From : မြစ်မခ
မင်းပြားမြို့နယ်တွင် မီးလောင်ပျက်စီးခဲ့မှုများကြောင့် ရခိုင်နှင့် ဘင်္ဂလီဒုက္ခသည် ၄၂၇၀ ဦး ရှိပြီး၎င်းတို့အား မူလနေရာများ၌ ယာယီရွက်ဖျင်တဲဖြင့် နေရာချထားပေးကြောင်း မင်းပြားမြို့မြို့နယ် ရဲတပ်ဖွဲ့မှူးက ဆိုသည်။

အောက်တိုဘာ(၂၂)ရက်နေ့က
ဖြစ်ပွားခဲ့သော ရခိုင်နှင့် ဘင်္ဂလီ ပဋိပက္ခကြောင့် မင်းပြားမြို့နယ်တွင်
ကျေးရွာ (၆) ရွာ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။
မင်းပြားမြို့နယ်၌ အောက်တိုဘာ (၂၁)ရက်နေ့ ပိုက်သည်ကျေးရွာမှ စတင်ခဲ့သော ရခိုင်နှင့် ဘင်္ဂလီပဋိပက္ခ ကြောင့် ဆန်ထိုးတန်းကျေးရွာ၊ ပိုက်သည်ကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ စမ္ဘလေ ၊သာဒါကျေးရွာတို့မီးလောင် ပျက်စီးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မင်းပြားမြို့နယ်၌ထပ်မံ ပဋိပက္ခများမဖြစ်ရအောင် ၂၉ နေရာထိ လုံခြုံရေး အပြည့်အဝချ ထားကြောင်း ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။
မင်းပြားမြို့နယ်တွင်
ကျေးရွာပေါင်း (၂၆၄)ရွာရှိပြီး ဘင်္ဂလီကျေးရွာ (၁၅) ရွာရှိရာ
ယခုပဋိပက္ခဖြစ်ပွားခဲ့သော နေရာများသည် ရခိုင်နှင့် ဘင်္ဂလီတို့
နေထိုင်သည့်ကျေးရွာများဖြစ်သည်။
ထိုအပြင် မင်းပြားမြောက်ဦး လမ်းကြောင်းကိုလည်း ပိတ်ထားရဆဲဖြစ်သည်။

Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်