ အွန်လိုင်းမီဒီယာတွေအနေနဲ့ အချိန်မှ ရပါ့မလား၊ ကျမတို့ အလှည့်မရောက်ခင် ၄ နာရီ ထိုးသွားမလား ဆိုပြီးတော့လည်း အချိန်ကို ချိန်ဆမိပါတယ်။

ဆက်လျက်ပြီးတော့ အေအဖက်ပီ သတင်းဋ္ဌာနက ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

          ``ကျွန်တော်တို့အစိုးရတက်လာပြီးတဲ့နောက်ပိုင်းတွင် အောင်မြင်မှုတွေလည်းရှိပါတယ်။ နောက်တစ်ခါ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဒါတွေလည်းရှိပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခက်အခဲစိန်ခေါ်မှုကတော့ ဒီရခိုင်ပြည်နယ်အရေးကိစ္စပဲဖြစ်ပါတယ်။ ကမ္ဘာက တချို့လည်း  ကျွန်တော်တို့အပေါ်မှာ  နားလည်မှုတွေ၊ စာနာမှုတွေရှိပါတယ်။ တချို့လည်း ဖြစ်ရပ်မှန်တွေကို  အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အောင်လုပ်တာတွေ ဒါမျိုးတွေလည်း ဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရပါတယ်။ အဲဒီတော့ လူ့အဖွဲ့အစည်း နှစ်ခုပေါ့။ လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့အတွက်ကြောင့် ခုနကလို ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာကို ဒီအချက်က ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

အဲ့ဒီတော့ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့အတွက် လုပ်ရမယ့်လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အခြေခံကျတဲ့လုပ်ငန်းတွေက ခုနကလို ပညာရေးပါပဲ။ အဲ့ဒီဒေသမှာရှိတဲ့လူတွေက အသိပညာတွေ ကြွယ်ဝဖို့လိုပါတယ်။ နောက်တစ်ခါ အမြင်တွေကျယ်ဖို့လိုပါတယ်။ ကိုယ့်လူမျိုးကို ကိုယ့်ချစ်ပါတယ်။ ကိုယ့်လူမျိုးကြီးပဲ ကိုယ့်ချစ်လို့မရပါဘူး။ ကမ္ဘာ့မှာ ဒီကနေ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုလည်း အလေးထားပြီးတော့ လုပ်ရပြုရတာ ဖြစ်ပါတယ်။ တစ်အချက်ကတော့ စိတ်ထားတွေပြောင်းအောင်လုပ်ရမှာဖြစ်ပါတယ်။ လက်ခံနိုင်တဲ့စိတ်ထားတွေ ဒီလိုဖြစ်လာအောင်ကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ လက်ခံနိုင်တဲ့စိတ်ထားတွေဆိုတာလည်း ခုနကလိုပညာရေး ဒီအပေါ်မှာအခြေခံတာဖြစ်တဲ့အတွက်ကြောင့် ပညာရေးကနေစပြီးတော့ အခြေခံပြီးတော့ ဒီလိုတွေ ဒါလုပ်ပေးစရာတွေရှိပါတယ်။ တစ်ဖက်က ဘင်္ဂလီတွေဆိုလို့ရှိရင်လည်း သားသမီးတွေမွေးဖွားတာက အင်မတန်မှ များပါတယ်။  များတဲ့အတွက်ကြောင့်လည်း ဒီက ခုနကလို ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး တော့လည်း ဥပဒေကတော့ ဘယ်လောက်မွေးရမယ် ဘယ်လောက်မမွေးရဘူးဆိုတာတော့ မရှိဘူး။ ကျွန်တော်တို့ ဆီမှာလည်းမရှိပါဘူး။ သို့သော်လည်းပဲ ခုနကလို ဒီဒေသမှာရှိနေတဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ကျွန်တော်တို့ ဘယ်လောက်ပဲ မွေးရမယ်။ ဒါလေးတွေလည်း ညှိနှိုင်းပြီးတော့မှ လူဦးရေတိုးပွားနှုန်းတွေလည်း အဲဒီဘက်တွေမှ သိပ်ပြီးတော့ အလွန်အကျွံမဖြစ်အောင် ကျွန်တော်တို့လုပ်သွားဖို့လိုပါတယ်။ နောက်တစ်ခုက ပညာရေးအပြင် အလုပ်အကိုင်ရရှိရေးဟာလည်း သူတို့အတွက်အရေးကြီးပါတယ်။ အလုပ်အကိုင်ရရှိရေးဟာလည်း အရေးကြီးပါတယ်။ နောက်တစ်ခါ သူရယ်၊ ငါရယ်၊ သူ့လူမျိုးရယ်၊ ငါ့လူမျိုးရယ်၊ လူအဖြူရယ်၊ အမည်းရယ် ဒါ…….ဒီလိုအစွဲအလန်းတွေကို သိပ်ပြီးတော့ ဦးစားမပေးပဲနဲ့ ခုနကလို လူသားဆို့တဲ့ စိတ်ဓာတ်နဲ့ နောက်တစ်ခါလူ့အခွင့်အရေးကို ဒီကနေ့ ခုနကလို ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။ လူတွေလည်း ခုနကလိုကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒီလိုတို့နေတက် ထိုင်တက်ရမယ်ဆိုတဲ့ ဒီအတွေးအခေါ်တွေ အလေ့အကျင့်တွေရအောင် ဒါတွေကျွန်တော်တို့လုပ်ပေးသွားမှာပဲ ဒီလူ့အဖွဲ့အစည်းနှစ်ရပ်က ကျွန်တော်တို့ ဒါအတူအကွနဲ့ နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ မနေလိုလည်း မရပါဘူး။ အဲဒီတော့ နေနိုင်တဲ့နည်းလမ်းတွေ တော့ ကျွန်တော်တို့လည်း  ဒါအများကြီးရှာကြံနေပါတယ်။ အခုဆိုလိုရှိရင် ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံး ၂၇ ယောက်ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကျွန်တော်တို့လွှတ်လိုက်ပြီးတော့ သွားပြီးတော့စုံစမ်းစစ်ဆေးနေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေပုံရပါတယ်။ ဒီကနေ့အထိ ကျွန်တော်တို့ကို သူတို့ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့ ဘာမှ မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့ အကြံပေးချက်တွေအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ရှိပါတယ်``

