Subscribe to our RSS Feed

ကေအိုင်အေ၊ တပ်မဟာ(၄)အဖွဲ့များ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား

From : မြ၀တီ


 ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသတွင် ကေအိုင်အေ၊ တပ်မဟာ(၄)လက်အောက်ခံ ရင်း(၃၆)မှ အဖွဲ့များသည် ဓါးပြတိုက်၊ ဆက်ကြေးကောက်ရာမှ ရရှိသည့်ငွေများအား ဝေစုခွဲရာ တွင် အဝေမတည့်သဖြင့် အချင်းချင်း ပစ်ခတ်ရာမှ တပ်ခွဲမှူး လကျွေးဆိုသူ သေဆုံးသွားကြောင်း မုံးကိုးအနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများမှ သတင်းရရှိသည်။ တပ်မဟာ(၄)မှ အဖွဲ့များသည် ငွေကြေးကိစ္စများနှင့်ပတ်ကသ်၍ အုပ်စုငယ်များ ကွဲပြားနေပြီး အလင်းဝင်သူ၊ ထွက်ပြေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည်ဟု ဒေသခံရွာသားများမှတဆင့် သတင်းရရှိသည်။ 


Myanmar Express 

5 comments:

စည်းစနစ်မရှိ တရားမျှတမှု့မရှိတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ဖြစ်ရိုးဖြစ်စဉ်တွေပါ။သစ္စာတရားလည်းမရှိဘူး အထက် အောက်ရိုသေလေးစားမှု့လည်းမရှိဘူး။အဲဒါသူတို့အဖွဲ့အစည်းတွေရဲပြယုဂ်ပဲ။

တော်တော်ကို သရုပ်ပျက်တာဘဲ

ဘိန်းစား လကျွေး လကျွေး ဘိန်းစား အင်း... သေတာ မဆန်း ပါဘူး

ကိုယ်ပြုတဲ့ကံ ကိုယ်သာခံပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်