ပြည်သူ့ခေတ်နှင့် မြန်မာတိုင်းမ်တို့ရဲ့  ရခိုင်ပြည်နယ်အရေးကိစ္စမေးမြန်းချက်များလည်း ဖြေဆိုခဲ့ပါတယ်။  ရခိုင်အရေးကိစ္စဟာ  တိုင်းပြည်ရဲ့ အရေးကြီးတဲ့ရ အရေးကိစ္စဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အရေးကိစ္စသည် မမျှော်လင့်ပဲကဖြစ်လာသည့် အခက်အခဲစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်းပြောဆိုပါတယ်။

`အခုဆိုရင် ကြားအဖွဲ့အစည်းအနေဖြင့် အင်အား ၂၇ ယောက်ပါသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ပြီး  စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပါတယ် ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေပုံရပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ဆီကို အကြံပေးတာတွေ ဘာမှမလုပ်နိုင်သေးပါဘူး။ သူတို့ရဲ့ အကြံပေးချက်အပေါ်မှုတည်ပြီး အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိပါတယ်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောပါသည်။  ရခိုင်အရေးကိစ္စသည် အစိုးရအဖွဲ့အသစ်ကို တာဝန်ယူပြီးနောက် မမျှော်လင့်ပဲ ကြံတွေ့ရသည့်အခက်အခဲတစ်ခုဖြစ်ကြောင်း နိုင်ငံသမ္မတကပြောပါသည်။ ရခိုင်အရေးကိစ္စက တော့တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရတက်လာပြီးတဲ့နောက်ပိုင်းတွင် အောင်မြင်မှုတွေလည်းရှိပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ မမျှော်လင့်ဘဲဖြစ်လာတဲ့ ရခိုင်အရေးကိစ္စပဲဖြစ်ပါတယ်။ ကမ္ဘာက တချို့လည်း  ကျွန်တော်တို့အပေါ်မှာ  နားလည်မှုတွေ၊ စာနာမှုတွေရှိပါတယ်။ တချို့လည်း ဖြစ်ရပ်မှန်တွေကို  အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အောင်လုပ်တာတွေ ဒါမျိုးတွေလည်း ကျွန်တော်တို့ကြုံတွေ့နေရပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာတဲ့ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့ လုပ်ရမယ့်လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အခြေခံကျတာကတော့ လုပ်ငန်းတွေက ပညာရေးပါပဲ။ အဲ့ဒီဒေသမှာရှိတဲ့ လူတွေက အသိပညာတွေ ကြွယ်ဝဖို့လိုပါတယ်။ အမြင်တွေကျယ်ဖို့လိုပါတယ်ဟု နိုင်ငံတော်သမ္မတကပြောပါတယ်`

ဒီကိစ္စနှင့် ပတ်သက်ပြီး  နားလည်းစာနာမှုများရှိသလို ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အောင်လုပ်တာတွေကို ကြုံတွေ့နေရပါကြောင်း လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့ အတွက်ကြောင့်  ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာက အရေးကြီးဆုံးအချက်ဖြစ်ကြောင်း အတူယှဉ်တွဲနေထိုင်ဖို့ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအများကြီးရှိကြောင်း အခြေခံပာညာရေးလုပ်ဆောင်ပေးဖို့နှင့် ဒေသခံတွေ အသိပညာတွေ ကြွယ်ဝပြီး အမြင်တွေလည်း ကျယ်ဖို့လိုကြောင်း ကိုယ့်လူမျိုးကိုချစ်တယ်ဆိုသော်လည်း ကမ္ဘာ့မှာ ဒီကနေ့ Human Right ကိုအလေးထားပြီးပြုလုပ်ရမှာဖြစ်ကြောင်း စိတ်ထားတွေပြောင်းအောင် ပြုလုပ်ရမှာဖြစ်ကြောင်း၊ လက်ခံနိုင်တဲ့စိတ်ထားများ ဖြစ်လာအောင်ပြုလုပ်ရမှာဖြစ်ကြောင်း  လက်ခံနိုင်တဲ့စိတ်ထားတွေဆိုတာလည်း ပညာရေးအပေါ်မှာ အခြေခံတာဖြစ်သည့်အတွက် ပညာရေးကနေစပြီး လုပ်ဆောင်ပေးစရာတွေရှိသေးကြောင်း၊ ပညာရေးအပြင် အလုပ်အကိုင်ရရှိရေးဟာလည်း ဒေသခံများ အတွက်အရေးကြီးပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရန်လိုကြောင်း၊ အားလုံးဟာ လူသားဆိုသည့် စိတ်ဓာတ်ကိုအခြေခံပြီး ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တက်ရမည်ဆိုသည့် အတွေးအခေါ်အလေ့အကျင့်တွေ ရရှိအောင် လုပ်ပေးသွားမှာဖြစ်ကြောင်း၊ ဒီဒေသ၏ လူ့အဖွဲ့အစည်းနှစ်ရပ်အတူတကွ နေထိုင်နိုင်သည့်နည်းလမ်းများကို့ ကြိုးစားရှာကြံနေကြောင်း နည်းလမ်းတွေ အကြံပေးနိုင်ဖို့ ကြားအဖွဲ့အစည်းအနေဖြင့် အင်အား ၂၇ ယောက်ပါသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ပြီး  စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း ထိုအဖွဲ့၏ အကြံပေးချက်အပေါ်မှုတည်ပြီး မိမိတို့အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတက ဖြေဆိုပါတယ်။

ဆက်လျက်ပြီး  အင်ဒီပန့်ဒန်ဂျာနယ်ရဲ့ရ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီးမေးမြန်းတာကိုလည်း ဖြေကြားခဲ့ပါတယ်။

ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင် ဒီကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ခုနကလို စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့ အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို လှည့်ပြီးတော့ မကြည့်တဲ့အချိန် ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို အကူအညီမပေးတဲ့အချိန်မှာ  ကျွန်တော်တို့ကို  စာနာပြီးတော့ ခုနကလို ကျွန်တော်တို့နိုင်ငံမှာ ချေးငွေတွေ ကျွန်တော်တို့ပေးတာတွေ၊ ဂရန့်တွေ ကျွန်တော်တို့ ထုတ်ပေးတာတွေ၊ ဒါတွေ တရုတ်နိုင်ငံပဲ ဆောင်ရွက်ပေးနေတာဆိုတာ အားလုံးဒါသိရှိပြီး ဖြစ်ပါတယ်။ နိုင်ငံတကာနယ်ပယ်မှာ တရုတ်နိုင်ငံဟာ  မြန်မာနိုင်ငံဘက်ကနေ အမြဲတမ်းရပ်တည်ပြီး ထောက်ခံပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သိပ်ပြီးတော့ အခက်အခဲ အကျပ်အတည်းကြုံတွေ့လာတဲ့ အခါမှာ သူ့ရဲ့ဗီတိုအာဏာကိုပါ သုံးပြီးတော့မှ မြန်မာနိုင်ငံဘက်ကနေ ထောက်ခံပေးနေ တာပါ။ အဲဒီတော့  ကျွန်တော်တို့မြန်မာလူမျိုးဆိုတာ ကျေးဇူးတရားသိတတ်တဲ့ လူမျိုးဖြစ်ပါတယ်။  ကိုယ့်နိုင်ငံကို ဘယ်သူမှဆေးဖော်ကြောဖော်မလုပ်တဲ့ အချိန်မှာ  ဘယ်နိုင်ငံမှ  အကူအညီမပေးတဲ့အချိန်၊ ဘယ်နိုင်ငံမှ လှည့်မကြည်တဲ့အချိန် ကိုယ့်ကို ကူညီစောင့်ရှောက်တာဟာ  တရုတ်မှတင်မဟုတ်ပါဘူး။  ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးတရားတွေကို ကျွန်တော်တို့မမေ့ကောင်းပါဘူး။ နောက်တစ်ခုကလည်း  ခုနကလို ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့  ရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ဥပဒေတွေရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ကျွန်တော်တို့ခုနကလို မူဝါဒအနေနဲ့ ချမှတ်ထားတာကတော့  ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် တစ်အချက်က တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။ နောက်တစ်ခုက ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို  ကျွန်တော်တို့ မထိခိုက်စေရပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ ခုနကလို တရုတ်ချည်းပဲလွှမ်းမိုးသွားတယ်၊ အမေရိကန်ချည်းပဲ လာပြီးလွှမ်းမိုးသွားတယ်။ ကျန်တဲ့ နိုင်ငံတွေချည်းပဲလာပြီး လွှမ်းမိုးသွားတယ်ဆိုတာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ကိစ္စပါ။ ဒါမျိုး ကျွန်တော်တို့အဖြစ်မခံပါဘူး။  မူဝါဒမှာလည်း  ဒီအတိုင်း ကျွန်တော်တို့ ချမှတ်ထားပါတယ်။ နောက်အချက်ကတော့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ အထိပါးမခံပါဘူး။  အချုပ်အခြာအာဏာနဲ့ ဘာဆိုင်သလဲ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုတာ။  ဆိုင်ပါတယ်။  အဲဒီတော့ ဒီပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးသမားဟာ စီးပွားရေးသမားနဲ့ ပေါင်းထားရပါတယ်။ ဘာကြောင့်လဲဆိုသူမဲဆွယ်တဲ့အခါမှာ ငွေလိုမယ်။ ငွေလိုတဲ့အခါမှာ စီးပွားရေးသမားဆီကနေ အကူအညီတွေရမယ်။ အလှူငွေတွေရမယ်။ စသည်ဖြင့် ဒါတွေသူ ရယူရပါတယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ဘူး။ အမေရိကန်လည်း ဒီအတိုင်းပါပဲ။  ကျန်တဲ့နိုင်ငံတွေလည်း  ဒီအတိုင်းပါပဲ။ ကျန်တဲ့နိုင်ငံတွေလည်း  ဒီအတိုင်းပါပဲ။ ဒီလိုရယူပြီးတော့  မဲဆွယ်တယ်။ ရွေးကောက်ပွဲဝင်တယ်။ ၀င်တဲ့အခါမှာ  ဒီပါတီအနိုင်ရတယ်။ ဒီပါတီအနိုင်ရတဲ့ အတွက်ကြောင့်  ခုနကလို အစိုးရဖွဲ့တယ်။ အစိုးရဖွဲ့တဲ့အခါမှာ  ပြန်ပြီးတော့ ခုနကလိုစောစောက သူရယူထားတဲ့ စီးပွားရေးသမားကို သူက အခွင့်အလမ်းတွေပေးရပါတယ်။ အဲ့ဒီတော့ ဒီလိုအခင့်အလမ်း ပေးရင်းပေးရင်းနဲ့  ဒီစီးပွားရေးသမားဟာ  နိုင်ငံရေးသမားရဲ့  အပေါ်မှာ လွှမ်းမိုးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလာပြီးတော့  ထိပါးနိုင်တာ မျိုးတွေ။ ဒါမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုနကလိုလာရောက်ပြီး တော့ ထိပါးနိုင်တာမျိုး ဒါတွေမဖြစ်စေရဘူး။ နောက်တစ်ခုကတော့ကျွန်တော်တို့ ဒီသဘာဝအရင်းအမြစ်တွေနဲ့ သဘာဝ သယံဇာတ တွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ဒါတွေဟာ သားစဉ်မြေးဆက်ပါထုတ်ယူသုံးစွဲဖို့အတွက် စဉ်းစားပြီးတော့  ကျွန်တော်တို့လုပ်သွားရမယ့်ဟာတွေဖြစ်ပါတယ်။ ရတိုင်းထုတ်ပြီးတော့  သုံးဖို့ကတော့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ခုနကလို လာရောက်ပြီးတော့  ရင်းနှီးမြှုပ်နှံမယ်ဆိုရင်  သူရင်းနှီးမြှုပ်နှံချင်တိုင်းရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ပါးစပ်နဲ့ ပြောပြီးတော့ ငါတို့ဒီအလုပ်လာလုပ်မယ်ဆိုလို့ မရပါဘူး။
          သေချာလေး ခုကလို သူပရိုဇယ်တင်ရတယ်။ ကောင်း၏ မကောင်၏ သူ့ဘက်ကိုယ့်ဘက် အကျိုးရှိမရှိ၊ နစ်နာဆုံးရှုံးမှုတွေ ဘာတွေပါလဲမပါသလဲ။ ဒါတွေ ကျွန်တော်တို့ကြည့်ပါတယ်။  ဥပဒေရှုထောင့်ကနေပြီးတော့  ကြည့်ရပါတယ်။  ဥပဒေအကြံပေးတွေနဲ့ ကြည့်ရပါတယ်။ ပြီးတော့မှ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်ဆိုတဲ့ ကိစ္စမျိုးကျမှပဲ ကျွန်တော်တို့ လုပ်တာဖြစ်ပါတယ်။


မတ်ဆင်ဂျာ ဂျာနယ်ရဲ့ တန်ဖိုးနည်းဖုန်းကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းချက်ကိုလည်း ဖြေကြားပါတယ်။

          ကျွန်တော့်တို့ရဲ့ ဆန္ဒပြောရမယ်ဆိုရင်တော့ တန်းဖိုးနည်းတင်မဟုတ်ဘူး။ အလကားကို ကျွန်တော့်တို့က ပေးချင်တယ်။ သုံးစေချင်ပါတယ်။ သို့သော်လည်း  ဒီအလကားပေးနိုင်တဲ့အဆင့်က ကျွန်တော်တို့က မရောက်သေးဘူး။ တစ်ဖြည်းဖြည်းတော့လည်း ခုနကလို သက်သာတဲ့နှုန်းထားတွေ ဖြစ်ကုန်မှာပါ။ ဖြစ်လာမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာတောင်မှ လယ်သမားတစ်ယောက်ဟာ ခါးမှ ဖုန်းချိတ်ပြီးတော့ ပြောနေနိုင်တဲ့အဆင့်မျိုးရောက်နေပါပြီ ကျွန်တော်တို့ရဲ့ တယ်လီဖုန်းသုံးစွဲမှုဟာ ကျွန်တော်ထင်တယ်။ ၇ ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်တို့ရှိတယ်။ တော်တော်လေးကို နည်းပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ဒါဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက်ကြောင့် ဒါလည်းကြိုးစားပြီးတော့ ကျွန်တော်တို့ မြှင့်တင်နေပါတယ်။ တယ်လီဖုန်းအိမ်တစ်လုံးကို ဆိုင်ကနေသွားဝယ် ကဒ်ကိုဝယ်ထည့်ပြီးတော့ ဒီအတိုင်းသုံးလိုမရပါဘူး။ Station တွေ Gateway တွေ ကျွန်တော်တို့ဆောက်ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့တယ်လီဖုန်းကို ကျယ်တွင်တာနဲ့အမျှ ခုနကလို ပိုပြီးတော့ လုပ်ရကိုင်ရတာတွေရှိပါတယ်။ ဒါတွေပြီး သွားလို့ရှိရင်တော့ နောက်ထပ် ထပ်ပြီးတော့ ဆောက်စရာမလိုတော့ဘူးဆိုလိုရှိရင်တော့ တယ်လီဖုန်းက ဘာဖြစ်ဖြစ် အလိုလိုသူကဈေးကျသွားမှာပါ။ အစိုးရအနေနဲ့ကတော့ တယ်လီဖုန်းများများပြောလေ ကျွန်တော်တို့က ကြိုက်လေပဲ တစ်လုံးတင်မကဘူး။ ခါးမှာ ခြောက်လုံးလောက်ချိတ်ပြီးတော့ နေ့တိုင်းတယ်လီဖုန်းကိုပဲ ပြောနေ ဘာလိုလဲဆိုတော့ ပြောသမျှ ပိုက်ဆံရနေတာကို အစိုးရသဘောထားရ ဒီလိုရှိပါတယ်။ အဲဒီတော့ တဖြည်းဖြည်းနဲ့ သက်သာအောင် ကြိုစားပြီးတော့ ကျွန်တော်တို့လုပ်နေပါတယ်။

သတင်း မီဒီယာများတွေနဲ့  တွေ့ဆုံပွဲတွင်  မေးခွန်းတိုင်းကို သမ္မတက စိတ်ရှည်လက်ရှည်နဲ့ ခပ်ရိုးရိုးပဲ ဖြေပေးခဲ့ပါတယ်။ သမ္မတကြီးရဲ့ အဖြေနဲ့ မေးမြန်းချက်တွေက  ၂နာရီကျော်အောင် ကြာခဲ့ပြီး သတင်းဂျာနယ်နဲ့ နိုင်ငံခြားသတင်းဋ္ဌာန စုစုပေါင်း ၂၀ ကျော် မေးမြန်းခွင့်ရခဲ့ပါတယ်။

သတ်မှတ်ချိန် နေ့လည် ၂နာရီကနေ ၄ နာရီအထိ သတ်မှတ်ထားပေမဲ့ တကယ်တမ်းမှာတော့  ၄နာရီခွဲ ကျော်ခန့်ထိ ကြာမြင့်သွားခဲ့ပါတယ်။ ကျမ အပါအ၀င် မေးမြန်းခွင့်မရလိုက်တဲ့ မီဒီယာတွေလည်း ကျန်ပါသေးတယ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမ သိချင်တဲ့ မေးခွန်းအချို့က အခြားသတင်းဂျာနယ်တွေရဲ့ အဖြေတွေမှာ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။


နောက်ဆုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဋ္ဌေးကိုတော့ ကျမ မေးမြန်းခွင့်မရခဲ့တဲ့အတွက် ကျမဆီမှာ ရောက်ရှိနေသော  မေးခွန်းတွေကိုတော့ပို့ပေးခွင့်ပြုပါလို့ ထပ်မံ တောင်းဆိုလိုက်ပါသေးတယ်။



Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်